ဖာနန်ဒက်စ်ကို ဝေဖန်ပြီး ယူနိုက်တက်ဘက် ဒိုင်လိုက်ခဲ့ကြောင့် စွပ်စွဲတဲ့ မန်စီးတီးအသင်းသားများ

မန်စီးတီး ကွင်းလယ်လူတွေဖြစ်တဲ့ ဂေါ်ဒိုဂန်နဲ့ ဘာနာတိုတို့က မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက် ရခဲ့တဲ့ အဖွင့်ဂိုးမတိုင်ခင် တည်ကန်ဘောက မရသင့်ပါဘူးလို့ ဝေဖန်စကား ပြောဆိုလိုက်ပါတယ်။

ဂေါ်ဒိုဂန်နဲ့ ဖာနန်ဒက်စ်တို့ ထိတွေ့မှုမှာ ပြင်းထန်တဲ့ ထိခိုက်မှု မဟုတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်အဖြစ် ယူနိုက်တက်ကို ပြစ်ဒဏ်ကန်ခွင့် ပေးခဲ့တာဖြစ်တယ်လို့ ၎င်းတို့က စွပ်စွဲခဲ့တာဖြစ်တယ်။

ဂေါ်ဒိုဂန် ” ဂိုးမရခင် တည်ကန်ဘောအနေအထားကို ကျနေ်ာတို့ စိတ်ပျက်ရပါတယ်။ အဲ့တာက ပြစ်ဒဏ်ကျူးလွန်ခဲ့တာတောင်မှ မဟုတ်ခဲ့ပါဘူး။ ဘောလုံးကိုပဲ ထိခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က မြက်ခင်းပေါ် လဲကျခဲ့ကာ အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြီးက ဒီဖြစ်ရပ်ကို မြင်ခဲ့ရဲ့လားဆိုတာတောင် မသိပါဘူး။ သူက ဒါကို ပြစ်ဒဏ်ဘောအဖြစ် ပေးခဲ့ပါတယ်။

ကျနော်အတွက်တော့ အရမ်းကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒါကို ရိုးသားစွာ ပြောရတာက ဒီဖြစ်ရပ်မှာ ကျနော်က ပါဝင်ခဲ့သူ တစ်ဦး ဖြစ်နေလို့ပါ။ အဲ့သည် ပြစ်ဒဏ်ကို ခွင့်ပြုပေးလိုက်ရပြီး ဒီကမှတစ်ဆင့် ဂိုးပေးလိုက်ရတာဆိုတာတော့ ဒီဖြစ်ရပ်က အတော်လေး နာကျင်ရစေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မန်စီးတီးကွင်းလယ်လူ ဘာနာတိုကလည်း ယူနိုက်တက်ရဲ့ အဖွင့်ဂိုးဟာ သွင်းဂိုးမဖြစ်သင့်ကြောင်းနဲ့ ဂန်ဒိုဂန်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုက ပြစ်ဒဏ်ပေးရလောက်အောင် ပြင်းထန်ခြင်း မရှိဘူးလို့ ဝေဖန်ခဲ့ပါသေးတယ်။

ဘာနာတိုက ” အဲ့သည်ဖြစ်ရပ်ကို ကျနေ်ာရှိနေတဲ့ နေရာကနေ ကြည့်မယ်ဆိုရင် ပြစ်ဒဏ် မပေးသင့်ပါဘူး။ အခြားသော ရှုထောင့်ကနေဆိုရင် ဒါက ပြစ်ဒဏ် ဖြစ်နိုင် မဖြစ်နိုင် မသိပါဘူး။ ဒါပေမယ့် ကစားသမားတွေလိုပဲ ကွင်းလယ်ဒိုင်တွေ မှားတာလည်း ဖြစ်နိုင်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္စီးတီး ကြင္းလယ္လူေတြျဖစ္တဲ့ ေဂၚဒိုဂန္နဲ႔ ဘာနာတိုတို႔က မန္ခ်က္စတာဒါဘီပြဲမွာ ယူႏုိက္တက္ ရခဲ့တဲ့ အဖြင့္ဂိုးမတိုင္ခင္ တည္ကန္ေဘာက မရသင့္ပါဘူးလို႔ ေဝဖန္စကား ေျပာဆိုလိုက္ပါတယ္။

ေဂၚဒိုဂန္နဲ႔ ဖာနန္ဒက္စ္တို႔ ထိေတြ႔မႈမွာ ျပင္းထန္တဲ့ ထိခိုက္မႈ မဟုတ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္အျဖစ္ ယူႏုိက္တက္ကို ျပစ္ဒဏ္ကန္ခြင့္ ေပးခဲ့တာျဖစ္တယ္လို႔ ၄င္းတို႔က စြပ္စြဲခဲ့တာျဖစ္တယ္။

ေဂၚဒိုဂန္ ” ဂိုးမရခင္ တည္ကန္ေဘာအေနအထားကို က်ေန္ာတုိ႔ စိတ္ပ်က္ရပါတယ္။ အဲ့တာက ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေတာင္မွ မဟုတ္ခဲ့ပါဘူး။ ေဘာလံုးကိုပဲ ထိခဲ့တာျဖစ္ျပီး ဖာနန္ဒက္စ္က ျမက္ခင္းေပၚ လဲက်ခဲ့ကာ ေအာ္ဟစ္ေနခဲ့တာျဖစ္ပါတယ္။ ဒိုင္လူၾကီးက ဒီျဖစ္ရပ္ကို ျမင္ခဲ့ရဲ႕လားဆိုတာေတာင္ မသိပါဘူး။ သူက ဒါကို ျပစ္ဒဏ္ေဘာအျဖစ္ ေပးခဲ့ပါတယ္။

က်ေနာ္အတြက္ေတာ့ အရမ္းကို စိတ္ပ်က္စရာ ေကာင္းခဲ့ပါတယ္။ ဒါကို ရိုးသားစြာ ေျပာရတာက ဒီျဖစ္ရပ္မွာ က်ေနာ္က ပါဝင္ခဲ့သူ တစ္ဦး ျဖစ္ေနလို႔ပါ။ အဲ့သည္ ျပစ္ဒဏ္ကို ခြင့္ျပဳေပးလိုက္ရျပီး ဒီကမွတစ္ဆင့္ ဂိုးေပးလိုက္ရတာဆိုတာေတာ့ ဒီျဖစ္ရပ္က အေတာ္ေလး နာက်င္ရေစပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မန္စီးတီးကြင္းလယ္လူ ဘာနာတိုကလည္း ယူႏုိက္တက္ရဲ႕ အဖြင့္ဂိုးဟာ သြင္းဂိုးမျဖစ္သင့္ေၾကာင္းနဲ႔ ဂန္ဒိုဂန္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈက ျပစ္ဒဏ္ေပးရေလာက္ေအာင္ ျပင္းထန္ျခင္း မရွိဘူးလို႔ ေဝဖန္ခဲ့ပါေသးတယ္။

ဘာနာတိုက ” အဲ့သည္ျဖစ္ရပ္ကို က်ေန္ာရွိေနတဲ့ ေနရာကေန ၾကည့္မယ္ဆိုရင္ ျပစ္ဒဏ္ မေပးသင့္ပါဘူး။ အျခားေသာ ရႈေထာင့္ကေနဆိုရင္ ဒါက ျပစ္ဒဏ္ ျဖစ္ႏုိင္ မျဖစ္ႏုိင္ မသိပါဘူး။ ဒါေပမယ့္ ကစားသမားေတြလိုပဲ ကြင္းလယ္ဒိုင္ေတြ မွားတာလည္း ျဖစ္ႏုိင္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။