ထိပ်ဆုံးအဆင့်တွေ ပြန်တက်ဖို့ ယူနိုက်တက်မှာ အထူးတိုးတက်လာတဲ့ နေရာကို နဗီး ထောက်ပြ
ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးက အသင်းရဲ့ ကွင်းလယ်ဟာ အရင်က စိတ်ပျက်စရာ ကောင်းခဲ့ပေမဲ့လည်း အခုချိန်မှာတော့ ဖာနန်ဒက်စ် ရောက်လာမှုနဲ့အတူ ပြန်လည် တောက်ပလာခဲ့ပါပြီလို့ ပြောဆိုလိုက်ပါတယ်။
ကွင်းလယ်လူတွေ ကြံ့ခိုင်မှု ပြည့်ဝလာပြီး၊ ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူ့ခြင်းက ယူနိုက်တက် ကွင်းလယ် တိုးတက် ကောင်းမွန် လာစေခဲ့တဲ့ အကြောင်းရင်းဖြစ်တယ်။ ကွင်းလယ် လူတွေ ဖြစ်ကြတဲ့ ဖရက် ၊ တော်မီနေး နဲ့ မာတစ် တို့ရဲ့ တိုက်စစ်ရော ခံစစ် ကိုပါ ကူညီ ပေးနိုင် ခြင်းကလည်း အသင်းကို တိုးတက်လာစေခဲ့ပါတယ်။
နဗီးကပဲ ” ယူနိုက်တက် ကွင်းလယ်အကြောင်းကို ကျနော် အမြဲတမ်း တွေးနေခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တွေကို ကုန်ခဲ့တဲ့ ၁၈ လအတွင်း စိတ်ပျက်စရာ အကောင်းဆုံးက ဘယ်နေရာလဲလို့ မေးမယ်ဆိုရင် ကွင်းလယ်လို ဖြေကြမယ်လို့ ထင်ပါတယ်။
ဒါပေမယ့် အခုချိန်မှာ တော်မီနေး၊ ဖရက်နဲ့ မာတစ်တို့ကို ကြည့်မယ်ဆိုရင် ခြားနားတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ပါပြီ။ ဘရူနို ရောက်လာပြီးနောက်မှာ သူတို့က ခြားနားတဲ့ ကွင်းလယ်လူတွေဖြစ်လာပြီး အရင်တုန်းက မပိုင်ခဲ့တဲ့ ကွင်းလယ် အစုအဖွဲ့ကောင်းကို ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။
သူတို့တွေက လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ ကလပ်ရဲ့ အကောင်းဆုံး ကွင်းလယ်လားဆိုရင် မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က အသင်းအတွက် အစွမ်းကုန် ကြိုးစားပေးလိုကြခြင်းနဲ့အတူ ကွင်းလယ်ကောင်းတွေ ဖြစ်လာကြပါပြီ။ ဒါကို ခင်ဗျားတို့တွေ မြင်နိုင်ပါတယ်။
အသင်းပရိသတ်တွေရဲ့ အားပေးမှုကောင်းတွေကိုလည်း မမြင်ရတာ ကြာခဲ့ပါပြီ။ အခုတော့ အသင်းပရိသတ်တွေက ကောင်းမွန်တဲ့ နေ့ရက်တွေ ပြန်လည် ပိုင်ဆိုင်လာပြီဖြစ်တယ်။ ကလပ်က တိုးတက်လာပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထိပ်ဆုံး ၄ သင်းထဲတော့ မဝင်သေးပါဘူး။ ဒါပေမယ့်လည်း ဆိုးရှားနဲ့ အသင်းသားတွေအတွက် သိပ်ကောင်းတဲ့ အခိုက်အတန့်ပါပဲ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္ ကစားသမားေဟာင္းၾကီး ဂယ္ရီ နဗီးက အသင္းရဲ႕ ကြင္းလယ္ဟာ အရင္က စိတ္ပ်က္စရာ ေကာင္းခဲ့ေပမဲ့လည္း အခုခ်ိန္မွာေတာ့ ဖာနန္ဒက္စ္ ေရာက္လာမႈနဲ႔အတူ ျပန္လည္ ေတာက္ပလာခဲ့ပါျပီလို႔ ေျပာဆိုလိုက္ပါတယ္။
ကြင္းလယ္လူေတြ ႀကံ့ခိုင္မႈ ျပည့္ဝလာျပီး၊ ဘ႐ူႏို ဖာနန္ဒက္စ္ကို ေခၚယူ႔ျခင္းက ယူႏိုက္တက္ ကြင္းလယ္ တိုးတက္ ေကာင္းမြန္ လာေစခဲ့တဲ့ အေၾကာင္းရင္းျဖစ္တယ္။ ကြင္းလယ္ လူေတြ ျဖစ္ၾကတဲ့ ဖရက္ ၊ ေတာ္မီေနး နဲ႔ မာတစ္ တို႔ရဲ႕ တိုက္စစ္ေရာ ခံစစ္ ကိုပါ ကူညီ ေပးႏိုင္ ျခင္းကလည္း အသင္းကို တိုးတက္လာေစခဲ့ပါတယ္။
နဗီးကပဲ ” ယူႏုိက္တက္ ကြင္းလယ္အေၾကာင္းကို က်ေနာ္ အျမဲတမ္း ေတြးေနခဲ့ပါတယ္။ ယူႏုိက္တက္ ပရိသတ္ေတြကို ကုန္ခဲ့တဲ့ ၁၈ လအတြင္း စိတ္ပ်က္စရာ အေကာင္းဆံုးက ဘယ္ေနရာလဲလို႔ ေမးမယ္ဆိုရင္ ကြင္းလယ္လို ေျဖၾကမယ္လို႔ ထင္ပါတယ္။
ဒါေပမယ့္ အခုခ်ိန္မွာ ေတာ္မီေနး၊ ဖရက္နဲ႔ မာတစ္တို႔ကို ၾကည့္မယ္ဆိုရင္ ျခားနားတဲ့ ကစားသမားေတြ ျဖစ္လာခဲ့ပါျပီ။ ဘရူႏို ေရာက္လာျပီးေနာက္မွာ သူတို႔က ျခားနားတဲ့ ကြင္းလယ္လူေတြျဖစ္လာျပီး အရင္တုန္းက မပိုင္ခဲ့တဲ့ ကြင္းလယ္ အစုအဖြဲ႔ေကာင္းကို ပိုင္ဆိုင္လာခဲ့တာျဖစ္ပါတယ္။
သူတို႔ေတြက လြန္ခဲ့တဲ့ ၈ ႏွစ္အတြင္းမွာ ကလပ္ရဲ႕ အေကာင္းဆံုး ကြင္းလယ္လားဆိုရင္ မဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔က အသင္းအတြက္ အစြမ္းကုန္ ၾကိဳးစားေပးလိုၾကျခင္းနဲ႔အတူ ကြင္းလယ္ေကာင္းေတြ ျဖစ္လာၾကပါျပီ။ ဒါကို ခင္ဗ်ားတို႔ေတြ ျမင္ႏုိင္ပါတယ္။
အသင္းပရိသတ္ေတြရဲ႕ အားေပးမႈေကာင္းေတြကိုလည္း မျမင္ရတာ ၾကာခဲ့ပါျပီ။ အခုေတာ့ အသင္းပရိသတ္ေတြက ေကာင္းမြန္တဲ့ ေန႔ရက္ေတြ ျပန္လည္ ပိုင္ဆိုင္လာျပီျဖစ္တယ္။ ကလပ္က တိုးတက္လာေပမယ့္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ ထိပ္ဆံုး ၄ သင္းထဲေတာ့ မဝင္ေသးပါဘူး။ ဒါေပမယ့္လည္း ဆိုးရွားနဲ႔ အသင္းသားေတြအတြက္ သိပ္ေကာင္းတဲ့ အခိုက္အတန္႔ပါပဲ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။