ရန်ကုန်မြို့နယ်တွင်း ကွန်ဒိုနဲ့ လုံးချင်းအိမ် စျေးကွက် လှုပ်လှုပ်ခတ်ခတ်တွေဖြစ်လာ
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ဇူလိုင်လအထိ အိမ်အငှားဈေးကွက် လှုပ်ခတ်ခဲ့ပေမယ့် ဒီအပတ်တွေမှာ အရောင်းအဝယ်တွေ ခပ်သွက်သွက်ဖြစ်လာနေကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရပါတယ်။
လက်တလော အလုပ်ဖြစ်နေတာက ကွန်ဒိုနဲ့ လုံးချင်းအိမ်စျေးကွက်တွေဖြစ်ကာ တိုက်ခန်းတွေကတော့ အငှားစျေးကွက် ပိုမိုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လုံးချင်းအိမ်အနေနဲ့ အချက်အချာကျတဲ့နေရာတွေ၊ ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့နေရာတွေမှာ အရောင်း အဝယ်ဖြစ်နေပြီး စျေးနှုန်းအားဖြင့် ကျပ်သိန်း ၂၀၀၀ အထက်ကနေ ကျပ်သိန်း ၁၀၀၀၀ အောက်ဖြစ်ပါတယ်။
တိုက်ခန်းတွေထက် နေထိုင်မှု ပိုမို လုံခြုံစိတ်ချရတဲ့ ကွန်ဒိုတွေလည်း အရောင်းအဝယ်ဖြစ်လာနေကာ ကျပ်သိန်း ၃၀၀၀ အထက်တွေ အရောင်းအဝယ်ဖြစ်နေပါတယ်။
တဖက်မှာလည်း ရန်ကုန်မြို့ကို နယ်ဒေသအသီးသီးကနေ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းလာသူ အရေအတွက်မြင့်တက်နေပြီး တိုက်ခန်းအငှားဈေးကွက်လည်း အရင်နှစ်တွေကထက် ပိုသွက်လာသလို ငှားရမ်းခတွေလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။