မန်ချက်စတာက အနီရောင်ကွလို့ ဖာနန်ဒက်စ် ကြွေးကြော်ခြင်းနဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က မာရှယ်၊ တော်မီနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် စိန်ခေါ်မှုကို ပိုမို အားကောင်းစေခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့သွားတဲ့ ကွင်းလယ်လူ ချန်က သူ့ကို ယူနိုက်တက်က ကမ်းလှမ်းခဲ့ပေမယ့်လည်း လီဗာပူးမှာ ကစားခဲ့ဖူးတာကြောင့် ပြိုင်ဘက် ယူနိုက်တက်ကို မပြောင်းဖို့ ငြင်းဆန်ခဲ့ခြင်းလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ မန်ချက်စတာဒါဘီမှာ ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာနဲ့ စကားများမှု အနည်းငယ် ဖြစ်ခဲ့သလို ပွဲအပြီးမှာတော့ မန်ချက်စတာက အနီရောင်ပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်စီးတီးအသင်းသားတွေရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေကြောင့် ခြေသလုံး နှစ်ဘက်လုံး ဒဏ်ရာတွေ ရခဲ့ကြောင်းကို မာရှယ်က ပွဲအပြီးမှာ ထုတ်ပြသွားခဲ့တယ်။ သူကပဲ ဖာနန်ဒက်စ်ကို ဂိုးဖန်တီးပေးမှုအတွက် ကျေးဇူးပါ ဘရားသားလို့ ဆိုခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ရရှိ ခဲ့တဲ့ အလွတ် တည်ကန်ဘောကို ခပ်မြန်မြန်ပဲ မာရှယ် ရှိရာဆီ လှလှပပ ကလော်တင် ပေးခဲ့ပြီး ဖန်တီးမှုပိုင်းမှာ ဉာဏ်ကောင်းသူ ဖြစ်ကြောင်း ပြသ သွားနိုင်ခဲ့ ပါတယ်။ ဒီအတွက် မာရှယ် ရဲ့ ဂိုးသွင်း စွမ်းရည် တိုးတက် လာမှု ကလည်း အခရာ ကျခဲ့ ပါတယ် ။

ယူနိုက်တက်အတွက် ပွဲထွက်ပေးမှု ၆ ကြိမ်မှာ ဖာနန်ဒက်စ်ဟာ ဂိုးဖန်တီးမှု ၇ ကြိမ် လုပ်ထားပေးနိုင်ပါတယ်။ ကလပ်ဟာ သူပါဝင်ကစားတဲ့ ပွဲတိုင်းကိုလည်း အရေးမနိမ့်ထားပါဘူး။

မန်နေဂျာဆိုးရှားက ” အသင်းပရိသတ်တွေ၊ အသင်းသားတွေနဲ့ အသင်းရဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေက သိပ်ကောင်းပြီး ကျနော်ကို အရမ်းအားရ ကျေနပ်စေပါတယ် ” လို့ ပွဲအပြီး ပြောဆိုပါတယ်။

ပွဲသိမ်းဂိုးကို သွင်းယူခဲ့တဲ့ တော်မီနေးက ” ယူနိုက်တက်က ကျနော်ရဲ့ အသွေးအသားပါပဲ။ အရမ်းကို ကောင်းတဲ့ ခံစားမှုပါ ” လို့ ဖွင့်ဟသွားပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၈ ပွဲကို clean sheet ရယူထားနိုင်ပြီး ပေးဂိုးကလည်း ၂ ဂိုးပဲ ရှိတဲ့ထိ ခံစစ်က တောက်ပနေတာဖြစ်ပါတယ်။

ZAWGYI

မန္ခ်က္စတာဒါဘီမွာ ယူႏုိက္တက္က မာရွယ္၊ ေတာ္မီေနးတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ အႏုိင္ရခဲ့ျပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ စိန္ေခၚမႈကို ပိုမို အားေကာင္းေစခဲ့ျပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ကေန ေဒါ့မြန္ကို ေျပာင္းေရႊ႔သြားတဲ့ ကြင္းလယ္လူ ခ်န္က သူ႔ကို ယူႏုိက္တက္က ကမ္းလွမ္းခဲ့ေပမယ့္လည္း လီဗာပူးမွာ ကစားခဲ့ဖူးတာေၾကာင့္ ျပိဳင္ဘက္ ယူႏုိက္တက္ကို မေျပာင္းဖို႔ ျငင္းဆန္ခဲ့ျခင္းလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ယူႏုိက္တက္ကြင္းလယ္လူ ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာဒါဘီမွာ ျပိဳင္ဘက္မန္ေနဂ်ာ ဂြာဒီယိုလာနဲ႔ စကားမ်ားမႈ အနည္းငယ္ ျဖစ္ခဲ့သလို ပြဲအျပီးမွာေတာ့ မန္ခ်က္စတာက အနီေရာင္ပါလို႔ ေၾကြးေၾကာ္သြားခဲ့ပါတယ္။

မန္စီးတီးအသင္းသားေတြရဲ႕ ၾကမ္းတမ္းတဲ့ ျဖတ္ထုတ္မႈေတြေၾကာင့္ ေျခသလံုး ႏွစ္ဘက္လံုး ဒဏ္ရာေတြ ရခဲ့ေၾကာင္းကို မာရွယ္က ပြဲအျပီးမွာ ထုတ္ျပသြားခဲ့တယ္။ သူကပဲ ဖာနန္ဒက္စ္ကို ဂိုးဖန္တီးေပးမႈအတြက္ ေက်းဇူးပါ ဘရားသားလို႔ ဆိုခဲ့ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ရရွိ ခဲ့တဲ့ အလြတ္ တည္ကန္ေဘာကို ခပ္ျမန္ျမန္ပဲ မာရွယ္ ရွိရာဆီ လွလွပပ ကေလာ္တင္ ေပးခဲ့ၿပီး ဖန္တီးမႈပိုင္းမွာ ဉာဏ္ေကာင္းသူ ျဖစ္ေၾကာင္း ျပသ သြားႏိုင္ခဲ့ ပါတယ္။ ဒီအတြက္ မာရွယ္ ရဲ႕ ဂိုးသြင္း စြမ္းရည္ တိုးတက္ လာမႈ ကလည္း အခရာ က်ခဲ့ ပါတယ္ ။

ယူႏုိက္တက္အတြက္ ပြဲထြက္ေပးမႈ ၆ ၾကိမ္မွာ ဖာနန္ဒက္စ္ဟာ ဂိုးဖန္တီးမႈ ၇ ၾကိမ္ လုပ္ထားေပးႏုိင္ပါတယ္။ ကလပ္ဟာ သူပါဝင္ကစားတဲ့ ပြဲတိုင္းကိုလည္း အေရးမနိမ့္ထားပါဘူး။

မန္ေနဂ်ာဆိုးရွားက ” အသင္းပရိသတ္ေတြ၊ အသင္းသားေတြနဲ႔ အသင္းရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈေတြက သိပ္ေကာင္းျပီး က်ေနာ္ကို အရမ္းအားရ ေက်နပ္ေစပါတယ္ ” လို႔ ပြဲအျပီး ေျပာဆိုပါတယ္။

ပြဲသိမ္းဂိုးကို သြင္းယူခဲ့တဲ့ ေတာ္မီေနးက ” ယူႏုိက္တက္က က်ေနာ္ရဲ႕ အေသြးအသားပါပဲ။ အရမ္းကို ေကာင္းတဲ့ ခံစားမႈပါ ” လို႔ ဖြင့္ဟသြားပါတယ္။

ယူႏုိက္တက္ဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ျပိဳင္ပြဲစံု ၁၀ ပြဲမွာ ၈ ပြဲကို clean sheet ရယူထားႏုိင္ျပီး ေပးဂိုးကလည္း ၂ ဂိုးပဲ ရွိတဲ့ထိ ခံစစ္က ေတာက္ပေနတာျဖစ္ပါတယ္။