ယူနိုက်တက်ရဲ့ မန်ချက်စတာဒါဘီနိုင်ပွဲ အတွက် မဖုံးနိုင်ဘဲ ပြုံးပျော်နေခဲ့သူ ဆာအဲလက်စ်
မန်ချက်စတာ ယူနိုကတက် ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာ ညက မန်ချက်စတာဒါဘီပွဲကို ပွဲကြည့်စင်ကနေ အားပေးနေခဲ့ပြီး ပွဲပြီးခါနီး တော်မီနေးရဲ့ ပွဲသိမ်းအနိုင်ဂိုး မြင်ရပြီးနောက် ပြုံးပျော်ရွှင်မြူးနေတာကို တွေ့ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ မန်ချက်စတာမြို့ခံ ပြိုင်ဘက် စီးတီးကို ၂ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တာ ဖြစ်ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် စီးတီးကို တစ်ရာသီတည်း ပရီးမီးယားလိဂ်မှာ နှစ်ကျော့လုံး အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးရှားက ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း စီးတီးကို နှစ်ကျော့လုံးနိုင်တဲ့ ယူနိုက်တက် မန်နေဂျာလည်း ဖြစ်လာခဲ့တာပါ။
ဆာအဲလက်စ် ဖာဂူဆန်က မြို့ခံ ပြိုင်ဘက် မန်စီးတီးကို ဆူညံတဲ့ အိမ်နီးချင်းတွေလို့ ခပ်လှောင်လှောင်ခေါ်လေ့ ရှိပြီး မန်ချက်စတာမှာ ယူနိုက်တက်သာ လွှမ်းမိုးနေအောင် ထိန်းထားနိုင်ခဲ့သူ ဖြစ်ပါတယ်။
စီးတီးဟာ ပိုင်ရှင် အပြောင်းအလဲနောက်ပိုင်း ဓနအင်အားကြီးစွာ လိဂ်မှာ လွှမ်းမိုးဖို့ ကြိုးစားလာတဲ့နောက် အကျပိုင်း ရောက်လာခဲ့တဲ့ ယူနိုက်တက်လည်း ယှဉ်နိုင်ဖို့ ခက်ခဲနေပါတယ်။ ဒါပေမယ့် ညက ဒါဘီပွဲမှာ ဂိုးပြတ် အနိုင်ရလိုက်တာကြောင့် ဆာအဲလက်စ် တစ်ယောက် မဖုံးနိုင်ဘဲ အပြုံးပန်းဝေနေတာကို တွေ့ခဲ့ရပါတယ်။
စီးတီး ဂိုးသမား အီဒါဆန်ရဲ့ အမှားကို တော်မီနေး အသုံးချကာ ဂိုးသွင်းယူလိုက်တဲ့နောက် အိုးထရက်ဖို့ဒ် တစ်ကွင်းလုံး ဆူညံစွာ အောင်ပွဲ ခံခဲ့ကြတာပါ။ ဒီထဲမှာ ဆာအဲလက်စ်ပါ ပွဲကြည့်စင်ကနေ ပါဝင်ခဲ့ပါတယ်။
မန်စီးတီးကို နိုင်ပြီးနောက် ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိ မှတ်တမ်းကလည်း ၁၀ ပွဲ အထိ ရှိလာခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့် ၅ နေရာမှာ ရှိနေခဲ့ပါတယ်။ အဆင့် ၄ နေရာက ချယ်ဆီးနဲ့ ယူနိုက်တက်က ၃ မှတ်သာကွာပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် ယူနိုက်တက်တို့ ဆက်လက် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနုိ္ကတက္ ဂႏၱ၀င္နည္းျပၾကီး ဆာအဲလက္စ္ ဖာဂူဆန္ဟာ ညက မန္ခ်က္စတာဒါဘီပြဲကို ပြဲၾကည့္စင္ကေန အားေပးေနခဲ့ျပီး ပြဲျပီးခါနီး ေတာ္မီေနးရဲ႕ ပြဲသိမ္းအနိုင္ဂိုး ျမင္ရျပီးေနာက္ ျပံဳးေပ်ာ္ရႊင္ျမဴးေနတာကို ေတြ႔ခဲ့ရပါတယ္။
ယူနိုက္တက္ဟာ မန္ခ်က္စတာျမိဳ႕ခံ ျပိဳင္ဘက္ စီးတီးကို ၂ဂိုး ဂိုးမရွိနဲ႕ နုိင္ခဲ့တာ ျဖစ္ျပီး ၂၀၀၉-၁၀ ေဘာလံုးရာသီ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ စီးတီးကို တစ္ရာသီတည္း ပရီးမီးယားလိဂ္မွာ နွစ္ေက်ာ့လံုး အနိုင္ယူနုိင္ခဲ့တာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆိုးရွားက ဆာအဲလက္စ္ ဖာဂူဆန္ ေနာက္ပိုင္း စီးတီးကို နွစ္ေက်ာ့လံုးနုိင္တဲ့ ယူနိုက္တက္ မန္ေနဂ်ာလည္း ျဖစ္လာခဲ့တာပါ။
ဆာအဲလက္စ္ ဖာဂူဆန္က ျမိဳ႕ခံ ျပိဳင္ဘက္ မန္စီးတီးကို ဆူညံတဲ့ အိမ္နီးခ်င္းေတြလို႔ ခပ္ေလွာင္ေလွာင္ေခၚေလ့ ရွိျပီး မန္ခ်က္စတာမွာ ယူနိုက္တက္သာ လႊမ္းမိုးေနေအာင္ ထိန္းထားနိုင္ခဲ့သူ ျဖစ္ပါတယ္။
စီးတီးဟာ ပိုင္ရွင္ အေျပာင္းအလဲေနာက္ပိုင္း ဓနအင္အားၾကီးစြာ လိဂ္မွာ လႊမ္းမိုးဖို႔ ၾကိဳးစားလာတဲ့ေနာက္ အက်ပိုင္း ေရာက္လာခဲ့တဲ့ ယူနိုက္တက္လည္း ယွဥ္နိုင္ဖို႔ ခက္ခဲေနပါတယ္။ ဒါေပမယ့္ ညက ဒါဘီပြဲမွာ ဂိုးျပတ္ အနိုင္ရလိုုက္တာေၾကာင့္ ဆာအဲလက္စ္ တစ္ေယာက္ မဖံုးနုိင္ဘဲ အျပံဳးပန္းေ၀ေနတာကို ေတြ႔ခဲ့ရပါတယ္။
စီးတီး ဂိုးသမား အီဒါဆန္ရဲ႕ အမွားကို ေတာ္မီေနး အသံုးခ်ကာ ဂိုးသြင္းယူလိုက္တဲ့ေနာက္ အိုးထရက္ဖို႔ဒ္ တစ္ကြင္းလံုး ဆူညံစြာ ေအာင္ပြဲ ခံခဲ့ၾကတာပါ။ ဒီထဲမွာ ဆာအဲလက္စ္ပါ ပြဲၾကည့္စင္ကေန ပါ၀င္ခဲ့ပါတယ္။
မန္စီးတီးကို နုိင္ျပီးေနာက္ ယူနိုက္တက္ရဲ႕ ျပိဳင္ပြဲစံု ရွံုးပြဲ မရွိ မွတ္တမ္းကလည္း ၁၀ ပြဲ အထိ ရွိလာခဲ့ျပီး အမွတ္ေပးဇယားမွာ အဆင့္ ၅ ေနရာမွာ ရွိေနခဲ့ပါတယ္။ အဆင့္ ၄ ေနရာက ခ်ယ္ဆီးနဲ႕ ယူနိုက္တက္က ၃ မွတ္သာကြာျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာအတြက္ ယူနိုက္တက္တို႔ ဆက္လက္ ဖိအားေပးေနဆဲ ျဖစ္ပါတယ္။