အများဆုံး ၃ နှစ်အတွင်း ယူနိုက်တက်က ပရီးမီးယားလိဂ်ဖလား ကိုင်မြောက်လိမ့်မယ်ဆိုတဲ့ သရဲနီဟောင်းကြီး
ယူနိုက်တက် ကွင်းလယ်လူဟောင်း ဖလက်ချာက ကလပ်အသင်းဟောင်းဟာ ပြိုင်ဘက် လီဗာပူးလို နှစ်ပေါင်း ၃၀ ကြာ အမှတ်ပေးဖလား အနိုင်မရတာမျိုး ဖြစ်လို့ မရပဲ ခပ်မြန်မြန်လေး ပြန်လည် စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်လို့ စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။
ဖလက်ချာက ပြောရာမှာ “ မန်ချက်စတာ ယူနိုက်တက်က ဒါမျိုး ဖြစ်ခွင့်ပြုလို့ မရပါဘူး။ အခု အနေအထားကတောင် များနေပါပြီ။ လာမယ့် နှစ်နှစ်ကနေ သုံးနှစ်အတွင်းမှာ ယူနိုက်တက်က အမှတ်ပေးဖလားကို အနိုင်ရတာကို ကျနေ်ာတို့ မြင်ရဖို့ လိုပါတယ်။
ဒါက လက်တွေ့ကျတဲ့ ကိစ္စပါ။ အမှတ်ပေးဖလားကို အနိုင်ရဖို့ဆိုတာက မြင့်မားတဲ့ ကိစ္စဖြစ်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့က ပိုမြင့်တဲ့ အဆင့်ကို ရောက်သွားစေခဲ့တယ်။ ယူနိုက်တက်ကလည်း ဒါကို လုပ်နိုင်ရပါမယ်။ ယူနိုက်တက်က မန်စီးတီးနဲ့ လီဗာပူးကို ဆွဲချဖို့ အဆင်သင့် ဖြစ်နေပါတယ်။ လာမယ့် နှစ်နှစ်လောက်အတွင်း ဒါက ဖြစ်လာပါလိမ့်မယ်။
ပပ်ဂွာဒီယိုလာက မန်စီးတီးမှာ နှစ်နှစ်၊ သုံးနှစ်လောက် ဆက်နေဦးမှာပါ။ ယာဂင်ကလော့ပ် ကောပါပဲ။ ဒီလိုတွေးတာက ဖြစ်ချင်တာကို တွေးမိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့တွေ မရှိတဲ့အခါ ယူနိုက်တက်က လွှမ်းမိုးရမယ့် အနေအထားကို ယူနိုင်ရပါမယ်။ နောက်ရာသီက ပိုကောင်းတဲ့ ဘောလုံးရာသီ ဖြစ်လာမှာဖြစ်ပြီး လာမယ့် နှစ်နှစ်နဲ့ သုံးနှစ်အတွင်းမှာ ယူနိုက်တက်က အမှတ်ပေးဖလားကို စိန်ခေါ်ဖို့ ဖြစ်နိုင်ရင် အနိုင်ရဖို့ကို ကျနော် မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဒီရာသီ အမှတ်ပေးဖလားကို လီဗာပူးက အနိုင်ရဖို့ နီးစပ်နေပြီး ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် အနိုင်ရမှု ဖြစ်ပါလိမ့်မယ်။ ယူနိုက်တက်က ၂၀၁၂-၂၀၁၃ ဘောလုံးရာသီက အနိုင်ရပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ဖလားကို အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပဲ မိုးယက်စ်၊ ဗန်ဟားနဲ့ မော်ရင်ညိုတို့ဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ZAWGYI
ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း ဖလက္ခ်ာက ကလပ္အသင္းေဟာင္းဟာ ျပိဳင္ဘက္ လီဗာပူးလို ႏွစ္ေပါင္း ၃၀ ၾကာ အမွတ္ေပးဖလား အႏုိင္မရတာမ်ိဳး ျဖစ္လို႔ မရပဲ ခပ္ျမန္ျမန္ေလး ျပန္လည္ စိန္ေခၚႏုိင္ဖို႔ လိုအပ္ပါတယ္လုိ႔ စိန္ေခၚစကား ေျပာဆိုလိုက္ပါတယ္။
ဖလက္ခ်ာက ေျပာရာမွာ “ မန္ခ်က္စတာ ယူႏုိက္တက္က ဒါမ်ိဳး ျဖစ္ခြင့္ျပဳလို႔ မရပါဘူး။ အခု အေနအထားကေတာင္ မ်ားေနပါျပီ။ လာမယ့္ ႏွစ္ႏွစ္ကေန သံုးႏွစ္အတြင္းမွာ ယူႏုိက္တက္က အမွတ္ေပးဖလားကို အႏုိင္ရတာကို က်ေန္ာတုိ႔ ျမင္ရဖို႔ လိုပါတယ္။
ဒါက လက္ေတြ႔က်တဲ့ ကိစၥပါ။ အမွတ္ေပးဖလားကို အႏုိင္ရဖို႔ဆိုတာက ျမင့္မားတဲ့ ကိစၥျဖစ္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးတို႔က ပိုျမင့္တဲ့ အဆင့္ကို ေရာက္သြားေစခဲ့တယ္။ ယူႏုိက္တက္ကလည္း ဒါကို လုပ္ႏုိင္ရပါမယ္။ ယူႏုိက္တက္က မန္စီးတီးနဲ႔ လီဗာပူးကို ဆြဲခ်ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။ လာမယ့္ ႏွစ္ႏွစ္ေလာက္အတြင္း ဒါက ျဖစ္လာပါလိမ့္မယ္။
ပပ္ဂြာဒီယိုလာက မန္စီးတီးမွာ ႏွစ္ႏွစ္၊ သံုးႏွစ္ေလာက္ ဆက္ေနဦးမွာပါ။ ယာဂင္ကေလာ့ပ္ ေကာပါပဲ။ ဒီလိုေတြးတာက ျဖစ္ခ်င္တာကို ေတြးမိတာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ သူတို႔ေတြ မရွိတဲ့အခါ ယူႏုိက္တက္က လႊမ္းမိုးရမယ့္ အေနအထားကို ယူႏုိင္ရပါမယ္။ ေနာက္ရာသီက ပိုေကာင္းတဲ့ ေဘာလံုးရာသီ ျဖစ္လာမွာျဖစ္ျပီး လာမယ့္ ႏွစ္ႏွစ္နဲ႔ သံုးႏွစ္အတြင္းမွာ ယူႏုိက္တက္က အမွတ္ေပးဖလားကို စိန္ေခၚဖို႔ ျဖစ္ႏုိင္ရင္ အႏုိင္ရဖို႔ကို က်ေနာ္ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခ့ဲတာျဖစ္ပါတယ္။
ဒီရာသီ အမွတ္ေပးဖလားကို လီဗာပူးက အႏုိင္ရဖို႔ နီးစပ္ေနျပီး ဒါဟာ ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္ အႏုိင္ရမႈ ျဖစ္ပါလိမ့္မယ္။ ယူႏုိက္တက္က ၂၀၁၂-၂၀၁၃ ေဘာလံုးရာသီက အႏုိင္ရျပီးေနာက္ပိုင္း ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပဲ မိုးယက္စ္၊ ဗန္ဟားနဲ႔ ေမာ္ရင္ညိဳတို႔ဟာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရပါတယ္။