သရေရလဒ်အပေါ် ကျေနပ်နေတဲ့ အသင်းဖော်တွေကို ဘရူနို စိတ်ပျက်ခဲ့ကြောင်း The Times ဖော်ပြ
ပေါ်တူဂီသား ကွင်းလယ်လူ ဖာနန်ဒက်စ်က အရင်အပတ်က အဲဗာတန်နဲ့ပွဲမှာ သရေရလဒ်ပဲ ရတဲ့အပေါ် အသင်းဖော်တွေ ဒေါသထွက်နေတာမျိုးကို မြင်လိုပေမယယ့် ကျေနပ် အားရမှုတွေ ရှိနေကြတဲ့အပေါ် စိတ်ပျက်နေတယ်လို့ The Times က ဖော်ပြသွားပါတယ်။
ဘရူနိုရဲ့ သွင်းဂိုးကောင်းက ယူနိုက်တက်ကို သရေရဖို့ အကူအညီဖြစ်စေခဲ့ပြီး ပွဲအစ သိပ်မကြာခင်မှာပဲ ဒီဂီယာရဲ့ အမှားကြောင်း ပေးလိုက်ရတဲ့ သွင်းဂိုးကို ခြေဖျက်စေခဲ့တာပါ။ ပေါ်တုဂီသားကတော့ အသင်းဖော်တွေကို နိုင်ပွဲအတွက် ပြင်းပြင်းပြပြ ကစားစေလိုပေမယ့် သရေရလဒ်ကို ကျေနပ်ရောင့်ရဲနေမှုအပေါ် ဒေါသထွက်နေတယ်လို့ ဆိုပါတယ်။
ဘရူနိုရဲ့ အမြင်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရမှတ်တွေက အရေးကြီးနေချိန်မှာ သရေရလဒ်အပေါ် သာယာမနေပဲ အသင်းဖော်တွေကို ပေါက်ကွဲနေစေလိုတာပါ။ ဒီအမြင်နဲ့ ပက်သက်လို့ အသင်းတွင်းမှာ သူကပဲ သတိပေးမှု ပြုလုပ်ခဲ့ဟန်ရှိတယ်လို့လည်း သိရပါတယ်။
မန်နေဂျာဆိုးရှားကတော့ ဘရူနိုနဲ့ ပက်သက်ပြီး အကောင်းမြင်နေကာ ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်လို့ သုံးသပ်ခဲ့တယ်။ အိုလီကပဲ ဆက်လက်ပြီး ” သူက အသင်း၊ အသင်းဝန်ထမ်းနဲ့ ပရိသတ်တွေကို မြင့်တင်ပေးနိုင်ခဲ့တဲ့သူပါ။ သူ့ရဲ့ စွမ်းဆောင်ရည်က အသင်းအတွက် အင်အားဖြစ်စေခဲ့တယ်။ သူ့ထံက အကောင်းဆုံး မျှော်လင့်ခဲ့ပေမယ့် အမြဲတမ်းရနေဖို့ဆိုတာက မသေချာပါဘူူး။
ဘရူနိုက အားကစားကို နှစ်သက်တဲ့ old school တစ်ဦးဖြစ်ပါတယ်။ သူက ဘောလုံးအကြောင်းကိုသိပြီး ဘောလုံးကိုပဲ ချစ်တဲ့သူပါ။ ငွေကြေးထက် နိုင်ပွဲတွေကိုပဲ အလိရှိသူဖြစ်တယ်။ ဒါကပဲ အားလုံးကို မြင့်တင်ပေးနိုင်တဲ့ အကြောင်းရင်းပါပဲ ” လို့ မန်စီးတီးပွဲကြိုမှ ာထုတ်ဖော် ချီးကျူးခဲ့ပါတယ်။
ZAWGYI