မန်စီးတီးကို ဒီရာသီ သုံးကြိမ်မြောက် အနိုင်ယူပြီး ယူနိုက်တက် ပြန်လာနေပါပြီလို့ ကြွေးကြော်

မန်ချက်စတာဒါဘီမှာတော့ ပြိုင်ပွဲစုံ ၅ ပွဲ ဆက်တိုက် အနိုင်ရလဒ် ထွက်ပေါ်နေတဲ့ မန်စီးတီးကို ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲဆက် ရံှူးပွဲမရှိတဲ့ ယူနိုက်တက်က အိုးထရပ်ဖို့ဒ် ကွင်းမှာပဲ ၂-၀ နဲ့ အနိုင်ယူခဲ့ပါတယ်။

ယူနိုက်တက်က လွှမ်းမိုးခဲ့တဲ့ ပွဲကောင်းဖြစ်ပြီး ဒီရာသီမှာ တတိယအကြိမ်အဖြစ် မန်နေဂျာ ဆိုးရှားက ဂွာဒီယိုလာရဲ့ အသင်းကို အနိုင်ယူခဲ့တာဖြစ်တယ်။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အိပ်မက်တွေက ပိုမို အားကောင်းလာခဲ့ပြီး မန်နေဂျာဆိုးရှားက ကလပ်အသင်းဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကာ ယူနိုက်တက်တို့ ပြန်လာနေပါပြီလို့ ကြွေးကြော်ခဲ့ပါတယ်။

မန်နေဂျာ ဆိုးရှားက ” ကျနေ်ာတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး ဆက်လက်ပြီးလည်း တိုးတက်လာနေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပြီလို့ ထင်ပါတယ်။ ကျနေ်ာတို့က မန်ချက်စတာ ယူနိုက်တက်ပါ။ ကျနေ်ာတို့ရဲ့ ရှေ့မှာ ရှိနေတဲ့ အသင်းတွေကို လိုက်မှီဖို့ ကြိုးစားအားထုတ်နေကြတာဖြစ်တယ်။

ကျနေ်ာတို့တွေ တိုးတက်လာတယ်လို့ ထင်တယ်။ ဆုဖလားတွေကို စိန်ခေါ်ဖို့ဆိုရင်တော့ ကစားသမား တစ်ဦးကနေ နှစ်ဦး သုံးဦးလောက်တော့ လိုဦးမှာပေါ့ဗျာ။ နောက်ပြီး အတွေ့အကြုံကောင်းတွေလည်း လိုအပ်ပါဦးမယ်။ အသင်းသားတွေနဲ့ ပရိသတ်တွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေတာက ကျနော်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။

အသင်း ပရိသတ်တွေကိုလည်း အသင်းသားတွေက ကြိုးစားလုပ်ဆောင်နေပါကြောင်း သိစေချုင်ပါတယ်။ သူတို့က ရည်မှန်းချက်တွေရှိပြီး ပြင်းပြင်းထန်ထန် ကြိုးစားကြသူတွေပါ။ သူတို့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေရှိပြီး အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးနေကြတာ ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

မန္ခ်က္စတာဒါဘီမွာေတာ့ ၿပိဳင္ပြဲစုံ ၅ ပြဲ ဆက္တိုက္ အႏိုင္ရလဒ္ ထြက္ေပၚေနတဲ့ မန္စီးတီးကို ျပိဳင္ပြဲစံု ေနာက္ဆံုး ၉ ပြဲဆက္ ရံွဴးပြဲမရွိတဲ့ ယူႏုိက္တက္က အိုးထရပ္ဖို႔ဒ္ ကြင္းမွာပဲ ၂-၀ နဲ႔ အႏုိင္ယူခဲ့ပါတယ္။

ယူႏုိက္တက္က လႊမ္းမိုးခဲ့တဲ့ ပြဲေကာင္းျဖစ္ျပီး ဒီရာသီမွာ တတိယအၾကိမ္အျဖစ္ မန္ေနဂ်ာ ဆိုးရွားက ဂြာဒီယိုလာရဲ႕ အသင္းကို အႏုိင္ယူခဲ့တာျဖစ္တယ္။ ဒီႏုိင္ပြဲေၾကာင့္ ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ အိပ္မက္ေတြက ပိုမို အားေကာင္းလာခဲ့ျပီး မန္ေနဂ်ာဆိုးရွားက ကလပ္အသင္းဟာ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနကာ ယူႏုိက္တက္တို႔ ျပန္လာေနပါျပီလို႔ ေၾကြးေၾကာ္ခဲ့ပါတယ္။

မန္ေနဂ်ာ ဆိုးရွားက ” က်ေန္ာတို႔ဟာ မွန္ကန္တဲ့ လမ္းေၾကာင္းမွန္ေပၚကို ျပန္ေရာက္လာခဲ့ျပီျဖစ္ျပီး ဆက္လက္ျပီးလည္း တိုးတက္လာေနတယ္ဆိုတာကို သက္ေသျပႏုိင္ခဲ့ျပီလို႔ ထင္ပါတယ္။ က်ေန္ာတုိ႔က မန္ခ်က္စတာ ယူႏုိက္တက္ပါ။ က်ေန္ာတို႔ရဲ႕ ေရွ႔မွာ ရွိေနတဲ့ အသင္းေတြကို လိုက္မွီဖို႔ ၾကိဳးစားအားထုတ္ေနၾကတာျဖစ္တယ္။

က်ေန္ာတို႔ေတြ တိုးတက္လာတယ္လို႔ ထင္တယ္။ ဆုဖလားေတြကို စိန္ေခၚဖို႔ဆိုရင္ေတာ့ ကစားသမား တစ္ဦးကေန ႏွစ္ဦး သံုးဦးေလာက္ေတာ့ လိုဦးမွာေပါ့ဗ်ာ။ ေနာက္ျပီး အေတြ႔အၾကံဳေကာင္းေတြလည္း လိုအပ္ပါဦးမယ္။ အသင္းသားေတြနဲ႔ ပရိသတ္ေတြၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြ ရွိေနတာက က်ေနာ္အတြက္ အမ်ားၾကီး အဓိပၸာယ္ရွိပါတယ္။

အသင္း ပရိသတ္ေတြကိုလည္း အသင္းသားေတြက ၾကိဳးစားလုပ္ေဆာင္ေနပါေၾကာင္း သိေစခ်ုင္ပါတယ္။ သူတို႔က ရည္မွန္းခ်က္ေတြရွိျပီး ျပင္းျပင္းထန္ထန္ ၾကိဳးစားၾကသူေတြပါ။ သူတို႔မွာ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြရွိျပီး အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးေနၾကတာ ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။