ကိန်း၊ ပရီးမီးယားလိဂ် ဆုံးဖြတ်ချက်၊ စံချိန်တင် လူကြည့်ခဲ့ခြင်း၊ ပေါ့ဘာ၊ မာရှယ်နဲ့ ယူနိုက်တက် နံနက်ခင်း သတင်းများ

ပရီးမီးယားလိဂ်ဟာ လာမယ့် ပွဲတွေကစနေပြီး ကွင်းပိတ်ကန်ဖို့ကို အစီအစဉ် ပြုလုပ်လာနေပြီဖြစ်ပါတယ်။ တရားဝင် အတည်မပြုသေးပေမယ့် ပရိသတ် ဝင်ခွင့် ပေးခြင်းကို အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်အရ ပိတ်သိမ်းသွားနိုင်ပါတယ်။

တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ယူနိုက်တက်တို့ပွဲဟာ nbc ရုပ်သံကနေ တိုက်ရိုက် ထုတ်လွှင့်မှုအရ ဗြိတိန်မှာ လူကြည့်အများဆုံး ပရီးမီးယားလိဂ်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လူပေါင်း ၁.၇၆ သန်း ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ဒီအပတ်မှာ ကလပ်အသင်းနဲ့ လေ့ကျင့်ရေး မဆင်းနိုင်ခဲ့ပေမယ့် လာမယ့် အပတ်မှာ ပြန်ဆင်းနိုင်လိမ့်မယ်လို့ မန်နေဂျာဆိုးရှားက အတည်ပြုစကား ပြောဆိုပါတယ်။

မာရှယ်ဟာ မန်ချက်စတာဒါဘီမှာ အသေးစား ဒဏ်ရာလေးတွေ ရှိခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ပွဲမှာ မပါနိုင်ပေမယ့် သီတင်းပတ်အကုန် ပွဲမှာတော့ ပါဝင်နိုင်ချေ ရှိတယ်လို့ သိရပါတယ်။

စပါးတိုက်စစ်သမား ကိန်းဟာ နွေမှာ လန်ဒန်ကလပ်နေ ထွက်ခွာဖို့ စီစဉ်လာတာကြောင့် သူ့ကို ခေါ်ယူဖို့ မန်ချက်စတာကလပ် နှစ်သင်းလုံးက ကြိုးစားလာနေပါတယ်။

ပရီးမီးယားလိဂ်ရာသီ ရပ်တန့်ရင် လီဗာပူးအသင်း ဒီရာသီ ချန်ပီဖြစ်မှာ မဟုတ်ပေမယ့် အဲ့သည်ကိစ္စတွေကို စိတ်မဝင်စားပဲ ကိုယ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေကိုပဲ အကောင်းဆုံး ယှဉ်ပြိုင်လိုတယ်လို့ တော်မီနေးက ထုတ်ဖော် ပြောဆိုပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အစောပိုင်းကမှ ခေါ်ယူထားခဲ့တဲ့ လူငယ် တောင်ပံ ကစားသမားလေး ဂျိမ်း ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ၊ လစားတိုးပေးကာ စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်လျှက် ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်သူ အိုဝင် ဟားဂရေ့ဗ် က ဘရူနို ဖာနန်ဒက်စ် ဟာ အသင်းဖော် ကွင်းလယ် ကစားသမား တွေ ဖြစ်တဲ့ ဖရက်ဒ် ၊ မာတစ် နဲ့ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် တို့ရဲ့ ခြေစွမ်း တွေကို ပိုကောင်း စေခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ လာမယ့္ ပြဲေတြကစေနျပီး ကြင္းပိတ္ကန္ဖို႔ကို အစီအစဥ္ ျပဳလုပ္လာေနျပီျဖစ္ပါတယ္။ တရားဝင္ အတည္မျပဳေသးေပမယ့္ ပရိသတ္ ဝင္ခြင့္ ေပးျခင္းကို အာဏာပိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္အရ ပိတ္သိမ္းသြားႏုိင္ပါတယ္။

တနဂၤေႏြေန႔က မန္စီးတီးနဲ႔ ယူႏုိက္တက္တို႔ပြဲဟာ nbc ရုပ္သံကေန တိုက္ရိုက္ ထုတ္လႊင့္မႈအရ ျဗိတိန္မွာ လူၾကည့္အမ်ားဆံုး ပရီးမီးယားလိဂ္ပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ျပီး လူေပါင္း ၁.၇၆ သန္း ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။

ေပါ့ဘာဟာ ဒီအပတ္မွာ ကလပ္အသင္းနဲ႔ ေလ့က်င့္ေရး မဆင္းႏုိင္ခဲ့ေပမယ့္ လာမယ့္ အပတ္မွာ ျပန္ဆင္းႏုိင္လိမ့္မယ္လို႔ မန္ေနဂ်ာဆိုးရွားက အတည္ျပဳစကား ေျပာဆိုပါတယ္။

မာရွယ္ဟာ မန္ခ်က္စတာဒါဘီမွာ အေသးစား ဒဏ္ရာေလးေတြ ရွိခဲ့တာျဖစ္ျပီး ယူရိုပါလိဂ္ပြဲမွာ မပါႏုိင္ေပမယ့္ သီတင္းပတ္အကုန္ ပြဲမွာေတာ့ ပါဝင္ႏုိင္ေခ် ရွိတယ္လို႔ သိရပါတယ္။

စပါးတိုက္စစ္သမား ကိန္းဟာ ေႏြမွာ လန္ဒန္ကလပ္ေန ထြက္ခြာဖို႔ စီစဥ္လာတာေၾကာင့္ သူ႔ကို ေခၚယူဖို႔ မန္ခ်က္စတာကလပ္ ႏွစ္သင္းလံုးက ၾကိဳးစားလာေနပါတယ္။

ပရီးမီးယားလိဂ္ရာသီ ရပ္တန္႔ရင္ လီဗာပူးအသင္း ဒီရာသီ ခ်န္ပီျဖစ္မွာ မဟုတ္ေပမယ့္ အဲ့သည္ကိစၥေတြကို စိတ္မဝင္စားပဲ ကိုယ္ ယွဥ္ျပိဳင္ရမယ့္ ပြဲစဥ္ေတြကိုပဲ အေကာင္းဆံုး ယွဥ္ျပိဳင္လိုတယ္လို႔ ေတာ္မီေနးက ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီ အေစာပိုင္းကမွ ေခၚယူထားခဲ့တဲ့ လူငယ္ ေတာင္ပံ ကစားသမားေလး ဂ်ိမ္း ရဲ႕ ေျခစြမ္းကို သေဘာက်တာေၾကာင့္ ၊ လစားတိုးေပးကာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျပင္ဆင္လွ်က္ ရွိေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ကြင္းလယ္ ကစားသမား ေဟာင္း တစ္ဦး ျဖစ္သူ အိုဝင္ ဟားဂေရ႕ဗ္ က ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ အသင္းေဖာ္ ကြင္းလယ္ ကစားသမား ေတြ ျဖစ္တဲ့ ဖရက္ဒ္ ၊ မာတစ္ နဲ႔ တိုက္စစ္ ကစားသမား ျဖစ္သူ အန္သိုနီ မာရွယ္ တို႔ရဲ႕ ေျခစြမ္း ေတြကို ပိုေကာင္း ေစခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားပါတယ္။