စံချိန်တင်လုပ်ခနဲ့ သက်တမ်းတိုးမယ့် ပေါ့ဘာ၊ အဓိက ပစ်မှတ် ၂ ဦး၊ စပွန်ဆာအသစ်နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

ပေါ့ဘာဟာ ဒီအပတ်မှာ ကလပ်နဲ့ လေ့ကျင့်ရေး ပြန်ဆင်းမှာဖြစ်ပြီး LASK နဲ့ပွဲမှာ ပါဝင်လာနိုင်ပါတယ်။ မဟုတ်ရင်တော့ စပါးနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက်မှာ ပေါ့ဘာဟာ ဦးဆောင်သူတစ်ဦးအဖြစ် ကစားနိုင်မယ်လို့ ယုံကြည်နေသလို စိတ်ပိုင်းဖြတ်ထားတာလည်း ရှိတယ်လို့ သိရတယ်။ သူဟာ ကလပ်မှာ လက်ရှိ တစ်ပတ်လုပ်ခ ၃ သိန်းရနေပြီး စာချုပ်သစ်မှာ ၄ သိန်းထိရဖို့ မျှော်လင့်ထားပါတယ်။

ယူနိုက်တက်အသင်းသားတွေက မန်နေဂျာဆိုးရှားဟာ ကလပ်ကို အကောင်းဆုံး ဦးဆောင်နေတယ်လို့ ယုံကြည်နေကြောင်း ကစားသမားတွေနဲ့ ရင်းနှီးတဲ့ အတွင်းပိုင်းလူက the athletic ကို သတင်းပေးသွားပါတယ်။

နွေအပြောင်းအရွှေ့အတွက် အဓိက ခေါ်ယူမှုအဖြစ် ဒေါ့မွန်မှ ဆန်ချိုနဲ့ အက်စတွန်ဗီလာမှ ဂရီလစ်တို့ နှစ်ဦးဟာ ယူနိုက်တက်ရဲ့ အဓိက ပစ်မှတ်ထဲ ပါဝင်လာကြောင်း the athletic က ဖော်ပြပါတယ်။

ယူနိုက်တက်ဟာ ကလပ်အသင်း အဓိက စပွန်ဆာအဖြစ် အဖွဲ့အစည်းသစ်နဲ့ ဆွေးနွေးမှု အဆင်ပြေနေပါတယ်။ အတည်ပြုချက်တွေ မလုပ်သေးပေမယ့်လို့ ရင်ဘတ်မှာ စပွန်ဆာပုံစံ ထည့်သွင်းမှုကိုတောင် စမ်းသပ် ချုပ်လုပ်ကြည့်နေပြီလို့ သိရတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာကို ပရီးမီးယားလိဂ်မှ လီဗာပူး၊ မန်စီးတီးနဲ့ ယူနိုက်တက်တို့ အပြိုင် ခေါ်ယူလိုနေကြပြီး ဂျာမန်သား ကိုယ်တိုင်ကတော့ ဘယ်အသင်းကို ရွေးချယ်ရမလဲ မသေချာသေးသလို လိုက်ပ်ဇစ်မှာလည်း ဆက်ရှိဖို့ ဆန္ဒ ရှိနေကြောင်း ဝန်ခံ ပြောကြားမှု ပြုလုပ်လာပါတယ်။

UEFA ဟာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်တွေကို ယခု အကျော့ ပြီးဆုံးပါက ခေတ္တ ရပ်ဆိုင်းထားဖို့ပင် စိတ်ကူး နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ် အပြောင်းအရွှေ့ သဘောတူညီချက်ရဖို့ ၆ လစောင့်ခဲ့ရတဲ့ အကြောင်းရင်းတစ်ချက်က မှန်ကန်တဲ့ ခေါ်ယူမှုအဖြစ် ပြုလုပ်လိုခြင်းကြောင့်လို့ The Athletic က ဖော်ပြသွားပါတယ်။

ZAWGYI

ေပါ့ဘာဟာ ဒီအပတ္မွာ ကလပ္နဲ႔ ေလ့က်င့္ေရး ျပန္ဆင္းမွာျဖစ္ျပီး LASK နဲ႔ပြဲမွာ ပါဝင္လာႏုိင္ပါတယ္။ မဟုတ္ရင္ေတာ့ စပါးနဲ႔ပြဲမွာ ပါဝင္ကစားႏုိင္မယ္လို႔ သိရပါတယ္။

လက္ရွိ ယူႏုိက္တက္မွာ ေပါ့ဘာဟာ ဦးေဆာင္သူတစ္ဦးအျဖစ္ ကစားႏုိင္မယ္လို႔ ယံုၾကည္ေနသလို စိတ္ပိုင္းျဖတ္ထားတာလည္း ရွိတယ္လို႔ သိရတယ္။ သူဟာ ကလပ္မွာ လက္ရွိ တစ္ပတ္လုပ္ခ ၃ သိန္းရေနျပီး စာခ်ဳပ္သစ္မွာ ၄ သိန္းထိရဖို႔ ေမွ်ာ္လင့္ထားပါတယ္။

ယူႏုိက္တက္အသင္းသားေတြက မန္ေနဂ်ာဆိုးရွားဟာ ကလပ္ကို အေကာင္းဆံုး ဦးေဆာင္ေနတယ္လို႔ ယံုၾကည္ေနေၾကာင္း ကစားသမားေတြနဲ႔ ရင္းႏွီးတဲ့ အတြင္းပိုင္းလူက the athletic ကို သတင္းေပးသြားပါတယ္။

ေႏြအေျပာင္းအေရႊ႔အတြက္ အဓိက ေခၚယူမႈအျဖစ္ ေဒါ့မြန္မွ ဆန္ခ်ိဳနဲ႔ အက္စတြန္ဗီလာမွ ဂရီလစ္တို႔ ႏွစ္ဦးဟာ ယူႏုိက္တက္ရဲ႕ အဓိက ပစ္မွတ္ထဲ ပါဝင္လာေၾကာင္း the athletic က ေဖာ္ျပပါတယ္။

ယူႏုိက္တက္ဟာ ကလပ္အသင္း အဓိက စပြန္ဆာအျဖစ္ အဖြဲ႔အစည္းသစ္နဲ႔ ေဆြးေႏြးမႈ အဆင္ေျပေနပါတယ္။ အတည္ျပဳခ်က္ေတြ မလုပ္ေသးေပမယ့္လို႔ ရင္ဘတ္မွာ စပြန္ဆာပံုစံ ထည့္သြင္းမႈကိုေတာင္ စမ္းသပ္ ခ်ဳပ္လုပ္ၾကည့္ေနျပီလို႔ သိရတယ္။

လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာကို ပရီးမီးယားလိဂ္မွ လီဗာပူး၊ မန္စီးတီးနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ ေခၚယူလိုေနၾကျပီး ဂ်ာမန္သား ကိုယ္တိုင္ကေတာ့ ဘယ္အသင္းကို ေရြးခ်ယ္ရမလဲ မေသခ်ာေသးသလို လိုက္ပ္ဇစ္မွာလည္း ဆက္ရွိဖို႔ ဆႏၵ ရွိေနေၾကာင္း ၀န္ခံ ေျပာၾကားမႈ ျပဳလုုပ္လာပါတယ္။

UEFA ဟာ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ေတြကို ယခု အေက်ာ့ ၿပီးဆုံးပါက ေခတၱ ရပ္ဆိုင္းထားဖို႔ပင္ စိတ္ကူး ေနတယ္လို႔ သိရပါတယ္။

ယူႏုိုက္တက္က ဘရူႏိုဖာနန္ဒက္စ္ အေျပာင္းအေရႊ႔ သေဘာတူညီခ်က္ရဖို႔ ၆ လေစာင့္ခဲ့ရတဲ့ အေၾကာင္းရင္းတစ္ခ်က္က မွန္ကန္တဲ့ ေခၚယူမႈအျဖစ္ ျပဳလုပ္လိုျခင္းေၾကာင့္လို႔ The Athletic က ေဖာ္ျပသြားပါတယ္။