BREAKING: အဲဗာရက်စ်ကို ကလပ်စံချိန်တင်ကြေးဖြင့် ရောင်းချဖို့ မန်စီးတီး သဘောတူခဲ့ပါပြီ
မန်စီးတီးအသင်းဟာ အဓိက တိုက်စစ်သမား အဲဗာရက်စ်ကို အက်သလက်တီကို မက်ဒရစ် အသင်းထံ ရောင်းချရေး ကိစ္စအား အပြီးသတ် သဘောတူခဲ့ပြီဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။
ပုဂ္ဂိုလ်ရေးကိစ္စတွေ ပြီးမြောက်ပြီးရင် ဒီနွေမှာပဲ အဲဗာရက်စ်ဟာ လာလီဂါကို ကူးပြောင်းသွားမှာဖြစ်ပါတယ်။ အဲဗာရက်စ်ဟာ ပုံမှန်ပွဲကစားခွင့်အပြင် အင်္ဂလန်ရာသီဥတုထက် ပိုကောင်းပြီး ပိုနွေးထွေးမယ့် နိုင်ငံကို ကူးပြောင်းလိုခဲ့ပါတယ်။
အဲဗာရက်စ်အတွက် မန်စီးတီးက ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်းထိ ရမှာဖြစ်ကာ ကလပ်သမိုင်းမှာ စျေးအကြီးဆုံး ရောင်းချရမှုအဖြစ် မှတ်တမ်းဝင်ပါမယ်။ အဲဗာရက်စ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အာဂျင်တီးနားကလပ်ကနေ ယူရို ၁၇ သန်းဖြင့် ပြောင်းလာခဲ့တာပါ။
သူဟာ ဟာလန်းနောက် ဒုတိယဦးစားပေးအဖြစ်ပဲ ပွဲထွက်နေရတာတောင် မနှစ်ကရာသီ ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ကိုယ်တိုင် ၁၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။