KBZ, AYA အပါအဝင် ပုဂ္ဂလိကဘဏ်များရဲ့ ဘဏ်အပ်ငွေ အတိုးနှုန်းအသစ်များ
အပ်ငွေအတိုးနှုန်းများကို ရှစ်ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးအပ်မည်ဟု ပုဂ္ဂလိကဘဏ်များက စက်တင်ဘာ ၁ ရက်တွင် စတင်ကြေညာပြီးနောက်ပိုင်း အတိုးနှုန်း ပြောင်းလဲသတ်မှတ်လာကြပါတယ်။
လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ အပ်ငွေစာရင်းအမျိုးအစားကို ပုံစံအမျိုးမျိုးနဲ့ ဝန်ဆောင်မှုပေးနေပြီး ရရှိမယ့် အတိုးနှုန်းတွေကလည်း အပ်ငွေစာရင်း အမျိုးအစားပေါ် မူတည်ပြီး ကွဲပြားကြပါတယ်။
ပုဂ္ဂလိကဘဏ်တွေရဲ့ စက်တင်ဘာ ၁ ရက်ကစပြီး သတ်မှတ်လိုက်တဲ့ ငွေစုဘဏ်အပ်ငွေစာရင်း (Savings Deposit) အပေါ် ပေးအပ်မယ့် အတိုးနှုန်းတွေကို လေ့လာကြည့်ရာမှာ သုံးစွဲသူများတဲ့ ကမ္ဘောဇဘဏ်၊ CB ဘဏ်နဲ့ ဧရာဝတီဘဏ်တွေက ၁၀ ရာခိုင်နှုန်းထိ ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း ကြေညာထားပါတယ်။
Fix Deposit တစ်နှစ်အထိထားရှိပါက ပေးမယ့် အတိုးနှုန်းတွေကိုလည်း တိုးမြင့်ပေးလာနေပြီး ကမ္ဘောဇဘဏ်နဲ့ ရိုးမဘဏ် အပါအဝင် ဘဏ်အများစုက ၁၂% ထိ ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။