အံ့အားသင့်ဖွယ် လုပ်ခမျိုးနဲ့ ယူနိုက်တက်မှာ ဆက်နေဖို့ ရှိနေတဲ့ ပေါ့ဘာ

ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ အိုထရတ်ဖိုဒ့်ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေပေမယ့် သူကတော့ မန်ချက်စတာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လာနိုင်တယ်လို့ သိရပါတယ်။

The Athletic က ဖော်ပြရာမှာတော့ ဒီရာသီဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်မှာလည်း အိုထရတ်ဖိုဒ့်မှာပဲ ဆက်နေလိုနေတယ်လို့ သိရတယ်။ ကစားသမားရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာကို ပေးချေလိုတဲ့ ကလပ်အသင်း အများအပြား မရှိခြင်းကြောင့်လည်း သူ့ကို ဆက်ထိန်းဖို့ အသင်းဘက်က လုပ်ဆောင်နိုင်မယ်လို့ ယူနိုက်တက် အကြီးအကဲတွေက ယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်တိုက ခေါ်ယူလိုနေတ့ အသက် ၂၆ နှစ်အရွယ် ပြင်သစ်သားကို ကလပ်ဘက်က ပြောင်းရွှေ့ကြေး ပေါက် သန်း ၁၃၀ ထိ တောင်းဆိုဖို့ ဆန္ဒရှိထားတာဖြစ်တယ်။ ဒါပေမယ့် မည်သည့်ကလပ်မှတော့ အဆိုပါ ပြောင်းရွှေ့ကြေးမျိုးကို မပေးလိုပဲ သန်း ၈၀ အောက်ထိပဲ သတင်းတွေ ထွက်ထားခဲ့တာပါ။

ပေါ့ဘာကိုယ်တိုင်က လက်ရှိ ယူနိုက်တက်အသင်းကို ဦးဆောင်မှုပေးနိုင်မယ်လို့ ယုံကြည်ထားသလို ဖာနန်ဒက်စ်၊ တော်မီနေး၊ ဖရတ် အစရှိတဲ့ တွဲဘက်တွေကိုလည်း အကောင်းဆုံး ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ သူဟာ လက်ရှိမှာ တစ်ပတ်ကို ပေါင် ၂၉၀၀၀၀ ထိ ရနေတာဖြစ်ပြီး စာချုပ်သစ်အရ ကလပ်အသင်း စံချိန်တင် လုပ်ခရသူများထဲ ပါဝင်နိုင်လောက်တဲ့ ပမာဏထိ ရဖို့လည်း ရှိနေပါတယ်။

ပေါ့ဘာဟာ ကလပ်အသင်းနဲ့ လေ့ကျင့်ရေး ပြန်ဆင်းတော့မှာဖြစ်ပြီး ယူရိုပါလိဂ်ပွဲအဖြစ် သြစတြီးယားကလပ်နဲ့ပွဲမှာ ပြန်ပါလာနိုင်ပါတယ်။ မဟုတ်ရင်တော့ သီတင်းပတ်အကုန်မှာ ယှဉ်ပြိုင်ကစားရမယ့် စပါးနဲ့ပွဲမှာ ပါဝင်လာနိုင်မယ်လို့ သိရပါတယ်။

ZAWGYI

ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဘာဟာ အိုထရတ္ဖိုဒ့္ကေန ထြက္ခြာဖို႔ သတင္းေတြ ၾကီးေနေပမယ့္ သူကေတာ့ မန္ခ်က္စတာမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္လာႏုိင္တယ္လို႔ သိရပါတယ္။

The Athletic က ေဖာ္ျပရာမွာေတာ့ ဒီရာသီျဖစ္တဲ့ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ အကုန္မွာလည္း အိုထရတ္ဖိုဒ့္မွာပဲ ဆက္ေနလိုေနတယ္လို႔ သိရတယ္။ ကစားသမားရဲ႕ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ လုပ္ခလစာကို ေပးေခ်လိုတဲ့ ကလပ္အသင္း အမ်ားအျပား မရွိျခင္းေၾကာင့္လည္း သူ႔ကို ဆက္ထိန္းဖို႔ အသင္းဘက္က လုပ္ေဆာင္ႏုိင္မယ္လို႔ ယူႏုိက္တက္ အၾကီးအကဲေတြက ယံုၾကည္ေနပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တိုက ေခၚယူလိုေနတ့ အသက္ ၂၆ ႏွစ္အရြယ္ ျပင္သစ္သားကို ကလပ္ဘက္က ေျပာင္းေရႊ႔ေၾကး ေပါက္ သန္း ၁၃၀ ထိ ေတာင္းဆိုဖို႔ ဆႏၵရွိထားတာျဖစ္တယ္။ ဒါေပမယ့္ မည္သည့္ကလပ္မွေတာ့ အဆိုပါ ေျပာင္းေရႊ႔ေၾကးမ်ိဳးကို မေပးလိုပဲ သန္း ၈၀ ေအာက္ထိပဲ သတင္းေတြ ထြက္ထားခဲ့တာပါ။

ေပါ့ဘာကိုယ္တိုင္က လက္ရွိ ယူႏုိက္တက္အသင္းကို ဦးေဆာင္မႈေပးနုိင္မယ္လုိ႔ ယံုၾကည္ထားသလို ဖာနန္ဒက္စ္၊ ေတာ္မီေနး၊ ဖရတ္ အစရွိတဲ့ တြဲဘက္ေတြကိုလည္း အေကာင္းဆံုး ဦးေဆာင္ႏုိုင္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ သူဟာ လက္ရွိမွာ တစ္ပတ္ကို ေပါင္ ၂၉၀၀၀၀ ထိ ရေနတာျဖစ္ျပီး စာခ်ဳပ္သစ္အရ ကလပ္အသင္း စံခ်ိန္တင္ လုပ္ခရသူမ်ားထဲ ပါဝင္ႏုိင္ေလာက္တဲ့ ပမာဏထိ ရဖို႔လည္း ရွိေနပါတယ္။

ေပါ့ဘာဟာ ကလပ္အသင္းနဲ႔ ေလ့က်င့္ေရး ျပန္ဆင္းေတာ့မွာျဖစ္ျပီး ယူရိုပါလိဂ္ပြဲအျဖစ္ ၾသစၾတီးယားကလပ္နဲ႔ပြဲမွာ ျပန္ပါလာႏုိင္ပါတယ္။ မဟုတ္ရင္ေတာ့ သီတင္းပတ္အကုန္မွာ ယွဥ္ျပိဳင္ကစားရမယ့္ စပါးနဲ႔ပြဲမွာ ပါဝင္လာႏုိင္မယ္လို႔ သိရပါတယ္။