ဘရူနို အပြောင်းအရွှေ့အတွက် ယူနိုက်တက်ဘက်က ၆ လထိ စောင့်ခဲ့ရခြင်း အကြောင်းရင်း

ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ် အပြောင်းအရွှေ့ သဘောတူညီချက်ရဖို့ ၆ လစောင့်ခဲ့ရတဲ့ အကြောင်းရင်းတစ်ချက်က မှန်ကန်တဲ့ ခေါ်ယူမှုအဖြစ် ပြုလုပ်လိုခြင်းကြောင့်လို့ The Athletic က ဖော်ပြသွားပါတယ်။

နွေတုန်းက ယူနိုက်တက်ရဲ့ မူရင်းပစ်မှတ်က ဖာနန်ဒက်စ် မဟုတ်ခဲ့ပဲ မန်စီးတီးကွင်းလယ်လူ ရိုဒရီဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဘက်က ကွင်းလယ် နံပါတ် ၁၀ နေရာထက် ကွင်းလယ် နံပါတ် ၆ နေရာအတွက်ကိုပဲ ဦးစားပေးရမယ်လို့ စဉ်းစားခဲ့တာပါ။ ဒါပေမယ့်လို့ စပိန်သားဟာ ဂျူလိုင်လ ၄ ရက်နေ့မှာ မန်စီးတီးထံ ပြောင်းရွှေ့ဖို့ အပြီးသတ် ကြေညာခဲ့တာဖြစ်တယ်။

နောက်ထပ် ပစ်မှတ်အဖြစ် ယူနိုက်တက်က ဘရူနိုအတွက် ကြိုးစားချိန်မှာ ယူရို သန်း ၈၀ ဈေးတောင်းခြင်း ခံခဲ့ရပါတယ်။ ကလပ်အသင်း တာဝန်ရှိသူတွေက တောင်ဆိုမှုကို လက်ခံမယ့်အစား ဘရူနိုအတွက် မှန်ကန်တဲ့ ညိနှိုင်းမှုကို ပြုလုပ်ဖို့ ကြိုးစားလိုခဲ့တယ်။ ဒါပေမယ့်လည်း နွေအပြောင်းအရွှေ့မှာ စပို့တင်းဘက်က တောင့်ခံမှုကြောင့် အဆင်မပြေခဲ့ပါဘူး။

ဇန်နဝါရီမှာတော့ ယူနိုက်တက်က နွေအပြောင်းအရွှေ့တုန်းကထက် သက်သာမယ့် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်းပေးမှုနဲ့အတူ ဘရူနိုကို ခေါ်ယူနိုင်ခဲ့တယ်။ စပို့တင်းကို ကစားသမားနဲ့ ပက်သက်ပြီဒ အနာဂတ်ဆိုင်ရာ ဆုကြေးပေးဖို့ အစီအစဉ်မှာတော့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ပါဝင်တဲ့ တစ်ဦးချင်းအောင်မြင်မှုဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်ကာ ယူရို သန်း ၈၀ ထိ ရောက်နိုင်တဲ့ သဘောတူညီမှုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကနဦးပစ်မှတ် ရိုဒရီဟာ ယူရို သန်း ၇၀ နဲ့ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ အနာဂတ်မှာတော့ သူနဲ့ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ဘက်က ရွေးချယ်မှုက မှန်ကန်လားဆိုတာကို ဆုဖလားတွေနဲ့ သက်သေပြနိုင်တဲ့ အချိန်တွေ ရောက်လာဖို့ မျှော်လင့်ထားရတာ ဖြစ်ပါတယ်။

ZAWGYI

ယူႏုိုက္တက္က ဘရူႏိုဖာနန္ဒက္စ္ အေျပာင္းအေရႊ႔ သေဘာတူညီခ်က္ရဖို႔ ၆ လေစာင့္ခဲ့ရတဲ့ အေၾကာင္းရင္းတစ္ခ်က္က မွန္ကန္တဲ့ ေခၚယူမႈအျဖစ္ ျပဳလုပ္လိုျခင္းေၾကာင့္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။

ေႏြတုန္းက ယူႏုိက္တက္ရဲ႕ မူရင္းပစ္မွတ္က ဖာနန္ဒက္စ္ မဟုတ္ခ့ဲပဲ မန္စီးတီးကြင္းလယ္လူ ရိုဒရီျဖစ္ခဲ့ပါတယ္။ ယူႏုိက္တက္ဘက္က ကြင္းလယ္ နံပါတ္ ၁၀ ေနရာထက္ ကြင္းလယ္ နံပါတ္ ၆ ေနရာအတြက္ကိုပဲ ဦးစားေပးရမယ္လို႔ စဥ္းစားခဲ့တာပါ။ ဒါေပမယ့္လို႔ စပိန္သားဟာ ဂ်ဴလိုင္လ ၄ ရက္ေန႔မွာ မန္စီးတီးထံ ေျပာင္းေရႊ႔ဖို႔ အျပီးသတ္ ေၾကညာခဲ့တာျဖစ္တယ္။

ေနာက္ထပ္ ပစ္မွတ္အျဖစ္ ယူႏုိက္တက္္က ဘရူႏိုအတြက္ ၾကိဳးစားခ်ိန္မွာ ယူရို သန္း ၈၀ ေစ်းေတာင္းျခငး္ ခံခဲ့ရပါတယ္။ ကလပ္အသင္း တာဝန္ရွိသူေတြက ေတာင္ဆိုမႈကို လက္ခံမယ့္အစား ဘရူႏိုအတြက္ မွန္ကန္တဲ့ ညိႏိႈင္းမႈကို ျပဳလုပ္ဖို႔ ၾကိဳးစားလိုခဲ့တယ္။ ဒါေပမယ့္လည္း ေႏြအေျပာင္းအေရႊ႔မွာ စပို႔တင္းဘက္က ေတာင့္ခံမႈေၾကာင့္ အဆင္မေျပခဲ့ပါဘူး။

ဇန္နဝါရီမွာေတာ့ ယူႏုိက္တက္္က ေႏြအေျပာင္းအေရႊ႔တုန္းကထက္ သက္သာမယ့္ ကနဦး ေျပာင္းေရႊ႔ေၾကး ယူရို ၅၅ သန္းေပးမႈနဲ႔အတူ ဘရူႏိုကို ေခၚယူႏုိင္ခဲ့တယ္။ စပို႔တင္းကို ကစားသမားနဲ႔ ပက္သက္ျပီဒ အနာဂတ္ဆိုင္ရာ ဆုေၾကးေပးဖို႔ အစီအစဥ္မွာေတာ့ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု ပါဝင္တဲ့ တစ္ဦးခ်င္းေအာင္ျမင္မႈဆိုင္ရာ သေဘာတူညီခ်က္ေတြ ပါဝင္ကာ ယူရို သန္း ၈၀ ထိ ေရာက္ႏုိင္တဲ့ သေဘာတူညီမႈကို ျပဳလုပ္ႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္ရဲ႕ ကနဦးပစ္မွတ္ ရိုဒရီဟာ ယူရို သန္း ၇၀ နဲ႔ မန္စီးတီးကို ေျပာင္းေရႊ႔ခဲ့ျခင္းျဖစ္ကာ အနာဂတ္မွာေတာ့ သူနဲ႔ ဖာနန္ဒက္စ္အတြက္ ယူႏုိက္တက္ဘက္က ေရြးခ်ယ္မႈက မွန္ကန္လားဆိုတာကို ဆုဖလားေတြနဲ႔ သက္ေသျပႏုိင္တဲ့ အခ်ိန္ေတြ ေရာက္လာဖို႔ ေမွ်ာ္လင့္ထားရတာ ျဖစ္ပါတယ္။