ယူနိုက်တက် ရလဒ်ကောင်းနေပေမယ့် ဒီအပတ် ယူရိုပါလိဂ်ပွဲမှာ အနိုင်ရဖို့မရှိဘူးဆိုတဲ့ စကိုင်းစပေါ့ ခန့်မှန်း
ဒီတပတ်မှာ ဥရောပပွဲစဉ်တွေ ပြန် ကစားရဖို့ ရှိလာပြီး မန်ချက်စတာယူနိုက်တက်ဟာ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် သြစတြီးယားကလပ် LASK ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။
ဒီတလော ကူးစက်မှုပြင်းထန်လာတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေကြောင့် ဒီပွဲကို ကွင်းပိတ် ယှဉ်ပြိုင် ကစားစေမယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုပြီး ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကွင်း ပရိသတ်တွေရော ယူနိုက်တက် ပရိသတ်တွေပါ ကိုယ်တိုင်ကိုယ်ကျ အားပေးလိုပတော့ ရမှာ မဟုတ်ပါဘူး။
LASK နဲ့ ယူနိုက်တက်တို့ ပွဲစဉ် အတွက် စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” LASK က နာမည်ကောင်းတော့ ရှိပါတယ် ဒါပေမယ့် သူတို့ ကွင်း အဆောက်အဦးပေါ်မှာပဲ ဖြစ်တယ်။ မျှမျှတတ ပြောရရင် သူတို့က အသင်းကောင်း တစ်သင်းတော့ ဟုတ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က ပွဲမှာ မန်ချက်စတာယူနိုက်တက်က ကျဉ်းထဲကြပ်ထဲ ရောက်သွားမလား စောင့်ကြည့်ခဲ့ပေမယ့် သူတို့ကလည်း အခြေအနေတွေကို ပြောင်းလဲ ပြနိုင်ခဲ့တယ်။ ယူနိုက်တက်မှာ အားနည်းချက်တွေ ရှိနေပေမယ့် ဘောလုံး ပိုင်ဆိုင်မှုတွေ ရထားခဲ့တာတောင် မန်စီးတီးက တော်တော် ချာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကောင်တာတိုက်စစ် အားသန်တဲ့ အသင်းတစ်သင်း အဖြစ် ရှိနေဆဲပါ။ ယူနိုက်တက်ဟာ အမှတ်ပေးဇယားမှာ နေရာရဖို့ ပြိုင်ဆိုင်မှုတွေ ရှိနေပြီး အသင်း တည်ဆောက်နေရင်း ခံစစ်ပိုင်းမှာလည်း တိုးတက်နေပါတယ်။ ဒါပေမယ့် LASK နဲ့ ပွဲမှာ လွယ်လွယ်နဲ့ ပန်းခင်းလမ်းမှာ လျှောက်ရမှာတော့ မဟုတ်ပါဘူး။ နှစ်ဘက်လုံး ဂိုးသွင်းတဲ့ သရေပွဲ ဖြစ်ပါလိမ့်မယ်။ ” လို့ ချာလီက သုံးသပ်ထားပါတယ်။
ချာလီနစ်ကိုးလပ်စ်ရဲ့ ခန့်မှန်းရလဒ်ကတော့ LASK ၁-၁ ယူနိုက်တက် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ကြာသပတေးနေ့ည မြန်မာစံတော်ချိန် ၁၂း၂၅ နာရီ ဖြစ်ပါတယ်။
Zawgyi – ဒီတပတ္မွာ ဥေရာပပြဲစဥ္ေတြ ျပန္ ကစားရဖို႔ ရွိလာျပီး မန္ခ်က္စတာယူနိုက္တက္ဟာ ယူရိုပါလိဂ္ ပြဲစဥ္ အျဖစ္ ၾသစၾတီးယားကလပ္ LASK ကုိ အေ၀းကြင္းမွာ သြားေရာက္ ကစားရမွာ ျဖစ္ပါတယ္။
ဒီတေလာ ကူးစက္မႈျပင္းထန္လာတဲ့ ကိုရိုနာ ဗိုင္းရပ္စ္ အေျခအေနေၾကာင့္ ဒီပြဲကို ကြင္းပိတ္ ယွဥ္ျပိဳင္ ကစားေစမယ္လို႔ ယူအီးအက္ဖ္ေအက အတည္ျပဳျပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ အိမ္ကြင္း ပရိသတ္ေတြေရာ ယူနုိက္တက္ ပရိသတ္ေတြပါ ကိုယ္တိုင္ကိုယ္က် အားေပးလိုပေတာ့ ရမွာ မဟုတ္ပါဘူး။
LASK နဲ႕ ယူနိုက္တက္တို႔ ပြဲစဥ္ အတြက္ စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
” LASK က နာမည္ေကာင္းေတာ့ ရွိပါတယ္ ဒါေပမယ့္ သူတို႔ ကြင္း အေဆာက္အဦးေပၚမွာပဲ ျဖစ္တယ္။ မွ်မွ်တတ ေျပာရရင္ သူတို႔က အသင္းေကာင္း တစ္သင္းေတာ့ ဟုတ္ပါတယ္။
ျပီးခဲ့တဲ့ စေနေန႔က ပြဲမွာ မန္ခ်က္စတာယူနိုက္တက္က က်ဥ္းထဲၾကပ္ထဲ ေရာက္သြားမလား ေစာင့္ၾကည့္ခဲ့ေပမယ့္ သူတို႔ကလည္း အေျခအေနေတြကို ေျပာင္းလဲ ျပနိုင္ခဲ့တယ္။ ယူနိုက္တက္မွာ အားနည္းခ်က္ေတြ ရွိေနေပမယ့္ ေဘာလံုး ပိုင္ဆိုင္မႈေတြ ရထားခဲ့တာေတာင္ မန္စီးတီးက ေတာ္ေတာ္ ခ်ာခဲ့ပါတယ္။
ယူနိုက္တက္ဟာ ေကာင္တာတိုက္စစ္ အားသန္တဲ့ အသင္းတစ္သင္း အျဖစ္ ရွိေနဆဲပါ။ ယူနိုက္တက္ဟာ အမွတ္ေပးဇယားမွာ ေနရာရဖို႔ ျပိဳင္ဆိုင္မႈေတြ ရွိေနျပီး အသင္း တည္ေဆာက္ေနရင္း ခံစစ္ပိုင္းမွာလည္း တိုးတက္ေနပါတယ္။ ဒါေပမယ့္ LASK နဲ႕ ပြဲမွာ လြယ္လြယ္နဲ႕ ပန္းခင္းလမ္းမွာ ေလွ်ာက္ရမွာေတာ့ မဟုတ္ပါဘူး။ နွစ္ဘက္လံုး ဂိုးသြင္းတဲ့ သေရပြဲ ျဖစ္ပါလိမ့္မယ္။ ” လို႔ ခ်ာလီက သံုးသပ္ထားပါတယ္။
ခ်ာလီနစ္ကိုးလပ္စ္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ LASK ၁-၁ ယူနိုက္တက္ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ၾကာသပေတးေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၂း၂၅ နာရီ ျဖစ္ပါတယ္။