မိုးတွင်းကာလမှာတောင် ရန်ကုန်မြို့မှာ လျှပ်စစ်မီးပျက်မှု ဆိုးရွားလာရခြင်း အကြောင်းရင်း
ရန်ကုန်ရှိ မြို့နယ်အချို့မှာ ဒီရက်ပိုင်း ဝန်အားလျော့မှုတွေ များပြားနေပြီး လျှပ်စစ်မီး ပြတ်တောက်ခြင်းတွေ ပိုမို ဆိုးရွားလာနေပါတယ်။
နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ပို့လွှတ်နေသော V- Power သဘာဝဓာတ်ငွေ့သုံးစက်ရုံ(မြင်းခြံ) နဲ့ Sembcorp သဘာဝဓာတ် အားသုံးစက်ရုံ(မြင်းခြံ)တို့ စက်များအရေးပေါ်ရပ်တန့်ခဲ့တာကြောင့် ရန်ကုန်ရှိ မြို့နယ်အချို့ ဝန်အားလျှော့ချနေရကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ယနေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေတဲ့ မြင်းခြံ ၂၂၅ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံကို နယ်မြေမတည်ငြိမ်မှုများကြောင့် ယာယီရပ်ဆိုင်းကြောင်း Sembcorp ရဲ့ ကြေညာထားမှုကို Bangkok Post ကလည်း ဖော်ပြထားပါတယ်။
အဆိုပါ သဘာဝဓာတ်ငွေ့သုံးစက်ရုံတွေဟာ ဩဂုတ် ၁၂ ရက်မှစတင်ကာ အ ရေးပေါ်ရပ်တန့်ခဲ့တာကြောင့် ရန်ကုန်ရှိ မြို့နယ်အချို့ သုံးစွဲဝန်အားထက်လျော့ချပြီး ဓာတ်အားဖြန့်ဖြူးပေးနေရကြောင်း YESC ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်တလောမှာ ဓာတ်အားစနစ်တည်ငြိမ်မှုရှိစေရန် ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားဖြည့် တင်းခြင်း၊ အရေးပေါ် ဝန်အားထိန်းညှိမှုများဆောင်ရွက်ခြင်းများ ပြုလုပ်ရ ကြောင်း YESC က အသိပေးထားပါတယ်။