မန်စီးတီး ပရိသတ်တွေကို အပေါ်စီးကနေ ကြည့်နိုင်တာအတွက် အားရကျေနပ်နေတဲ့ တော်မီနေး
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက အိုးထရပ်ဖို့ဒ် ကွင်းမှာ မြို့ခံပြိုင်ဖက် မန်စီးတီးကို ဧည့်ခံကစားခဲ့ပြီး ၂-၀ ဆိုတဲ့ ရလဒ် နဲ့ နိုင်ပွဲ ရယူသွားခဲ့ပါတယ်။ ဒါဟာ ယူနိုက်တက်အတွက် တော့ မန်စီးတီးကို နှစ်ကျော့လုံး အနိုင်ယူခြင်း ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး နောက်ဆုံးမိနစ်မှာ ပွဲသိမ်းဂိုးကို သွင်းယူခဲ့တဲ့ အကယ်ဒမီထွက် လူငယ် ကွင်းလယ်ကစားသမားလေး တော်မီနေးက ” ယူနိုက်တက်က ကျနော်ရဲ့ အသွေးအသားပါပဲ။ နိုင်ပွဲရတာက အရမ်းကို ကောင်းတဲ့ ခံစားမှုပါ ” လို့ ပွဲအပြီးမှာ သူ့ရဲ့ လူမှုကွန်ယက်ကနေတစ်ဆင့် ဖွင့်ဟသွားပါတယ်။
တော်မီနေးက ” အရမ်းကို ချိုမြိန်တဲ့ အခိုက်အတန့်ပါပဲ။ ဒါဘီပွဲကို အနိုင်ရလိုက်တာအတွက် အသင်းဖော်တွေကို အသိအမှတ်ပြုရပါမယ်။ ပထမပိုင်း မိနစ် ၂၀ လောက်ကို ကျနေ်ာတို့တွေ ကျဉ်းထဲကျပ်ထဲ ရောက်နေခဲ့ပေမယ့် ဆက်လက်ပြီး ကြိုးစား ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။
ဒါဘီပွဲကို အနိုင်ရလိုက်တာက ယူနိုက်တက်အသင်းသားတွေအတွက် ဘယ်လို အဓိပ္ပာယ်ရှိသလဲဆိုတာကို မြင်နိုင်ပါတယ်။ ဒါက ဒီရာသီမှာ သုံးကြိမ် အနိုင်ရမှုဖြစ်ပါတယ်။ အရမ်းကို လှပပါတယ်။ မန်စီးတီးပရိသတ် တစ်ဦး နှစ်ဦးလောက်နဲ့လည်း ကျနော် သိတယ်ဆိုတော့ သူတို့မျက်နှာ တည့်တည့်ကြည့်ရမှာက အရမ်းကို ကောင်းပါတယ်။
ဒီယုံကြည်မှုတွေကို ရှေ့ဆက်ပြီးလည်း ကျနေ်ာတို့ ယူဆောင်သွားရမှာပါ။ လာမယ့် သီတင်းပတ်တွေတိုင်အောင် ကျနေ်ာတို့ ဆက်လက် ထိန်းသိမ်းသွားပြီး ဆက်ပြီးလည်း ကြိုးစားရမှာဖြစ်တယ်။ ဒိအနေအထားတွေကို မလွဲဖယ်စေပဲ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်ပြီး တွန်းအားပေးသွားရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI

မန္ခ်က္စတာ ယူႏိုက္တက္ဟာ မေန႔ညက အိုးထရပ္ဖို႔ဒ္ ကြင္းမွာ ၿမိဳ႕ခံၿပိဳင္ဖက္ မန္စီးတီးကို ဧည့္ခံကစားခဲ့ၿပီး ၂-၀ ဆိုတဲ့ ရလဒ္ နဲ႔ ႏိုင္ပြဲ ရယူသြားခဲ့ပါတယ္။ ဒါဟာ ယူႏိုက္တက္အတြက္ ေတာ့ မန္စီးတီးကို ႏွစ္ေက်ာ့လုံး အႏိုင္ယူျခင္း ျဖစ္ပါတယ္။
ယူႏုိက္တက္အတြက္ လူစားဝင္ ကစားသမားအျဖစ္ ပါဝင္ခဲ့ျပီး ေနာက္ဆံုးမိနစ္မွာ ပြဲသိမ္းဂိုးကို သြင္းယူခဲ့တဲ့ အကယ္ဒမီထြက္ လူငယ္ ကြင္းလယ္ကစားသမားေလး ေတာ္မီေနးက ” ယူႏုိက္တက္က က်ေနာ္ရဲ႕ အေသြးအသားပါပဲ။ ႏုိင္ပြဲရတာက အရမ္းကို ေကာင္းတဲ့ ခံစားမႈပါ ” လို႔ ပြဲအျပီးမွာ သူ႔ရဲ႕ လူမႈကြန္ယက္ကေနတစ္ဆင့္ ဖြင့္ဟသြားပါတယ္။
ေတာ္မီေနးက ” အရမ္းကို ခ်ိဳျမိန္တဲ့ အခိုက္အတန္႔ပါပဲ။ ဒါဘီပြဲကို အႏုိင္ရလိုက္တာအတြက္ အသင္းေဖာ္ေတြကို အသိအမွတ္ျပဳရပါမယ္။ ပထမပိုင္း မိနစ္ ၂၀ ေလာက္ကို က်ေန္ာတို႔ေတြ က်ဥ္းထဲက်ပ္ထဲ ေရာက္ေနခ့ဲေပမယ့္ ဆက္လက္ျပီး ၾကိဳးစား ယွဥ္ျပိဳင္ႏုိင္ခဲ့ပါတယ္။
ဒါဘီပြဲကို အႏုိင္ရလိုက္တာက ယူႏုိက္တက္အသင္းသားေတြအတြက္ ဘယ္လို အဓိပၸာယ္ရွိသလဲဆိုတာကို ျမင္ႏုိင္ပါတယ္။ ဒါက ဒီရာသီမွာ သံုးၾကိမ္ အႏုိင္ရမႈျဖစ္ပါတယ္။ အရမ္းကို လွပပါတယ္။ မန္စီးတီးပရိသတ္ တစ္ဦး ႏွစ္ဦးေလာက္နဲ႔လည္း က်ေနာ္ သိတယ္ဆိုေတာ့ သူတို႔မ်က္ႏွာကို အေပၚစီးက ၾကည့္ရမွာက အရမ္းကို ေကာင္းပါတယ္။
ဒီယံုၾကည္မႈေတြကို ေရွ႔ဆက္ျပီးလည္း က်ေန္ာတို႔ ယူေဆာင္သြားရမွာပါ။ လာမယ့္ သီတင္းပတ္ေတြတိုင္ေအာင္ က်ေန္ာတို႔ ဆက္လက္ ထိန္းသိမ္းသြားျပီး ဆက္ျပီးလည္း ၾကိဳးစားရမွာျဖစ္တယ္။ ဒိအေနအထားေတြကို မလြဲဖယ္ေစပဲ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ဆက္ျပီး တြန္းအားေပးသြားရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
