မာရှယ် လွဲချော်ခြင်း၊ ဘယ်လင်ဟမ်၊ ချန်ပီယံစိန်ခေါ်မှု၊ အဆင့် ၄ ဝင်ခွင့်နဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ဒီရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၄ အတွင်း ဝင်ဖို့က ချယ်ဆီးထက် မန်ချက်စတာယူနိုက်တက်ကို ပိုအလေးပေးချင်ကြောင်း၊ ယူနိုက်တက်က ချယ်ဆီး အထက်မှာ ရှိနေလိမ့်မယ်လို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ခန့်မှန်းပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ဒါလော့၊ မာရှယ်၊ ပေါ့ဘာ၊ လင်ဂတ်၊ ဂါနာ၊ ရပ်ဖိုဒ့်တို့ ပါဝင်နိုင်ခဲ့ခြင်း မရှိပဲ ကျန်အသင်းသားတွေ အားလုံး ပါဝင်နိုင်ခဲ့ပါတယ်။
ဂယ်ရီ နဗီးက ဒီရာသီ မန်ချက်စတာ ယူနိုက်တက်ရဲ့ အမှတ်ပေးဇယား အဆင့် ရပ်တည်မှုက အသင်းဖော် ကစားသမား ဟောင်း ဖြစ်သူ ဆိုးရှားရဲ့ ယူနိုက်တက် မန်နေဂျာဘဝကို အဆုံးအဖြတ် ပေးသွားနိုင်ကြောင်း သတိပေး စကား ဆိုသွားပါတယ်။
ယူနိုက်တက် ကွင်းလယ်လူဟောင်း ဖလက်ချာက ကလပ်အသင်းဟောင်းဟာ ပြိုင်ဘက် လီဗာပူးလို နှစ်ပေါင်း ၃၀ ကြာ အမှတ်ပေးဖလား အနိုင်မရတာမျိုး ဖြစ်လို့ မရပဲ ခပ်မြန်မြန်လေး ပြန်လည် စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်လို့ စိန်ခေါ်စကား ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်မန်နေဂျာ ဆိုးရှား က ရလဒ်တွေ ကောင်းမွန် နေပေမယ့် နောက်ထပ် အပြောင်းအရွှေ့ ရာသီအတွင်း အလုပ်တွေ လုပ်ဆောင် ရဖို့ ရှိနေ သေးကာ ပစ်မှတ် ထားထားတဲ့ ကစားသမား တွေ ရှိနေ သေးကြောင်း အရိပ်အမြွတ် ထုတ်ဖော် ပြောကြား သွားပါတယ်။
ပွဲစဉ်တွေပြီးတိုင်း တားမြစ်ဆေးသုံးစွဲမှုအတွက် စစ်ဆေးမှုလုပ်လေ့ရှိပြီး မန်စီးတီးနဲ့ပွဲမှာတုန်းက ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဘစ်ဆာကာနဲ့ ဖရတ်တို့ဟာ ဆေးစစ်မှု ခံယူဖို့ ရွေးချယ်ခံခဲ့ရပါတယ်။
ဘာမင်ဂမ် တိုက်စစ်သမားလေး ဘယ်လင်ဟမ်က ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို သဘောတွေ့ပေမယ့် ကလပ်နှစ်သင်းကြား ကိစ္စကိုတော့ ဘာမင်ဂမ်ဘက်က တောင်းဆိုရမှာဖြစ်ကာ ၎င်းတို့က မြင့်မားတဲ့ တောင်းဆိုမှုအဖြစ် ပေါင် ၅၀ သန်းထိရောက်မယ့် စာချုပ်မျိုးကို အလိုှိနေပါတယ်။
ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေဟာ အသင်းကစားသမားတွေကို တစ်ဦးချင်းတွေမှာ ပိုမို တိုးတက်လာဖို့ လုပ်ဆောင်ပေးမှုတွေ ရှိနေပြီး အထူးသဖြင့် ဘစ်တာကာနဲ့ ဝီလီယမ်တို့ကို ဘောလုံး လက်ခံရယူဖို့နဲ့ တိုက်စစ်ဆင်ဖို့ ရွေးချယ် သက်မှတ်ပေးမှုတွေ ရှိနေပါတယ်။
ZAWGYI
ဒီရာသီ ပရီးမီးယားလိဂ္မွာ အဆင့္ ၄ အတြင္း ၀င္ဖို႔က ခ်ယ္ဆီးထက္ မန္ခ်က္စတာယူနိုုက္တက္ကို ပိုအေလးေပးခ်င္ေၾကာင္း၊ ယူနိုက္တက္က ခ်ယ္ဆီး အထက္မွာ ရွိေနလိမ့္မယ္လို႔ ဂန္းနားေဟာင္းၾကီး ေပါမာဆန္က ခန္႔မွန္းေျပာဆိုလိုက္ပါတယ္။
ဒီကေန႔ ယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရး အစီအစဥ္မွာ ဒါေလာ့၊ မာရွယ္၊ ေပါ့ဘာ၊ လင္ဂတ္၊ ဂါနာ၊ ရပ္ဖိုဒ့္တို႔ ပါဝင္ႏုိင္ခဲ့ျခင္း မရွိပဲ က်န္အသင္းသားေတြ အားလံုး ပါဝင္ႏုိင္ခဲ့ပါတယ္။
ဂယ္ရီ နဗီးက ဒီရာသီ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အမွတ္ေပးဇယား အဆင့္ ရပ္တည္မႈက အသင္းေဖာ္ ကစားသမား ေဟာင္း ျဖစ္သူ ဆိုးရွားရဲ႕ ယူႏိုက္တက္ မန္ေနဂ်ာဘဝကို အဆုံးအျဖတ္ ေပးသြားႏိုင္ေၾကာင္း သတိေပး စကား ဆိုသြားပါတယ္။
ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း ဖလက္ခ်ာက ကလပ္အသင္းေဟာင္းဟာ ျပိဳင္ဘက္ လီဗာပူးလို ႏွစ္ေပါင္း ၃၀ ၾကာ အမွတ္ေပးဖလား အႏုိင္မရတာမ်ိဳး ျဖစ္လို႔ မရပဲ ခပ္ျမန္ျမန္ေလး ျပန္လည္ စိန္ေခၚႏုိင္ဖို႔ လိုအပ္ပါတယ္လုိ႔ စိန္ေခၚစကား ေျပာဆိုလိုက္ပါတယ္။
ယူႏိုက္တက္မန္ေနဂ်ာ ဆိုးရွား က ရလဒ္ေတြ ေကာင္းမြန္ ေနေပမယ့္ ေနာက္ထပ္ အေျပာင္းအေ႐ႊ႕ ရာသီအတြင္း အလုပ္ေတြ လုပ္ေဆာင္ ရဖို႔ ရွိေန ေသးကာ ပစ္မွတ္ ထားထားတဲ့ ကစားသမား ေတြ ရွိေန ေသးေၾကာင္း အရိပ္အႁမြတ္ ထုတ္ေဖာ္ ေျပာၾကား သြားပါတယ္။
ပြဲစဥ္ေတြျပီးတိုင္း တားျမစ္ေဆးသံုးစြဲမႈအတြက္ စစ္ေဆးမႈလုပ္ေလ့ရွိျပီး မန္စီးတီးနဲ႔ပြဲမွာတုန္းက ယူႏုိက္တက္ကစားသမားေတြျဖစ္တဲ့ ဘစ္ဆာကာနဲ႔ ဖရတ္တို႔ဟာ ေဆးစစ္မႈ ခံယူဖို႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။
ဘာမင္ဂမ္ တိုက္စစ္သမားေလး ဘယ္လင္ဟမ္က ယူႏုိက္တက္ရဲ႕ ကမ္းလွမ္းမႈကို သေဘာေတြ႔ေပမယ့္ ကလပ္ႏွစ္သင္းၾကား ကိစၥကိုေတာ့ ဘာမင္ဂမ္ဘက္က ေတာင္းဆိုရမွာျဖစ္ကာ ၄င္းတို႔က ျမင့္မားတဲ့ ေတာင္းဆိုမႈအျဖစ္ ေပါင္ ၅၀ သန္းထိေရာက္မယ့္ စာခ်ဳပ္မ်ိဳးကို အလိုွိေနပါတယ္။
ယူႏုိက္တက္နည္းျပအဖြဲ႔ဝင္ေတြဟာ အသင္းကစားသမားေတြကို တစ္ဦးခ်င္းေတြမွာ ပိုမို တိုးတက္လာဖို႔ လုပ္ေဆာင္ေပးမႈေတြ ရွိေနျပီး အထူးသျဖင့္ ဘစ္တာကာနဲ႔ ဝီလီယမ္တုိ႔ကို ေဘာလံုး လက္ခံရယူဖို႔နဲ႔ တိုက္စစ္ဆင္ဖို႔ ေရြးခ်ယ္ သက္မွတ္ေပးမႈေတြ ရွိေနပါတယ္။