ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့မှာ မိုးကြီးကာ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်ကြောင်း သတိပေး
မြန်မာနိုင်ငံတွင် တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ် ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံ၌ သြဂုတ် ၃၁ ရက် အတွင်း ရန်ကုန်တိုင်းအပါအဝင် ပြည် နယ်နှင့် တိုင်းဒေသကြီးအချို့တွင် မိုးကြီးနိုင်ကြောင်း သိရသည်။
“မိုးမဆက်မပြတ်ရွာသွန်းပြီး ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ ရေကြီးရေလျှံမှုဖြစ်ပေါ် နိုင်ပါတယ်။ အဓိကမှာချင်တာက ကမ်း ခြေနဲ့အနီးတစ်ဝိုက်မှာနေသူတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ပေးဖို့နဲ့ အနိမ့်ပိုင်းဒေသအချို့မှာ နေသူတွေအနေနဲ့ မိမိတို့ရဲ့အရေကြီးတဲ့ စာရွက်စာ တမ်းတွေ သိမ်းဆည်းထားပြီး ရွှေ့ပြောင်းရလွယ်ကူအောင် ကြိုတင်စီမံထားဖို့ လိုအပ်ပါတယ်။” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးရွာအဆက်မပြတ်ရွာသွန်းနိုင်သည့် နိုင်ငံတဝှမ်းက ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ မိုးထစ်ချုန်းရွာကာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားကြောင်း သိရသည်။