ဂွာဒီယိုလာကို ထိပ်တိုက်တွေ့ပြီး အေးဆေးနေဖို့ ပြောခဲ့တဲ့ ဖာနန်ဒက်စ်ကို သရဲနီတွေ သဘောတွေ့

သရဲနီပရိသတ်တွေ ဖာနန်ဒက်စ်ကို အချစ်ပိုကြမယ့် လုပ်ရပ်တစ်ခုက မနက်က မန်ချက်စတာဒါဘီမှာ ဖြစ်ပွားခဲ့ပါတယ်။ အဲ့တာကတော့ ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်အသင်း မန်နေဂျာ ဂွာဒီယိုလာနဲ့ ကွင်းထဲမှာ အချေအတင် စကားပြောခဲ့ပြီး အေးဆေးနေဖို့ တိုက်တွန်းခဲ့တာဖြစ်တယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ သူပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ကိုယ်တိုင် ၂ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။ မန်ချက်စတာဒါဘီပွဲမှာ မာရှယ် သွင်းယူခဲ့တဲ့ ဂိုးဟာဆိုရင် ဖာနန်ဒက်စ်ရဲ့ ပါးနပ်တဲ့ ဖန်တီးပေးမှုကနေ ရရှိခဲ့တာဖြစ်တယ်။

မနက်ကပွဲမှာတော့ လက်မြောက်ဘောရမယ့် အနေအထားမှာ ဂွာဒီယိုလာက ဘရူနိုကို ဘောလုံး ပေးမလိုနဲ့ အခြားဘက်ကို ပစ်ထုတ်လိုက်တာပါ။ ဘရူနိုက အဆိုပါ ကိစ္စအတွက် ဂွာဒီယိုလာနဲ့ အပြန်အလှန် အော်ဟစ်နေပြီး အေးဆေးပေါ့ ဘာဖြစ်နေတာလဲ ဆိုတဲ့ အမူအရာကို ဂွာဒီယိုလာကို လုပ်ပြခဲ့တာဖြစ်တယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဖာနန်ဒက်စ်ဟာ ကွင်းထဲမှာ ဖန်တီးမှုကောင်းရုံတင်မကပဲ ဦးဆောင်လိုတဲ့ စိတ်ဓါတ်ကောင်း ရှိတဲ့အပြင် ဘယ်လို ပြိုင်ဘက်ကိုမဆို တစ်ဦးချင်း တိုက်ခိုက်ရဖို့ မတုန်လှုပ်တဲ့အပေါ် စစ်မှန်တဲ့ ကွင်းလယ်လူအဖြစ် နှစ်သက်နေကြတာဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် ယူနိုက်တက်ရဲ့ အဖွင့်ဂိုး အတွက် ဘရူနိုရဲ့ အမြင်ရှိမှုနဲ့ မာရှယ်ရဲ့ အဆုံးသတ်မှု တွဲလုံးက ကောင်းလွန်းခဲ့ပါတယ်။ဒုတိယဂိုး အတွက် တော်မီနေးရဲ့ လျင်မြန်မှုနဲ့ တိကျမှုကလည်း ယူနိုက်တက်ကို အိမ်ကွင်းမှာ ဂိုးပြတ် နိုင်စေခဲ့တာဖြစ်တယ်။ အခုဆိုရင် ယူနိုက်တက်ဟာ ချယ်ဆီးကို နောက်ကနေ ဆက်လက် ဖိအားပေးပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာကောင်းကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ZAWGYI

သရဲနီပရိသတ္ေတြ ဖာနန္ဒက္စ္ကို အခ်စ္ပိုၾကမယ့္ လုပ္ရပ္တစ္ခုက မနက္က မန္ခ်က္စတာဒါဘီမွာ ျဖစ္ပြားခဲ့ပါတယ္။ အဲ့တာကေတာ့ ဖာနန္ဒက္စ္ဟာ ျပိဳင္ဘက္အသင္း မန္ေနဂ်ာ ဂြာဒီယိုလာနဲ႔ ကြင္းထဲမွာ အေခ်အတင္ စကားေျပာခဲ့ျပီး ေအးေဆးေနဖို႔ တိုက္တြန္းခဲ့တာျဖစ္တယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ယူႏုိက္တက္ကို ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္လာခ့ဲတဲ့ ဖာနန္ဒက္စ္ဟာ သူပါဝင္ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲမွာ ကိုယ္တိုင္ ၂ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာပါ။ မန္ခ်က္စတာဒါဘီပြဲမွာ မာရွယ္ သြင္းယူခဲ့တဲ့ ဂိုးဟာဆိုရင္ ဖာနန္ဒက္စ္ရဲ႕ ပါးနပ္တဲ့ ဖန္တီးေပးမႈကေန ရရွိခဲ့တာျဖစ္တယ္။

မနက္ကပြဲမွာေတာ့ လက္ေျမာက္ေဘာရမယ့္ အေနအထားမွာ ဂြာဒီယိုလာက ဘရူႏိုကို ေဘာလံုး ေပးမလိုနဲ႔ အျခားဘက္ကို ပစ္ထုတ္လုိက္တာပါ။ ဘရူႏိုက အဆိုပါ ကိစၥအတြက္ ဂြာဒီယိုလာနဲ႔ အျပန္အလွန္ ေအာ္ဟစ္ေနျပီး ေအးေဆးေပါ့ ဘာျဖစ္ေနတာလဲ ဆိုတဲ့ အမူအရာကို ဂြာဒီယိုလာကို လုပ္ျပခဲ့တာျဖစ္တယ္။

ယူႏုိက္တက္ ပရိသတ္ေတြကေတာ့ ဖာနန္ဒက္စ္ဟာ ကြင္းထဲမွာ ဖန္တီးမႈေကာင္းရံုတင္မကပဲ ဦးေဆာင္လိုတဲ့ စိတ္ဓါတ္ေကာင္း ရွိတဲ့အျပင္ ဘယ္လို ျပိဳင္ဘက္ကိုမဆို တစ္ဦးခ်င္း တိုက္ခိုက္ရဖို႔ မတုန္လႈပ္တဲ့အေပၚ စစ္မွန္တဲ့ ကြင္းလယ္လူအျဖစ္ ႏွစ္သက္ေနၾကတာျဖစ္တယ္။

ဘာပဲျဖစ္ျဖစ္ ယူႏိုက္တက္ရဲ႕ အဖြင့္ဂိုး အတြက္ ဘ႐ူႏိုရဲ႕ အျမင္ရွိမႈနဲ႔ မာရွယ္ရဲ႕ အဆုံးသတ္မႈ တြဲလုံးက ေကာင္းလြန္းခဲ့ပါတယ္။ဒုတိယဂိုး အတြက္ ေတာ္မီေနးရဲ႕ လ်င္ျမန္မႈနဲ႔ တိက်မႈကလည္း ယူႏိုက္တက္ကို အိမ္ကြင္းမွာ ဂိုးျပတ္ ႏိုင္ေစခဲ့တာျဖစ္တယ္။ အခုဆိုရင္ ယူႏုိက္တက္ဟာ ခ်ယ္ဆီးကို ေနာက္ကေန ဆက္လက္ ဖိအားေပးျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အလားအလာေကာင္းကို ပိုင္ဆုိင္ေနျပီျဖစ္ပါတယ္။