ဆီထုတ်ယူခွင့်စာအုပ်နဲ့ စားသုံးဆီ စရောင်း၊ စက်သုံးဆီကိုလည်း စမတ်ကတ်နဲ့ရောင်းဖို့ ပြင်ဆင်နေ

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စားသုံးဆီတွေကို ဆီထုတ်ယူခွင့်စာအုပ်စနစ်နဲ့ အခုအပတ်အတွင်း စတင် ရောင်းချနေပြီလို့ ကိုယ်တိုင်စာအုပ်နဲ့ ဝယ်ယူခဲ့ရသူတချို့ထံက သိရပါတယ်။

ဆီထုတ်ယူခွင့်စာအုပ်အတွက် သန်းခေါင်စာရင်း၊ ဧည့်စာရင်းရှိဖို့ လိုအပ်ပြီး တစ်အိမ်ထောင်ကို စာအုပ်တစ်အုပ် ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆီကိုတော့ သက်ဆိုင်ရာမြို့နယ်ဆီကိုယ်စားလှယ် အရောင်းဆိုင်တွေမှာ ထုတ်ယူရတယ်လို့ မြို့ခံတွေကရှင်းပြပါတယ်။

တချို့ရပ်ကွက်တွေမှာလည်း နောက်ပိုင်း ဆီထုတ်ယူခွင့်စာအုပ်နဲ့သာ ဆီဝယ်ယူရမှာဖြစ်လို့ စက်တင်ဘာလထဲမှာ စအုပ်တွေထုတ်ပေးသွားမယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်အသင်းရဲ့ တာဝန်ရှိသူတချို့က ကြေညာသွားတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စက်သုံးဆီတွေကို စမတ်ကတ်နဲ့ ရောင်းချတော့မယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တချို့က ပြောဆိုလာကြကာ အသေးစိတ် အစီအစဉ်တွေကို မသိရသေးပါဘူး။