ရာသီကြိုမှာ ခြေစွမ်းပြခဲ့ပြီးမှ လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားတဲ့ မန်စီးတီး ကြယ်ပွင့်

မန်စီးတီးစတားအော်စကာဘော့ဘ်ဟာ လေ့ကျင့်ခန်းအစီအစဉ်အတွင်း အရိုးအက်ဒဏ်ရာကာ ကာလရှည်ကြာ အနားယူလာရတော့မှာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်ရှိ နော်ဝေလက်ရွေးစင်ကစားသမားဟာ မန်စီးတီးရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင် မည်သည့်ကစားသမားနှင့်မှ ထိတွေ့မှု မရှိဘဲ အရိုးအက်ဒဏ်ရာရရှိလာတာ ဖြစ်ပါတယ်။

မန်စီးတီးဆေးအဖွဲ့ဟာ အော်စကာဘော့ဘ်ရဲ့ ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ဘာစီလိုနာသို့ သွားရောက်စေကာ ဆေးကုသမှုခံယူလာစေပါမယ်။

ဘော့ဘ်ဟာ ၂၀၁၉ ခုနှစ်တွင် ဗလင်စီယာမှ မန်စီးတီးသို့ ပြောင်းလာသူ ဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲများတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပင်နယ်တီဖြင့် အနိုင်ရတဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ၈၉ မိနစ်ကစားခွင့်ရခဲ့ပါတယ်။

ဘော့ဘ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးအတွက် ၂၆ ပွဲကစားခွင့်ရခဲ့သူ ဖြစ်ပြီး ဖေဖော်ဝါရီလတုန်းက ၅ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။