ဘစ်ဆာကာဟာ အင်္ဂလန်လက်ရွေးစင်မှာ ပါဝင်ခွင့်ရသင့်ပြီလို့ ထောက်ခံမှုတွေ များပြားနေ
အိုထရတ်ဖိုဒ့်က မန်ချက်စတာဒါဘီမှာ အထူးခြေစွမ်းပြခဲ့သူ တစ်ဦးက လူငယ် ညာအစွန်လူ ဘစ်ဆာကာဖြစ်ပြီး သူဟာ ပြိုင်ဘက်ရဲ့ ဘယ်တောင်ပံတိုက်စ်ကို အပြည့်အဝ ထိန်းချုပ်ပြခဲ့သူဖြစ်တယ်။
စတာလင်နဲ့ ဘစ်ဆာကာရဲ့ တစ်ဦးချင်း ယှဉ်ပြိုင်မှုမှာ ဘစ်ဆာကာ အနိုင်ရခဲ့တာက သိသားလွန်းခဲ့သလို ဘယ်အစွန်လူ ဇင်ချန်ကို ကိုယ်တိုင်ကလည်း ဘစ်ဆာကာရဲ့ ထိုးဖောက်မှုတွေကို မဟန့်တားနိုင်ခဲ့ပါဘူး။ အရှိန်ပြင်းပြင်းနဲ့ မန်စီးတီး ဘယ်တောင်ပံကို ပြေးဝင်ကစားမှုတွေ ကိုယ်အသင်း ဧရိယာထဲမှာ ပိုင်နိုင်တဲ့ ဖြတ်လုမှုတွေကြောင့် မန်စီးတီးတိုက်စစ် တစ်ဘက်က သေနေခဲ့တယ်။
ဘစ်ဆာကာဟာ ကမ္ဘာအဆင့် ညာအစွန်လူဖြစ်နေပြီးလားဆိုတာကို သိရဖို့ လာမယ့်ရာသီမှာ နေမာ၊ ရော်နယ်ဒို အစရှိတဲ့ တိုက်စစ်သမားကောင်းတွေနဲ့ ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရဖို့ လိုအပ်မှာပါ။ ဒါပေမယ့်လို့ အင်္ဂလန်အသင်းအတွက်ကတော့ သူ့ရဲ့ ခံစစ်ပိုင်း ပိုင်နိုင် ကျွမ်းကျင်မှုက သတိပြုစရာ ဖြစ်လာခဲ့ကြောင်း ဂါရတ်ကွတ်က ပြောပါတယ်။
ဂါရတ်ကွတ်က သူမြင်ဖူးသမျှ ညာအစွန်လူတွေထဲမှာ ဖြတ်ထုတ်မှုကို ချိန်သားကိုက် အလုပ်နိုင်ဆုံးလို့ ချီးကျူးခဲ့ရတဲ့ ဘစ်ဆာကာက တစ်ပွဲလုံးဆိုရင်တော့ ဘောလုံးပြန်ဆယ်မှု ၈ ကြိမ်၊ ဖြတ်လုမှု ၈ ကြိမ်၊ တစ်ဦးချင်း ၃ ကြိမ်၊ ဖြတ်တေက်မှု ၃ ကြိမ်နဲ့ ဖြတ်တင်ဘော တားဆီးမှု ၂ ကြိမ်တို့ကို တစ်ဦးတည်း လုပ်နိုင်ခဲ့တာဖြစ်တယ်။
ခံစစ်ပိုင်းမှာ လုံခြုံလွန်းတဲ့ ဘစ်ဆာကာဟာ တိုက်စစ်ပိုင်း လိုက်ပါမှုမှာလည်း အတော်လေး တိုးတက်လာသူဖြစ်တယ်။ သူ့ကို ရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်တဲ့ တိုက်စစ်သမားတွေက ပရီးမီးယားလိဂ်မှာတောင် နည်းပါးစွာပဲ ရှိနေပါတယ်။ The Times ကတော့ ဘစ်ဆာကာရဲ့ ခံစစ်ပိုင်း အရည်အသွေးတွေကို မန်နေဂျာဆောက်ဂိတ် မြင်သင့်နေပါပြီလို့တောင် မန်ချက်စတာဒါဘီပွဲအပြီး သတင်းတစ်ရပ် ဖော်ပြခဲ့တာဖြစ်ပါတယ်။
ZAWGYI
အိုထရတ္ဖိုဒ့္က မန္ခ်က္စတာဒါဘီမွာ အထူးေျခစြမ္းျပခဲ့သူ တစ္ဦးက လူငယ္ ညာအစြန္လူ ဘစ္ဆာကာျဖစ္ျပီး သူဟာ ျပိဳင္ဘက္ရဲ႕ ဘယ္ေတာင္ပံတိုက္စ္ကို အျပည့္အဝ ထိန္းခ်ဳပ္ျပခဲ့သူျဖစ္တယ္။
စတာလင္နဲ႔ ဘစ္ဆာကာရဲ႕ တစ္ဦးခ်င္း ယွဥ္ျပိဳင္မႈမွာ ဘစ္ဆာကာ အႏုိင္ရခဲ့တာက သိသားလြန္းခဲ့သလို ဘယ္အစြန္လူ ဇင္ခ်န္ကို ကိုယ္တုိင္ကလည္း ဘစ္ဆာကာရဲ႕ ထိုးေဖာက္မႈေတြကို မဟန္႔တားႏုိင္ခဲ့ပါဘူး။ အရွိန္ျပင္းျပင္းနဲ႔ မန္စီးတီး ဘယ္ေတာင္ပံကို ေျပးဝင္ကစားမႈေတြ ကိုယ္အသင္း ဧရိယာထဲမွာ ပိုင္ႏုိင္တဲ့ ျဖတ္လုမႈေတြေၾကာင့္ မန္စီးတီးတိုက္စစ္ တစ္ဘက္က ေသေနခဲ့တယ္။
ဘစ္ဆာကာဟာ ကမၻာအဆင့္ ညာအစြန္လူျဖစ္ေနျပီးလားဆိုတာကို သိရဖို႔ လာမယ့္ရာသီမွာ ေနမာ၊ ေရာ္နယ္ဒို အစရွိတဲ့ တိုက္စစ္သမားေကာင္းေတြနဲ႔ ခ်န္ပီယံလိဂ္မွာ ယွဥ္ျပိဳင္ရဖို႔ လိုအပ္မွာပါ။ ဒါေပမယ့္လို႔ အဂၤလန္အသင္းအတြက္ကေတာ့ သူ႔ရဲ႕ ခံစစ္ပိုင္း ပိုင္ႏုိင္ ကၽြမ္းက်င္မႈက သတိျပဳစရာ ျဖစ္လာခဲ့ေၾကာင္း ဂါရတ္ကြတ္က ေျပာပါတယ္။
ဂါရတ္ကြတ္က သူျမင္ဖူးသမွ် ညာအစြန္လူေတြထဲမွာ ျဖတ္ထုတ္မႈကို ခ်ိန္သားကိုက္ အလုပ္ႏုိင္ဆံုးလို႔ ခ်ီးက်ဴးခဲ့ရတဲ့ ဘစ္ဆာကာက တစ္ပြဲလံုးဆိုရင္ေတာ့ ေဘာလံုးျပန္ဆယ္မႈ ၈ ၾကိမ္၊ ျဖတ္လုမႈ ၈ ၾကိမ္၊ တစ္ဦးခ်င္း ၃ ၾကိမ္၊ ျဖတ္ေတက္မႈ ၃ ၾကိမ္နဲ႔ ျဖတ္တင္ေဘာ တားဆီးမႈ ၂ ၾကိမ္တို႔ကို တစ္ဦးတည္း လုပ္ႏုိင္ခဲ့တာျဖစ္တယ္။
ခံစစ္ပိုင္းမွာ လံုျခံဳလြန္းတဲ့ ဘစ္ဆာကာဟာ တိုက္စစ္ပိုင္း လုိက္ပါမႈမွာလည္း အေတာ္ေလး တိုးတက္လာသူျဖစ္တယ္။ သူ႔ကို ရင္ဆိုင္ျပီး ေက်ာ္ျဖတ္ႏုိင္တဲ့ တိုက္စစ္သမားေတြက ပရီးမီးယားလိဂ္မွာေတာင္ နည္းပါးစြာပဲ ရွိေနပါတယ္။ The Times ကေတာ့ ဘစ္ဆာကာရဲ႕ ခံစစ္ပိုင္း အရည္အေသြးေတြကို မန္ေနဂ်ာေဆာက္ဂိတ္ ျမင္သင့္ေနပါျပီလို႔ေတာင္ မန္ခ်က္စတာဒါဘီပြဲအျပီး သတင္းတစ္ရပ္ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။