မြင်းခြံမြို့နယ်ရှိ စင်ကာပူအခြေစိုက် ဓာတ်အားပေးစက်ရုံ ပြန်လည်ပတ်
စင်ကာပူအခြေစိုက် Sembcorp Industries သည် မြင်းခြံမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်ပတ်နေပြီဖြစ်ကြောင်း သောကြာနေ့(သြဂုတ် ၂၃) တွင် အစီရင်ခံထားသည်။
မြင်းခြံမြို့နယ်တွင် ၂၂၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ(မြင်းခြံ) ကို စင်ကာပူအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Temasek က ကျောထောက်နောက်ခံပြုထားခြင်းဖြစ်သည်။
အဆိုပါ စင်ကာပူအခြေစိုက် စွမ်းအင်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် နယ်မြေလုံ ခြုံရေးမငြိမ်သက်မှုကြောင့် မန္တလေးရှိ မြင်းခြံဓာတ်အားပေးစက်ရုံတွင် လုပ် ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းခဲ့ကြောင်း ဩဂုတ် ၁၂ ရက်က အသိပေးကြေညာခဲ့သည်။
စက်ရုံအနီးတစ်ဝိုက်တွင် ပဋိပက္ခများရပ်တန့်သွားသောကြောင့် Sembcorp ၏ ဝန်ထမ်းများသည် စက်ရုံသို့ ပြန်လည်လာရောက်လုပ်ကိုင်ရန် အန္တရာယ်ကင်း သောအခြေအနေဖြစ်ကြောင်းကို အကဲဖြတ်ပြီးနောက် ယာယီရပ်ဆိုင်းမှု ပြီးဆုံးပြီဖြစ်ကာ လုပ်ငန်းပြန်လည်ပတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီမှပြောကြားသည်။
” ပြန်လည်ပတ်တာ ကောင်းပါတယ်။ အဲဒီဟာရပ်လိုက်တဲ့ အကျိုးဆက်က လျှပ်စစ်မီးပြတ်တောက်တယ်။ လျှပ်စစ်မီးပြတ်တောက်လို့ ဂတ်စ်တွေမရတော့ဘူး။ ဂတ်စ်တွေမရတော့ YBS ကားတွေမထွက်နိုင်ဘူး။ အခြေခံလူတန်းစားပဲ ဒုက္ခရောက်ကြတာ။ အခုတော့ အဆင်ပြေသွားလောက် မှာပါ။” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
မြင်းခြံတွင်ရှိသည့် V- Power နှင့် Sembcorp သဘာဝဓာတ်ငွေ့သုံးစက်ရုံများ အရေးပေါ်ရပ်တန့်သွားခြင်းကြောင့် ၄၉၂၀ မဂ္ဂါဝပ် နာရီခန့် လျော့နည်းသွားကြောင်း အသိပေးထားသည်။