အီသီဟတ်မှာ ကစားသမားသစ် မိတ်ဆက်ခြင်း၊ ပက်နဲ့ နှိုင်းယှဉ်တဲ့ မာရက်စကာ အပြင် မန်စီးတီး သတင်းတိုများ

မန်စီးတီးဟာ ဘရာဇီးကြယ်ပွင့် ဆာဗင်ဟိုကို ကစားသမားသစ်အဖြစ် အီတီဟတ်မှာ မိတ်ဆက်ပေးခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးတိုက်စစ်သမား အဲဗာရက်စ်ကို သဘောကျပေမယ့် ကစားသမားအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ ရဖို့အတွက် အာဆင်နယ်ဘက်က ကစားသမား ရောင်းချပြီး အသုံးစရိတ် ရှာရမှာပါ။

လီဗာပူး၊ မန်စီးတီးတို့နဲ့ သတင်းထွက်ထားတဲ့ ကွင်းလယ်လူ ကင်မစ်ဟာ ဒီနွေမှာ အသင်းမပြောင်းဘဲ ဘိုင်ယန်မြူးနစ်မှာပဲ ဆက်နေတာမျိုး ဖြစ်လာနိုင်ပါတယ်။

မန်စီးတီးအသင်းဟာ စီနီယာအသင်းပွဲ ကစားရခြင်း မရှိသေးတဲ့ Yan Couto ကို ဒေါ့မွန်အသင်းထံ ယူရို သန်း ၃၀ ဖြင့် ရောင်းချခဲ့ပြီ​ဖြစ်ပါတယ်။

Callum Doyle ဟာ နော်ဝစ်ချ်အသင်းကို တစ်ရာသီ အငှားထွက်မှာဖြစ်ကာ ဒီရက်ထဲ ဆေးစစ်မှု ခံယူသွားမှာပါ။

မန်စီးတီး တိုက်စစ်မှူး ဂျူလီယံ အယ်လ်ဗာရက်ဇ် ကို ခေါ်ယူဖို့ အသလက်တီကို မက်ဒရစ် အသင်းနဲ့ PSG အသင်းကပါ စိတ်ဝင်စားနေကြပြီး သူ့ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်ထားခဲ့ကြပြီလို့ သိရပါတယ် ။

မန်ချက်စတာ စီးတီး အသင်းဟာ ချဲလ်ဆီး အကယ်ဒမီ ကနေ ထွက်ခွာလာတဲ့ ၂၀၀၈ ခုနှစ်ဖွား ကစားသမားလေး ရိုင်ယန် မက်အီဒို ကို ခေါ်ယူစာချုပ် လိုက်တယ်လို့ သိရပါတယ် ။

” ပက် နဲ့ ကျွန်တော့ အကြားမှာ ကွာခြားသွားတာက သူဟာ ကမ္ဘာ့ အကောင်းဆုံး မန်နေဂျာ ဖြစ်ပြီး၊ ကျွန်တော်ကတော့ တခြားသော မန်နေဂျာတွေထဲက တဦးပါပဲ။ ” လို့ ချယ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာ က ပြောဆိုခဲ့ပါတယ်။