ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ အစွမ်းအစကို သုံးသပ်လိုက်တဲ့ ပြိုင်ဘက်အသင်းသား
ဖာနန်ဒက်ဟာ ဇန်နဝါရီလက ယူနိုက်တက်ကို ပြောင်းလာခဲ့ပြီး ကလပ်အသင်းကို များစွာ တိုးတက်စေခဲ့ကာ သူ့ရဲ့ အစွမ်းအစကို ပြိုင်ဘက်အသင်း ကစားသမားဖြစ်သူ ဘာနာတိုက ချီးကျူးပြောဆိုမှု လုပ်ခဲ့ပါတယ်။
အိုးထရပ်ဖို့ဒ်မှာ ကယ်ဗင်ဒီဘရိုင်းနဲ့ ဘရူနို ဖာနန်ဒက်တို့ရဲ့ ပြိုင်ဆိုင်မှုဟာ အဓိက ကျနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပြီး ဘာနာတိုကတော့ လက်ရွေးစင် အသင်းဖော်ဖြစ်သူ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းခြေစကို ထုတ်ဖော်ပြောဆိုမှု လုပ်ခဲ့သေးတယ်။ ကနေ့ ယှဉ်ပြိုင်မယ့် မန်ချက်စတာဒါဘီမှာ အနိုင်ရမယ်ဆိုရင် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်အိပ်မက်က အတော်လေး အားကောင်းသွားမှာ ဖြစ်ပါတယ်။
ဘာနာတိုက ” သူက ကစားသမားကောင်းဖြစ်လို့ ယူနိုက်တက်ကို ရောက်ရောက်ချင်း ခြေစွမ်းပြနိုင်တာပါ။ ကျနေ်ာတို့က ယူ-၁၉ လောက်မှာကတည်းက အတူတွဲဘက်ကစားခဲ့တာဆိုတော့ ဘရူနိုရဲ့ ခြေစွမ်းပြမှုကို မအံ့သြပါဘူး။ သူက လှုပ်အားကောင်းပြီး ဉာဏ်ရည်ဉာဏ်သွေးလည်း ကောင်းမွန်ပါတယ်။
ဘရူနိုဟာ ဧရိယာတွေထဲ ဝင်ရောက်ပြီး ဂိုးသွင်းတာတွေ ဖန်တီးမှု လုပ်တာတွေကို လုပ်နိုင်သူဖြစ်ပါတယ်။ သူဟာ ကစားပေးတဲ့အသင်းအတွက် အရေးပါသူဖြစ်ပြီး ဒါကိုလည်း အင်္ဂလန်ကို ရောက်လာကတည်းက ပြသထားနိုင်ပါတယ်။ သူ့အတွက် ပျော်ရွှင်မိပြီး တကယ်ကို အစကောင်းခဲ့တာပါ။ ဘရူနိုက ယူနိုက်တက်ကို မပြောင်းခင်တည်းက မန်ချက်စတာမြို့အကြောင်းကို မေးခဲ့တယ်။ ကျနော်ကလည်း ကိုယ်သိထားတာကို နြပ်ဖြေပေးခ့ပါတယ်။
သူက ခမ်းနားတဲ့ ယူနိုက်တက်ကို ရောက်လာတာဖြစ်ပြီး အဲ့မှာ အကောင်းဆုံး လုပ်ပြနေတာဖြစ်တယ်။ သူနဲ့ ကျနော်က သူငယ်ချင်းတွေဖြစ်ပြီး သူ့အတွက် ပျော်ရွှင်မိပါတယ်။ တနင်္ဂနွေပွဲမှာတော့ သူ အနိုင်ရတာမျိုး မမြင်လိုပါဘူး။ သူ့ကို အနိုင်ယူ ကျော်ဖြတ်လိုပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI