ကွင်းပိတ်ပွဲ ကန်ရဖို့ ရှိနေခြင်း၊ ဖရတ်ရဲ့ စိန်ခေါ်မှု၊ ဗိုင်းရပ်အန္တရာယ်၊ စမောလင်းနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
စီးရီးအေနဲ့ လာလီဂါမှာ ဘောလုံးပွဲတွေကို ပရိသတ် မပါပဲ ကျင်းပပြုလုပ်ဖို့ အမိန့်တွေ ချမှတ်လားပြီး ယူနိုက်တက် ခံစစ်သမားဟောင်း ဂယ်ရီနဗီးက ပွဲတွေကို ကွင်းပိတ်ကန်ဖို့ထက် ရက်ရွှေ့ဆိုင်းလိုက်ဖို့ကိုပဲ ပိုမို ဆန္ဒရှိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်နဲ့ စပါးပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် မိုင်ကယ် အိုလီဘာက ကိုင်တွယ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်လာပါပြီ။
ရှက်ဖီးထံ အငှားထွက်နေတဲ့ ယူနိုက်တက် ဂိုး သမားလေး ဒိန်း ဟန်ဒါဆင် ဟာ လာမယ့် ရာသီသစ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွဲထွက် ခွင့် အာမခံချက် မရရှိခဲ့ပါက ရှက်ဖီးကို ပြန်လာခဲ့မယ်လို့ အသင်း ဖော်တွေကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။
ယူနိုက်တက် ဘယ် နောက်ခံလူ လုရှောက အသင်းဖော် ကွင်းလယ် ကစားသမား သစ် ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဆီက နောက်ထပ် တွေ့မြင် ရလိမ့်မယ့် အရည်အသွေး ကောင်းတွေ များစွာ ရှိနေ သေးကြောင်း ပြိုင်ဖက် တွေကို သတိပေး စကား ပြောကြားလိုက်ပါတယ်။
ယူနိုက်တက်ဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့် LASK နဲ့ ပြိုင်ပွဲမှာ ကွင်းပိတ်ပွဲအဖြစ် ကစားရဖို့ နီးစပ်နေပြီး အတည်ပြု သတင်းတွေကို ရဖို့ စောင့်နေပါတယ်။ အဆိုပါပွဲကို အများဆုံးမှ ပရိသတ် ၅၀၀ ပဲ ကြည့်ခွင့်ရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ပိုင်ဆိုင်ထားတဲ့ ရှူံးပွဲမရှိ စံချိန်ကောင်းကို ဆက်လက် ထိန်းသိမ်းကြမယ်လို့ အသင်းဖော်တွေကို ကွင်းလယ်လူ ဖရတ်က စိန်ခေါ်မှု ပြုလုပ်သွားပါတယ်။
ပေါ့ဘာရဲ့ ညီကိုဖြစ်သူ ဖလော်ရန်တင်က ပေါ့ဘာဟာ အနာဂတ်မှာ ရီးရဲမက်ဒရစ်ကို ရွေးချယ်သင့်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်နဲ့ အနာဂတ် မရေရာချိန်မှာ ပေါ့ဘာရဲ့ အသိုင်းအဝိုင်းက ပါးစပ်စည်း မစောင့်မှုတွေက ဆက်ရှိနေဆဲပါ။
နော်တစ်ဟမ်ဖော့ရက်စ်အသင်း ပိုင်ရှင်ဖြစ်သူက သူ့မှာ ကိုရိုနာဗိုင်းရပ် ရှိနေတယ်လို့ တရားဝင် ထုတ်ပြောလိုက်တဲ့နောက် သူ ဖက်လဲတကင် လုပ်ထားတဲ့ နော်တင်ဟမ်ဖော်ရက်စ် အသင်းသားတွေက ဆေးစစ်မှုတွေ ခံယူရတော့မယ်လို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခံစစ်ကစားသမား ခရစ်စမောလင်းကို ပရီးမီးယားလိဂ်အသင်းတချို့ကနေ ပြန်လည်ခေါ်ယူဖို့တောင် စိတ်ဝင်စားလာခဲ့ကြပြီး အဆိုပါ အသင်းတွေထဲ အာဆင်နယ်လည်း ပါဝင်လာပါတယ်။
ZAWGYI
စီးရီးေအနဲ႔ လာလီဂါမွာ ေဘာလံုးပြဲေတြကို ပရိသတ္ မပါပဲ က်င္းပျပဳလုပ္ဖို႔ အမိန္႔ေတြ ခ်မွတ္လားျပီး ယူႏုိက္တက္ ခံစစ္သမားေဟာင္း ဂယ္ရီနဗီးက ပြဲေတြကို ကြင္းပိတ္ကန္ဖို႔ထက္ ရက္ေရႊ႔ဆိုင္းလိုက္ဖို႔ကိုပဲ ပိုမို ဆႏၵရွိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ယူႏုိက္တက္နဲ႔ စပါးပြဲကို ကြင္းလယ္ဒိုင္လူၾကီးအျဖစ္ မိုင္ကယ္ အိုလီဘာက ကိုင္တြယ္သြားမွာျဖစ္ေၾကာင္း တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္လာပါျပီ။
ရွက္ဖီးထံ အငွားထြက္ေနတ့ဲ ယူႏိုက္တက္ ဂိုး သမားေလး ဒိန္း ဟန္ဒါဆင္ ဟာ လာမယ့္ ရာသီသစ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းမွာ ပြဲထြက္ ခြင့္ အာမခံခ်က္ မရရွိခဲ့ပါက ရွက္ဖီးကို ျပန္လာခဲ့မယ္လို႔ အသင္း ေဖာ္ေတြကို ကတိေပးခဲ့တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ ဘယ္ ေနာက္ခံလူ လုေရွာက အသင္းေဖာ္ ကြင္းလယ္ ကစားသမား သစ္ ျဖစ္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ ဆီက ေနာက္ထပ္ ေတြ႕ျမင္ ရလိမ့္မယ့္ အရည္အေသြး ေကာင္းေတြ မ်ားစြာ ရွိေန ေသးေၾကာင္း ၿပိဳင္ဖက္ ေတြကို သတိေပး စကား ေျပာၾကားလိုက္ပါတယ္။
ယူႏုိက္တက္ဟာ ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ LASK နဲ႔ ျပိဳင္ပြဲမွာ ကြင္းပိတ္ပြဲအျဖစ္ ကစားရဖို႔ နီးစပ္ေနျပီး အတည္ျပဳ သတင္းေတြကို ရဖို႔ ေစာင့္ေနပါတယ္။ အဆိုပါပြဲကို အမ်ားဆံုးမွ ပရိသတ္ ၅၀၀ ပဲ ၾကည့္ခြင့္ရဖို႔ ရွိေနပါတယ္။
ယူႏုိက္တက္ပိုင္ဆိုင္ထားတဲ့ ရွံဴးပြဲမရွိ စံခ်ိန္ေကာင္းကို ဆက္လက္ ထိန္းသိမ္းၾကမယ္လို႔ အသင္းေဖာ္ေတြကို ကြင္းလယ္လူ ဖရတ္က စိန္ေခၚမႈ ျပဳလုပ္သြားပါတယ္။
ေပါ့ဘာရဲ႕ ညီကိုျဖစ္သူ ဖေလာ္ရန္တင္က ေပါ့ဘာဟာ အနာဂတ္မွာ ရီးရဲမက္ဒရစ္ကို ေရြးခ်ယ္သင့္တယ္လို႔ ေထာက္ခံေျပာဆိုလိုက္ပါတယ္။ ယူႏုိက္တက္နဲ႔ အနာဂတ္ မေရရာခ်ိန္မွာ ေပါ့ဘာရဲ႕ အသိုင္းအဝိုင္းက ပါးစပ္စည္း မေစာင့္မႈေတြက ဆက္ရွိေနဆဲပါ။
ေနာ္တစ္ဟမ္ေဖာ့ရက္စ္အသင္း ပိုင္ရွင္ျဖစ္သူက သူ႔မွာ ကိုရုိနာဗိုင္းရပ္ ရွိေနတယ္လို႔ တရားဝင္ ထုတ္ေျပာလိုက္တဲ့ေနာက္ သူ ဖက္လဲတကင္ လုပ္ထားတဲ့ ေနာ္တင္ဟမ္ေဖာ္ရက္စ္ အသင္းသားေတြက ေဆးစစ္မႈေတြ ခံယူရေတာ့မယ္လို႔ သိရပါတယ္။
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ခံစစ္ကစားသမား ခရစ္စေမာလင္းကို ပရီးမီးယားလိဂ္အသင္းတခ်ိဳ႕ကေန ျပန္လည္ေခၚယူဖို႔ေတာင္ စိတ္ဝင္စားလာခဲ့ၾကျပီး အဆုိပါ အသင္းေတြထဲ အာဆင္နယ္လည္း ပါဝင္လာပါတယ္။