BREAKING: စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည် ဗဟိုဘဏ် ကြေညာ

ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းမှာ စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဘက်က ကြေညာလာပါတယ်။

ရန်ကုန်မြို့မှာ ဆီပြတ်လပ်မှုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရကာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်လောက်ကစလို့ စက်သုံးဆီအကျပ်အတည်းကို စတင်ကြုံလာကြရတာပါ။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့က ဆီဆိုင်တိုင်းမှာ ကားအစီးရေ ရာနဲ့ချီ တန်းစီစောင့်ဆိုင်းကြရပြီး ဆီကို လိုသလောက် ဝယ်မရတော့ဘဲ ဆီရဖို့ ပိုခက်ခဲလာနေချိန်မှာ ဗဟိုဘဏ်ဘက်က အခုလို ကြေညာချက် ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။