ဆန်းချက်စ် ပြန်လာမည်၊ ရွန်းနီရဲ့ မှတ်ချက်၊ ဂွာဒီယိုလာရဲ့ ခနဲ့မှုနဲ့ မန်စီးတီးပွဲကြို ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက်တက်ဟာ လူငယ်ကစားသမားလေး တာဟစ်ချောင်အတွက် ကမ်းလှမ်းလာမှုတိုင်းကို ကျော်လွှားပြီး စာချုပ်သစ်ပေးနိုင်ဖို့ ယုံကြည်ချက် ရှိနေတယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ကွင်းလယ်ကစားသမား တော်မီနေးကိုလည်း ပို တိုးတက်လာအောင် တွဲခေါ်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာက ဒီညပွဲမှာ ယူနိုက်တက်ဘက်က တိုက်စစ်မှူး ရက်ဖို့ဒ် မပါနိုင်တဲ့အပေါ် စိတ်ပျက်မိကြောင်း ပြောဆို ခဲ့ပါတယ်။ ၎င်းက ပြိုင်ဘက်အသင်းဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာတာမျိုးကိုပဲ ယှဉ်ပြိုင်ချင်တယ်လို့ ဆိုခဲ့ပါတယ်။

လက်ရှိ မန်စီးတီးနဲ့ ယူနိုက်တက်ကြား အမှတ်ကွာဟမှု ကြီးမားနေတဲ့ အပေါ်ကိုလည်း အံ့အားသင့်မိကြောင်း ပက် ဂွာဒီယိုလာက ဆိုခဲ့ပြီး ဒီညပွဲမှာတော့ စီးတီးလည်း မထင်မှတ်ဘဲ ရှုံးပွဲတွေ့နိုင်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပြန်ပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲ အနိုင်ရထားတာနဲ့ ပက်သက်ပြီး မန်နေဂျာဆိုးရှားက ပွဲတိုင်းကို ရလဒ်နဲ့ စွမ်းဆောင်ရည် အကျိုးဖြစ်လာဖို့ကိုပဲ ကြိုးစားရမှာဖြစ်ပြီး ဒါဆိုရင် ယုံကြည်မှုက တွဲပြီး ပါလာမယ်လို့ ယုံကြည်ကြောင်း ဒါဘီပွဲကြိုမှာ ပြောပါတယ်။

ဝိန်းရွန်းနီက ယူနိုက်တက်ရဲ့ တိုးတက်လာမှု အနေအထားတွေကို ကျေနပ်အားရနေသလို ကွင်းလယ်လူ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းဟာဆိုရင် ပေါလ်စခိုးနဲ့တောင် ဆင်တူတယ်လို့ ပြောဆိုခဲ့ကြောင်း ကလပ်ရဲ့ အတွင်းသတင်းတွေက ဖော်ပြပါတယ်။

အင်တာမီလန်ဟာ တိုက်စစ်သမား ဆန်ချက်ကို လုံးဝ ခေါ်ယူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ရာသီကုန်မှာတော့ ချီလီ တိုက်စစ်သမားဟာ ယူနိုက်တက်ကို ပြန်လာရမှာဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကိုတော့ နွေမှာ ဆုံးဖြတ်မှုတွေ လုပ်ကြမှာ ဖြစ်ပါတယ်။

ဒီည မန်ချက်စတာဒါဘီပွဲ ကွင်းလယ်မှာ ယူနိုက်တက်ဘက်က ဖရက်နဲ့ စီးတီးဘက်က ရိုဒရီတို့ စွမ်းဆောင်ရည်က ဒီပွဲမှာ အခရာကျမယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

Zawgyi – ယူႏုိက္တက္ဟာ လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္အတြက္ ကမ္းလွမ္းလာမႈတိုင္းကို ေက်ာ္လႊားျပီး စာခ်ဳပ္သစ္ေပးႏုိင္ဖို႔ ယံုၾကည္ခ်က္ ရွိေနတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ကြင္းလယ္ကစားသမား ေတာ္မီေနးကိုလည္း ပို တိုးတက္လာေအာင္ တြဲေခၚသြားနိုင္မယ္လုိ႔ ယံုၾကည္ေၾကာင္း နည္းျပ ဆိုးရွားက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးနည္းျပ ပက္ ဂြာဒီယိုလာက ဒီညပြဲမွာ ယူနိုက္တက္ဘက္က တိုက္စစ္မွဴး ရက္ဖို႔ဒ္ မပါနိုင္တဲ့အေပၚ စိတ္ပ်က္မိေၾကာင္း ေျပာဆို ခဲ့ပါတယ္။ ၄င္းက ျပိဳင္ဘက္အသင္းဟာ အဓိက ကစားသမား အစံုအလင္နဲ႕ ပြဲထြက္လာတာမ်ိဳးကိုပဲ ယွဥ္ျပိဳင္ခ်င္တယ္လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ မန္စီးတီးနဲ႕ ယူနိုက္တက္ၾကား အမွတ္ကြာဟမႈ ၾကီးမားေနတဲ့ အေပၚကိုလည္း အံ့အားသင့္မိေၾကာင္း ပက္ ဂြာဒီယိုလာက ဆိုခဲ့ျပီး ဒီညပြဲမွာေတာ့ စီးတီးလည္း မထင္မွတ္ဘဲ ရွဳံးပြဲေတြ႔နုိင္တယ္လို႔ ၀န္ခံ ေျပာၾကားခဲ့ျပန္ပါတယ္။

ျပိဳင္ပြဲစံု ေနာက္ဆံုး ၉ ပြဲ အႏုိင္ရထားတာနဲ႔ ပက္သက္ျပီး မန္ေနဂ်ာဆိုးရွားက ပြဲတိုင္းကို ရလဒ္နဲ႔ စြမ္းေဆာင္ရည္ အက်ိဳးျဖစ္လာဖို႔ကိုပဲ ၾကိဳးစားရမွာျဖစ္ျပီး ဒါဆိုရင္ ယံုၾကည္မႈက တြဲျပီး ပါလာမယ္လို႔ ယံုၾကည္ေၾကာင္း ဒါဘီပြဲၾကိဳမွာ ေျပာပါတယ္။

ဝိန္းရြန္းနီက ယူႏုိက္တက္ရဲ႕ တိုးတက္လာမႈ အေနအထားေတြကို ေက်နပ္အားရေနသလို ကြင္းလယ္လူ ဖာနန္ဒက္စ္ရဲ႔ ေျခစြမ္းဟာဆိုရင္ ေပါလ္စခိုးနဲ႔ေတာင္ ဆင္တူတယ္လို႔ ေျပာဆိုခဲ့ေၾကာင္း ကလပ္ရဲ႕ အတြင္းသတင္းေတြက ေဖာ္ျပပါတယ္။

အင္တာမီလန္ဟာ တိုက္စစ္သမား ဆန္ခ်က္ကို လံုးဝ ေခၚယူမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ရာသီကုန္မွာေတာ့ ခ်ီလီ တိုက္စစ္သမားဟာ ယူနုိက္တက္ကို ျပန္လာရမွာျဖစ္ျပီး သူ႔ရဲ႕ အနာဂတ္ကိုေတာ့ ေႏြမွာ ဆံုးျဖတ္မႈေတြ လုပ္ၾကမွာ ျဖစ္ပါတယ္။

ဒီည မန္ခ်က္စတာဒါဘီပြဲ ကြင္းလယ္မွာ ယူနိုက္တက္ဘက္က ဖရက္နဲ႕ စီးတီးဘက္က ရိုဒရီတို႔ စြမ္းေဆာင္ရည္က ဒီပြဲမွာ အခရာက်မယ္လို႔ သံုးသပ္မႈေတြ ရွိေနပါတယ္။