ရန်ကုန်မှာ စက်သုံးဆီ ရည်ညွှန်းစျေးတွေ စတက်နေပါပြီ

ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ စက်သုံးဆီဝယ်ရခက်တဲ့ပြဿနာ ရင်ဆိုင်နေရတာ တစ်ပတ်ကြာရှိလာချိန်မှာ စက်သုံးဆီစျေးကလည်း တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်အထိရောက်လာပြီး စျေးမြင့်တက်လာတယ်လို့ ဒီကနေ့မနက်ပိုင်း ရန်ကုန်မြို့မှာ စက်သုံးဆီဝယ်ယူခဲ့သူတွေက ဘီဘီစီကိုပြောပါတယ်။

ဩဂုတ် ၁၆ ရက် မူရင်း ရည်ညွှန်းစျေးမှာတင် တစ်လီတာကို ကျပ် ၃,၀၀၀ ကျော်ဖြစ်လာပြီး စက်သုံးဆီတွေကိုလည်း လိုချင်သလောက် ဝယ်မရဘဲ ကျပ်သုံးသောင်းကနေ ငါးသောင်းအထိသာ အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရပါတယ်။

ရည်ညွှန်းစျေးအရ 92 Ron/နိုင်တီတူးတစ်လီတာကို ၂၉၀၀ ကျပ်၊ 95 Ron/နိုင်တီဖိုက် တစ်လီတာကို ၃၀၄၅ ကျပ်၊ HSD/ဒီဇယ် တစ်လီတာကို ၂၅၆၀ ကျော်ကနေ ၃၁၁၅ ကျပ် အထိ ရန်ကုန်မြို့က ဈေးနှုန်းတွေဖြစ်နေပြီး မန္တလေး၊ နေပြည်တော် အပါအဝင် တခြားနယ်မြို့နယ်တွေမှာ ဒီဈေးနှုန်းတွေထက် မြင့်တက်နေပါတယ်။

ဆီစျေး ထိပ်စည်းပြောင်းလာတာ ဒါပထမဆုံး အကြိမ်ဖြစ်သလို အမြင့်ဆုံးစျေးဖြစ်သွားပါပြီ။ ဆီပြတ်ပြီးပြန်ရရင် ဈေးတက်တာဟာ ပုံမှန်လိုဖြစ်နေပြီး ဒီနေ့မှာ တချို့ဆိုင်တွေချောင်နေပေမယ့် တချို့ ဆီအမျိုးအစားတွေ လိုသလောက်မရသေးဘူးလို့လည်း သိရပါတယ်။