ပရီးမီးယားလိဂ် အကောင်းဆုံး ကွင်းလယ်အတွဲကို ဖန်တီးဖို့ စိတ်လှုပ်ရှားနေကြောင်း ဝန်ခံတဲ့ ဆိုးရှား
ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အနာဂတ်မှာ အကောင်းဆုံး ကွင်းလယ်အတွဲကို တည်ဆောက်ဖို့ စိတ်ဝင်စားသလို ကလပ်အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ပြန်လည် လုပ်ဆောင်လာနိုင်ရမယ်လို့ ထုတ်ဖော် ပြောဆိုပါတယ်။
မန်ချက်စတာဒါဘီပွဲကြို အင်တာဗျူးမှာတော့ မန်နေဂျာဆိုးရှားက အနာဂတ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ် ကွင်းလယ်ကို တည်ဆောက်နိုင်မယ့်အပေါ် စိတ်လှုပ်ရှားနေသလားဆိုတဲ့ မေးခွန်းနဲ့ ပက်သက်ပြီး
” သေချာတာပေါ့။ ကျနေ်ာတို့အသင်း လူစာရင်းကို ကြည့်မယ်ဆိုရင် အကောင်းဆုံး ကစားသမားတွေက ပွဲထွက် ကစားပေးလိုနေတာကို မြင်ရမှာ ဖြစ်ပါတယ်။ ကျနေ်ာတို့တွေ ဒီကစားသမားတွေနဲ့အတူ ပရီးမီးယားလိဂ်မှာ စိန်ခေါ်သူတွေ ဖြစ်လာဖို့ အားလုံးကလည်း မျှော်လင့်နေကြမှာပါ။ မန်ချက်စတာ ယူနိုက်တက် အမြဲတမ်း လုပ်နေခဲ့ကြသလိုပဲ တိုက်စစ်ကစားနိုင်ဖို့ ဘောလုံးကစားဟန်ကို ဖော်ဆောင်ဖို့အတွက် ဆန္ဒရှိနေပါတယ် ” လို့ ဆိုလိုက်တာဖြစ်တယ်။
ပရီးမီးယားလိဂ်ကစားသမားဟောင်း ရှီးယားဝုဒ်ကလည်း မကြာသေးခင်ကပဲ ဆိုးရှားဟာ ပေါ့ဘာကိုသာ အသင်းကနေ ထွက်ခွာမသွားအောင် စည်းရုံးနိုင်ရင် ပြိုင်ဘက်တွေ ရပ်တန့်လို့ မရအောင် တောင့်တင်းလွန်းတဲ့ ကွင်းလယ် အခင်းအကျင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ကြောင်း ထောက်ပြခဲ့သေးတာဖြစ်တယ်။
” ပေါ့ဘာ ဖာနန်ဒက်စ် နှစ်ယောက် အတွဲက လုံး၀ အလန်းစား ဖြစ်သွားမယ် ကျနေ်ာ ထင်တယ်။ ပေါ့ဘာလို ကစားသမားက ပြန် ကစားနိုင်ရင် သူ့ ပရော်ဖက်ရှင်နယ် ကို အထိခိုက် မခံဘဲ အရည်အချင်းကို သက်သေပြဖို့ ကစားပါလိမ့်မယ်။ နောက် နှစ်မှာ ရှိဖို့ မသေချာဘူး ဆိုရင်တောင် သူလို ထိပ်တန်း ကစားသမားက ဖြစ်သလို မကစားပါဘူး။
ပေါ့ဘာ ပြန် ကစားနိုင်ရင် အသင်းမှာ အစွမ်းပြနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို ကြည့်ပြီး တက်ကြွလာလိမ့်မယ်။ သူတို့ နှစ်ယောက်ကို တွဲ ကစားစေပြီး တော်မီနေးကို အလယ်မှာ နေရာချလိုက်ရင် ရပ်တန့်လို့ မရတဲ့ ကွင်းလယ် ဖြစ်ပါပြီ။ နံပါတ် ၈ ကွင်းလယ် တိုက်စစ် နှစ်ယောက် ကြားမှာ နံပါတ် ၆ ကွင်းလယ် အထိုင် တစ်ယောက် ထည့်လိုက်သလိုပေါ့။ ရက်ဖို့ဒ်သာ ပြန်ကောင်းလာရင်တော့ ပွဲသိမ်းပြီ။ ” လို့ ၎င်းက သုံးသပ် ပြောကြားခဲ့ပါတယ်။
ZAWGYI