ဆိုးရှားနဲ့ လာတွေ့တဲ့ ဘယ်လင်ဟမ်၊ ရောင်းခံရမယ့် လင်ဂတ် အပါအဝင် ယူနိုက်တက် နံနက်ခင်းသတင်းများ

ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် ခေါ်ယူမှုတွေထဲ ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်ခဲ့ပြီလို့ လုခ်ရှောက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဖာနန်ဒက်စဆီက ဒိထက် စွမ်းဆောင်ရည်ကောင်းတွေလည်း ထပ် လာဖို့ ရှိသေးကြောင်း ၎င်းက ပြိုင်ဘက်များအား သတိပေးခဲ့ပါတယ်။

ဘစ်ဆာကာဟာ ၂၀၂၀ ထဲမှာ အခွင့်အရေး ဖန်တီးမှု ၁၁ ကြိမ် လုပ်နိုင်ခဲ့ပြီး လီဗာပူးက ထရန့်ထက် ၁၁ ကြိမ် ပိုများပါတယ်။ ကာရေဂါကတော့ တစ်ဦးချင်းမှာ ဘစ်ဆာကာထက် ပိုကောင်းတဲ့ ကစားသမား မရှိနိုင်ဘူးလို့ ဆိုသွားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာ အသင်းခေါင်းဆောာင် ကွင်းလယ်ကစားသမား ဂရေးလစ်ချ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပြီ သတင်းထွက်ပေါ်နေပါတယ်။ ဂရေးလစ်ချ် စာချုပ်က ၂၀၂၃ မှ ကုန်ဆုံးမှာ ဖြစ်လို့ ၎င်းအတွက် ယူနိုက်တက်က ပေါင် သန်း ၇၀ လောက် သုံးရဖွယ် ရှိနေပါတယ်။

ရှက်ဖီးယူနိုက်တက်မှာ အငှား ကစားနေတဲ့ ဒင်း ဟန်ဒါဆန်ဟာ နောက်ရာသီမှာ ယူနိုက်တက် ဒါမှမဟုတ် ရှက်ဖီးကိုသာ ရွေးချယ်မှာ ဖြစ်ပြီး ၎င်းကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် အပါအဝင် အခြားအသင်းကြီးများကို စဉ်းစားဖို့ မရှိကြောင်း ဒင်းရဲ့ ရှက်ဖီးအသင်းဖော် ဘီလီရှပ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

လင်ဂတ်ဟာ နွေမှာ သေချာပေါက် ရောင်းထုတ်ခံရမှာဖြစ်ပြီး သူ့ရဲ့ တိုးတက်မှုကို ဆိုးရှား စိတ်ကုန်ခဲ့ပြီလို့ သိရတယ်။ ရာသီကုန်ထိလည်း ပွဲကစားခွင့်တွေ ပိုနည်းသွားဖို့ ရှိနေပါတယ်။

ဒေါ့မွန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပါတယ်ဆိုတဲ့ ဘာမင်ဂမ် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ မိဘတွေနဲ့အတူ ကာရင်တန် လေ့ကျင့်ရေးကို လာရောက်ပြီး မန်နေဂျာဆိုးရှားနဲ့ တွေ့ဆုံမှု လုပ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဂျူဗင်တပ်တိုက်စစ်သမား ဒိုင်ဘာလာကို ခေါ်ယူဖို့ အတော်လေး ကြိုးစားခဲ့ပေမယ့် ကစားသမားက ငွေကြေးထက် တူရင်မှာပဲ ဆက်နေချင်တာကြောင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ခြင်း ဖြစ်ပါတယ်။

ယူနိုက်တက် တောင်ပံတိုက်စစ်သမား တာဟစ်ချောင်ဟာ အသင်းက ထွက်ခွာမယ် သတင်းကြီးခဲ့ပေမယ့် ယူနိုက်တက်နဲ့ ပဲ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ ၎င်းစာချုပ်သစ် အရ ၂၀၂၂ ဇွန်လထိ အသင်းမှာ ဆက်ရှိမှာ ဖြစ်ပါတယ်။

Zawgyi – ဘရူနို ဖာနန္ဒက္စ္က ယူနိုက္တက္ ေခၚယူမႈေတြထဲ ေကာင္းမြန္တဲ့ ေခၚယူမႈ တစ္ခု ျဖစ္ခဲ့ျပီလို႔ လုခ္ေရွာက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။ ဖာနန္ဒက္စဆီက ဒိထက္ စြမ္းေဆာင္ရည္ေကာင္းေတြလည္း ထပ္ လာဖို႔ ရွိေသးေၾကာင္း ၄င္းက ျပိဳင္ဘက္မ်ားအား သတိေပးခဲ့ပါတယ္။

ဘစ္ဆာကာဟာ ၂၀၂၀ ထဲမွာ အခြင့္အေရး ဖန္တီးမႈ ၁၁ ၾကိမ္ လုပ္ႏုိင္ခဲ့ျပီး လီဗာပူးက ထရန္႔ထက္ ၁၁ ၾကိမ္ ပိုမ်ားပါတယ္။ ကာေရဂါကေတာ့ တစ္ဦးခ်င္းမွာ ဘစ္ဆာကာထက္ ပိုေကာင္းတဲ့ ကစားသမား မရွိႏုိင္ဘူးလို႔ ဆိုသြားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ဟာ အက္စတြန္ဗီလာ အသင္းေခါင္းေဆာာင္ ကြင္းလယ္ကစားသမား ဂေရးလစ္ခ်္ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနျပီ သတင္းထြက္ေပၚေနပါတယ္။ ဂေရးလစ္ခ်္ စာခ်ဳပ္က ၂၀၂၃ မွ ကုန္ဆံုးမွာ ျဖစ္လို႔ ၄င္းအတြက္ ယူနိုက္တက္က ေပါင္ သန္း ၇၀ ေလာက္ သံုးရဖြယ္ ရွိေနပါတယ္။

ရွက္ဖီးယူနိုက္တက္မွာ အငွား ကစားေနတဲ့ ဒင္း ဟန္ဒါဆန္ဟာ ေနာက္ရာသီမွာ ယူနိုက္တက္ ဒါမွမဟုတ္ ရွက္ဖီးကိုသာ ေရြးခ်ယ္မွာ ျဖစ္ျပီး ၄င္းကို စိတ္၀င္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ အပါအ၀င္ အျခားအသင္းၾကီးမ်ားကို စဥ္းစားဖို႔ မရွိေၾကာင္း ဒင္းရဲ႕ ရွက္ဖီးအသင္းေဖာ္ ဘီလီရွပ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

လင္ဂတ္ဟာ ေႏြမွာ ေသခ်ာေပါက္ ေရာင္းထုတ္ခံရမွာျဖစ္ျပီး သူ႔ရဲ႕ တိုးတက္မႈကို ဆိုးရွား စိတ္ကုန္ခဲ့ျပီလို႔ သိရတယ္။ ရာသီကုန္ထိလည္း ပြဲကစားခြင့္ေတြ ပိုနည္းသြားဖို႔ ရွိေနပါတယ္။

ေဒါ့မြန္ကို ေျပာင္းေရႊ႔ဖို႔ သေဘာတူညီမႈ ရထားပါတယ္ဆိုတဲ့ ဘာမင္ဂမ္ လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ဟာ မိဘေတြနဲ႔အတူ ကာရင္တန္ ေလ့က်င့္ေရးကို လာေရာက္ျပီး မန္ေနဂ်ာဆိုးရွားနဲ႔ ေတြ႔ဆံုမႈ လုပ္ခဲ့ပါတယ္။

ယူႏုိက္တက္ဟာ ဂ်ဴဗင္တပ္တိုက္စစ္သမား ဒိုင္ဘာလာကို ေခၚယူဖို႔ အေတာ္ေလး ၾကိဳးစားခဲ့ေပမယ့္ ကစားသမားက ေငြေၾကးထက္ တူရင္မွာပဲ ဆက္ေနခ်င္တာေၾကာင့္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ျခင္း ျဖစ္ပါတယ္။

ယူနိုက္တက္ ေတာင္ပံတုိက္စစ္သမား တာဟစ္ေခ်ာင္ဟာ အသင္းက ထြက္ခြာမယ္ သတင္းၾကီးခဲ့ေပမယ့္ ယူနိုက္တက္နဲ႕ ပဲ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ ၄င္းစာခ်ဳပ္သစ္ အရ ၂၀၂၂ ဇြန္လထိ အသင္းမွာ ဆက္ရွိမွာ ျဖစ္ပါတယ္။