ဒေါ်လာနဲ့ ရွှေစျေး အတက်မှာ ကားစျေးကွက် အခြေအနေ ဘယ်လိုရှိနေလဲ

လက်ရှိ ပြည်တွင်းကားဈေးကွက် အခြေအနေက အရောင်းအဝယ် နည်းပါးပြီး ဈေးကွက် အေးနေပေမယ့် စျေးတန်းကတော့ မာနေဆဲ အနေအထားမျိုး ဖြစ်နေပါတယ်။
လက်ရှိ မိုးရာသီကာလအတွင်းမှာ ပြည်တွင်းကာစျေးကွက်ဟာ ကားအရောင်းအဝယ် အေးနေပေမယ့် မော်ဒယ်သစ် မော်ဒယ်နိမ့် ကားအမျိုးအစားတွေဟာ စျေးနှုန်းကျဆင်းသွားခြင်း မရှိဘူးလို့ Global Business Channel က ဖော်ပြထားပါတယ်။
လက်တလော ဒေါ်လာဈေးနှုန်း အဆမတန် မြင့်တက်နေတာကြောင့် ကားစျေးတွေ ကျဆင်းမယ် မမြင်ဘူး ဆိုတဲ့ ယူဆချက်တွေ ရှိနေပါတယ်။ ဒါကြောင့်ပဲ ကားအရောင်းအဝယ်အေးပေမယ့် ကားမျိုးစုံ ဈေးနှုန်းကျဆင်းခြင်းမရှိပဲ ဈေးဆက်မာလျက်ရှိနေတာဖြစ်ပါတယ်။
၂၀၂၄ အတွင်း ကားစျေးကွက်အတွင်း ဝင်ရောက် ရင်းနှီးမြုပ်နှံမှုတွေဟာ အမှန်တကယ်လို့ ဝယ်ယူသူတွေထက် ဝယ်ရောင်းသမားတွေ များပြားပြီး တက်စျေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။
စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်တဲ့ ကားစျေးတွေက ကျပ် သိန်း ၁၀၀၀ ကနေ သိန်း ၃၀၀၀ ကြားဖြစ်ပြီး သိန်း ၅၀၀ ဝန်းကျင်မှာ ကားကောင်းရှာတွေ့ဖို့ ခက်ခဲလာနေပါတယ်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ဒေါ်လာစျေးဟာ ၁ ဒေါ်လာ ၅၃၀၀ အထက်ကို ရောက်ရှိနေကာ ပြည်တွင်ရွှေစျေး ကျပ် ၆၅ သိန်း ဝန်းကျင်ကို ရောက်ရှိနေကာ ဆက်တက်သွားမယ့် အရိပ်အယောင်တွေ မြင်နေရတာဖြစ်ပါတယ်။