မကြာခဏ စက်သုံးဆီပြတ်လပ်မှုတွေကြောင့် EV အပေါ် စိတ်ဝင်စားမှု များလာ

ပြည်တွင်းမှာ မကြာခဏ စက်သုံးဆီပြတ်လပ်မှုများရှိနေခြင်းကြောင့် EV ကားဘက် စိတ်ဝင်စား စုံစမ်းသူများပြားလာကြောင်း ကားဈေးကွက်မှ သိရပါတယ်။

လက်ရှိမှာ ဆီတွေတန်းစီနေရတာက ရန်ကုန်မြို့က ဆီကားမောင်းသူတွေကို အခက်အခဲတွေ ဖြစ်ပေါ်စေပါတယ်။ ဆီပြဿနာ မကြာခဏ ဖြစ်လာနေတာကြောင့် အခုနောက်ပိုင်းမှာ EV ကားတွေကို ပိုပြီး စိတ်ဝင်စားလာနေကြပါတယ်။

စျေးကွက်ထဲမှာ EV ကားအကြောင်း စုံစမ်းသူ များပြားလာသလို လပြတ်ဖြင့် ငှားရမ်းမှုများရှိလာကြောင်း၊ လက် ရှိ EV ကားဈေးကွက်တွင် ကျပ်သိန်း ၁၈၀၀၊ ၁၉၀၀ ပတ် ချာလည်ပေါက်ဈေးရှိကြောင်း သိရတယ်။

ရန်ကုန်မြို့မှာ နေ့စဉ်ပြေးဆွဲနေကြတဲ့ Taxi Driver တွေထဲမှာ အနည်းငယ် အဆင်ပြေနေတဲ့ ဂတ်စ် ကားတွေက အရောင်းပိုင်းရှားပါးလာတာကြောင့် ဈေးတွေတက်နေသလို၊ ဂတ်စ်တန်းစီရတာလည်း တခါတလေ နေ့တဝက်လောက်ထိ ကြာမြင့်တာမျိုးတွေလည်း ရှိတတ်ကြတယ်။

လက်ရှိ ရန်ကုန်မြို့တွင်းမှာ EV Taxi တွေလည်း ပြေးဆွဲလျက်ရှိပြီး အုံနာခကတော့ ဆီကားတွေ၊ ဂတ်စ်ကားတွေထက် နည်းနည်းပိုပေးရတယ်လို့လည်း သိရတယ်။ Taxi Driver တွေအနေနဲ့လည်း စက်သုံးဆီ အခက်အခဲမှာ EV Taxi တွေကို ပိုမိုစိတ်ဝင်စားလာနေကြပါတယ်။

EV Taxi တွေကို စိတ်ဝင်စားကြတဲ့ အချက်က အရစ်ကျရခြင်း၊ “0” ကီလိုနဲ့ ရခြင်းအပြင် ဂိတ်တွေမှာ ဂိတ်ကြေးကင်းလွှတ်ခွင့်တွေလို ကိစ္စတွေကြောင့် ပါဝင်ပါတယ်။

ဒါပေမယ့် ဆီကား မဟုတ်တဲ့ သီခြားလိုင်းတစ်ခုဖြစ်နေခြင်း၊ EV အားသွင်းဖို့ ကိစ္စအပေါ် အသားမကျခြင်းနဲ့ မကြာခဏ ပြတ်တောက်လေ့ရှိတဲ့ လျှပ်စစ်မီးအပေါ် စိုးရိမ်စိတ်တွေကလည်း EV Taxi ဘက် ဦးလှည့်ဖို့ရာ စိတ်ခေါ်မှုကြီးတွေ ဖြစ်နေဆဲလို့လည်း သိရပါတယ်။