တစ်ကြိမ်မှ ဂိုးမသွင်းဖူးတဲ့ ယူနိုက်တက်ကို ဒီနေ့ညမှာ ဂိုးသွင်းပြမယ်လို့ ကြွေးကြော်တဲ့ စတာလင်

မန်စီးတီးတိုက်စစ်သမား စတာလင်က ဒီကနေ့ည ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာ ဒါဘီပွဲမှာ ယူနိုက်တက်ဘက်ကို ဂိုးသွင်းမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမားဟာ ပထမရာသီဝက်မှာ အထူး ခြေစွမ်းတောက်ပခဲ့ပေမယ့် ဒီနောက်ပိုင်းမှာ ဂိုးပေါက်ပျောက်မှု ရှည်ကြာလာတာပါ။ သူဟာ နောက်ဆုံးကစားတဲ့ ၁၁ ပွဲမှာ သွင်းဂိုး တစ်ဂိုးမှ မရထားသူဖြစ်တယ်။ စတာလင်ဟာ ကစားသမားဘဝမှာလည်း ယူနိုက်တက်ဘက်ကို ဂိုးသွင်းထားနိုင်ခြင်း မရှိတာဖြစ်ပါတယ်။

စတာလင်ကပဲ “ ဂိုးပေါက်ပျောက်တာက တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ ဒီဇင်ဘာမတိုင်ခင်တုန်းက ဂိုး ၂၀ သွင်းယူခဲ့ပြီးနောက်ပိုင်း ဂိုးမသွင်းနိုင်ဘူးဖြစ်နေတယ်။ ဒါအတွက်တော့ စိတ်မပူပါဘူး။ မနှစ်က စံချိန်ကို လိုက်မှီဖို့ အတွက်ကလည်း ၅ ဂိုးပဲ လိုတော့တာပါ။ ဒီစံချိန်ကို လိုက်မှီဖို့နဲ့ ဒါဘီပွဲမှာ ဂိုးသွင်းနိုင်ဖို့ ယုံကြည်ချက် ရှိနေပါတယ်။

ယူနိုက်တက်ကို ဂိုးမသွင်းနိုင်တာ၊ နောက်ပြီး ကျနော် ဂိုးပေါက်ပျောက်နေတာ ဒါတွေကို ထည့်ပြီး စဉ်းစားနေမှာ မဟုတ်ပါဘူး။ ကျနော်က အသက်အားဖြင့် ငယ်ပါသေးတယ် ဒီတော့ မှတ်တမ်းဆိုးတွေ လုပ်ဖို့က စောပါသေးတယ်။ ဒါဘီပွဲမှာ ဒီအကြောင်းတွေကို စဉ်းစားနေမှာ မဟုတ်ပဲ ကိုယ်လုပ်ရမှာကိုပဲ အကောင်းဆုံး လုပ်သွားမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မနေ့ညက ပွဲတွေမှာတော့ စပါးနဲ့ ဝုဗ်အသင်းတွေ နိုင်ပွဲမရခဲ့တာကြောင့် ဒါဘီပွဲကို အနိုင်မယ်ဆိုရင် ယူနိုက်တက်ဟာ အဆင့် ၅ နေရာကို တက်လှမ်းနိုင်မှာပါ။ ဒါ့အပြင် ချယ်ဆီးကလည်း အဲဗာတန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ ရလဒ်တစ်ခု ယူနိုင်ခြင်းဟာ ယူနိုက်တက်အတွက် အကျိုးများစေမှာဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးတိုက္စစ္သမား စတာလင္က ဒီကေန႔ည ယွဥ္ျပိဳင္ကစားရမယ့္ မန္ခ်က္စတာ ဒါဘီပြဲမွာ ယူႏုိက္တက္ဘက္ကို ဂိုးသြင္းမယ္လို႔ ေၾကြးေၾကာ္လုိက္ပါတယ္။

အဂၤလန္သား တိုက္စစ္သမားဟာ ပထမရာသီဝက္မွာ အထူး ေျခစြမ္းေတာက္ပခဲ့ေပမယ့္ ဒီေနာက္ပိုင္းမွာ ဂိုးေပါက္ေပ်ာက္မႈ ရွည္ၾကာလာတာပါ။ သူဟာ ေနာက္ဆံုးကစားတဲ့ ၁၁ ပြဲမွာ သြင္းဂိုး တစ္ဂိုးမွ မရထားသူျဖစ္တယ္။ စတာလင္ဟာ ကစားသမားဘဝမွာလည္း ယူႏုိက္တက္ဘက္ကို ဂိုးသြင္းထားႏုိင္ျခင္း မရွိတာျဖစ္ပါတယ္။

စတာလင္ကပဲ “ ဂိုးေပါက္ေပ်ာက္တာက တစ္ခါတစ္ေလ ျဖစ္တတ္ပါတယ္။ ဒီဇင္ဘာမတိုင္ခင္တုန္းက ဂိုး ၂၀ သြင္းယူခဲ့ျပီးေနာက္ပိုင္း ဂိုးမသြင္းႏုိင္ဘူးျဖစ္ေနတယ္။ ဒါအတြက္ေတာ့ စိတ္မပူပါဘူး။ မႏွစ္က စံခ်ိန္ကို လိုက္မွီဖို႔ အတြက္ကလည္း ၅ ဂိုးပဲ လိုေတာ့တာပါ။ ဒီစံခ်ိန္ကို လုိက္မွီဖို႔နဲ႔ ဒါဘီပြဲမွာ ဂိုးသြင္းႏုိင္ဖို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။

ယူႏုိက္တက္ကို ဂိုးမသြင္းႏုိင္တာ၊ ေနာက္ျပီး က်ေနာ္ ဂိုးေပါက္ေပ်ာက္ေနတာ ဒါေတြကို ထည့္ျပီး စဥ္းစားေနမွာ မဟုတ္ပါဘူး။ က်ေနာ္က အသက္အားျဖင့္ ငယ္ပါေသးတယ္ ဒီေတာ့ မွတ္တမ္းဆိုးေတြ လုပ္ဖို႔က ေစာပါေသးတယ္။ ဒါဘီပြဲမွာ ဒီအေၾကာင္းေတြကို စဥ္းစားေနမွာ မဟုတ္ပဲ ကိုယ္လုပ္ရမွာကိုပဲ အေကာင္းဆံုး လုပ္သြားမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မေန႔ညက ပြဲေတြမွာေတာ့ စပါးနဲ႔ ဝုဗ္အသင္းေတြ ႏုိင္ပြဲမရခဲ့တာေၾကာင့္ ဒါဘီပြဲကို အႏုိင္မယ္ဆိုရင္ ယူႏုိက္တက္ဟာ အဆင့္ ၅ ေနရာကို တက္လွမ္းႏုိင္မွာပါ။ ဒါ့အျပင္ ခ်ယ္ဆီးကလည္း အဲဗာတန္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ ရလဒ္တစ္ခု ယူႏုိင္ျခင္းဟာ ယူႏုိက္တက္အတြက္ အက်ိဳးမ်ားေစမွာျဖစ္ပါတယ္။