ပြိုင်ဘက်ဟောင်းကြီး ထုတ်ပြောတဲ့ မန်စီးတီးအသင်းသား အမြဲ ထိန့်လန့်နေရမယ့် ယူနိုက်တက် အသင်းသား
အင်္ဂလန်ခံစစ်မှူးဟောင်းကြီး ကာရေဂါက ဝမ်ဆစ်ဘာကာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးသော တစ်ဦးချင်း ထူးချွန်တဲ့ အစွန်လူ တစ်သီးအဖြစ် ချီးကျူးမှု ပြုလုပ်သွားပါတယ်။
ယူနိုက်တက်နဲ့ မန်စီးတီးပွဲမှာ တိုက်စစ်သမား စတာလင်ဟာ ဘစ်ဆာကာရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရပြီး လာမယ့် ဒါဘီပွဲတွေမှာ ဂွာဒီယိုလာ အနေနဲ့ စတာလင်ကို ဘစ်ဆာကာနဲ့ ရင်ဆိုင်စေဖို့ စဉ်းစားရပါလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ အင်္ဂလန်လက်ရွေးစင် စတာလင်ဟာ ဒီရာသီ ဘစ်ဆာကာနဲ့ ရင်ဆိုင်တိုင်းမှာ အခက်အခဲကြီးတွေနဲ့ ရင်ဆိုင်ထားရတာ ဖြစ်ပါတယ်။
ကာရေဂါက ” ပြိုင်ဆိုင်မှု ပြင်းထန်လာတာက စတာလင်နဲ့ ဘစ်ဆာကာတို့ ထိပ်တိုက်တွေ့မှုပါ။ နောက်တစ်ကြိမ် အိုလီနဲ့ တွေ့ဆုံရင် ဘာလုပ်ရမလဲဆိုတာကို ပပ်က စဉ်းစားနေလောက်ပြီလို့ ကျနော် ထင်တယ်။ သူက ဘစ်ဆာကာနဲ့ ရင်ဆိုင်ဖို့ စတာလင်ကို မတည့်ဖို့တောင် စဉ်းစားနိုင်ပါတယ်။
စတာလင်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘယ်တောင်ပံသမား တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် ဘစ်ဆာကာက လာခဲ့လိုက်စမ်းပါလို့ စိန်ခေါ်နေတယ်။ ဘစ်ဆာကာဟာ ကမ္ဘာပေါ်က အကောင်းဆုံးသော တစ်ဦးချင်းပိုင်း ပိုင်နိုင်တဲ့ အစွန် ခံစစ်သမားလို့ ထင်ပါတယ်။ တစ်ဦးချင်း အနေအထားမှာ သူ့ထက် ပိုကောင်းမယ့် ကစားသမားကို ကျနော် စဉ်းစားလို့ မရပါဘူး။
မန်စီးတီးက စတာလင်ကို ဘယ်ခြမ်းမှာ ထုတ်သုံးပြီး အလံဖြူထောင်ပါဆိုတာမျိုးကို ပြောလိုတာ မဟုတ်ပါဘူး။ ဦးနှောက် သုံးရပါမယ်။ ကျနော်သာ ဂွာဒီယိုလာ နေရာမှာဆိုရင် စတာလင်ကို ညာခြမ်းတွေမှာ သုံးသွားမှာပါ။ ကိုယ်ကို အနိုင်ယူတဲံ အသင်းတစ်သင်း မန်နေဂျာတစ်ဦးနဲ့ ရင်ဆိုင်ရာမှာ ခြားနားတဲ့ နည်းလမ်းတွေ အသုံးပြုဖို့ လိုပါတယ်။ မန်ချက်စတာဒါဘီမှာတော့ ဘစ်ဆာကာကို ရှောင်ရှားဖို့ စတာလင်က အခြားတစ်ဘက်ကို သွားကစားဖို့ လိုအပ်နေခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI