တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား မှားယွင်း မိတ်ဆက်မိလို့ ပြဿနာတက်နေတဲ့ အိုလံပစ်

ပြင်သစ်နိုင်ငံ ပါရီမြို့မှာကျင်းပတဲ့ အိုလံပစ်ဖွင့်ပွဲအခမ်းအနားမှာ တောင်ကိုရီးယားအားကစားအဖွဲ့ကို မြောက်ကိုရီးယားနဲ့ မှားယွင်းမိတ်ဆက်ပေးမိတာကြောင့် အလေးအနက်တောင်းပန်ကြောင်း အိုလံပစ်ပွဲ စီစဉ်တွေက ထုတ်ပြန်ပါတယ်။
သက်ဆိုင်ရာ အားကစားအဖွဲ့တွေဟာ စိန်းမြစ်ထဲမှာသင်္ဘောပေါ်ကနေ အလံတွေဝှေ့ယမ်းနေချိန်မှာ ပြင်သစ်၊ အင်္ဂလိပ်ဘာသာနဲ့ အစီအစဉ်ကြေညာသူတွေဟာ တောင်ကိုရီးယားအားကစားသမားအဖွဲ့ကို မြောက်ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ အားကစားသမားအဖွဲ့အဖြစ် မှားယွင်း ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရုပ်မြင်သံကြား အောက်ခြေစာတမ်းထိုးမှာတော့ မှန်ကန်တယ်လို့ သိရပါတယ်။ ဒီနောက်မှာ မြောက်ကိုရီးယားအားကစားအဖွဲ့ အလှည့်ရောက်ချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံအမည်နဲ့ မိတ်ဆက်ကြေညာခဲ့ကြပါတယ်။
ဒီလိုရှက်စရာကောင်းတဲ့ လွဲချော်မှုနဲ့ပတ်သက်ပြီး ပြင်သစ်အစိုးရအဆင့်ထိ တိုင်ကြားဖို့ စီစဉ်ထားပြီး အိုလံပစ်ကော်မတီဥက္ကဌ သောမတ်စ်ဘာ့ချ်နဲ့ တွေ့ဆုံဖို့လည်း တောင်းဆိုထားကြောင်း တောင်ကိုရီးယား အားကစားဝန်ကြီးဌာနက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ နှစ်ခြမ်းကွဲသွားပြီး မကြားသေးမီကလည်း နှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့ပါတယ်။