ရာသီကုန်မှာ ယူနိုက်တက် ရောက်နိုင်တဲ့ အဆင့်ကို မြင့်မြင့်မားမားထိ ခန့်မှန်းထားတဲ့ ရွိုင်ကိန်း
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက ကလပ်အသင်းက ရာသီကုန်မှာ ထိပ်ဆုံးလေးသင်း ဝင်ခွင့် ရနိုင်မလားဆိုတဲ့ မေးခွန်းတွေကို အကောင်းဆုံး ဖြေဆိုမှုတစ်ခု ပြုလုပ်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဆင့် ၅ နေရာကနေ အထက်က ချယ်ဆီးအသင်းကို ဖိအားပေးနေတာပါ။ ဒါပေမယ့် ကလပ်အသင်း လက်ရှိရနေတဲ့ နိုင်ပွဲတွေ ပြိုင်ဘက်တွေရဲ့ ပွဲစဉ်ဇယားတွေကို ခြုံငုံပြီး ရွိုင်းကိန်က ခန့်မှန်းရာမှာတော့ ရာသီကုန်မှာ ယူနိုက်တက်ဟာ ထိပ်ဆုံး လေးသင်းထဲ ဝင်ရောက်နိုင်မယ်လို့ ဖြစ်ပါတယ်။
ရွိုင်ကိန်းကတော့ နိုင်ပွဲတွေကိုပဲ အာရုံစိုက်ဖို့ ယူနိုက်တက် ကစားသမားတွေကို တိုက်တွန်းလိုက်ပြီး ဒါဆိုရင် အသင်းဟာ ထိပ်ဆုံး ၃ သင်းထိကို ဝင်ရောက်နိုင်မယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။
ရွိုင်ကိန်းကပဲ ” ဒီအသင်းတွေရဲက ထိပ်ဆုံးအဆင့် နေရာတွေနဲ့ ပက်သက်ပြီး ဂရုတစိုက် ဖော်ပြတာတွေကို ခင်ဗျားတို့တွေ မြင်လိုကြမှာပါ။ ဒါပေမယ့် ဒီကစားသမားတွေက မန်ချက်စတာယူနိုက်တက်အတွက် ကစားပေးနေတာ ယူနိုက်တက်အတွက် ကစားပေးနေတယ်ဆိုတာကို သတိရဖို့ လိုပါတယ်။
သူတို့မှာ တာဝန်ယူရတာတွေ ဘောလုံးကို အနိုင်ရဖို့ဆိုတဲ့ ဖိအားတွေ ရှိပါတယ်။ ပွဲစဉ်ဇယားတွေကို ကြည့်မယ်ဆိုရင် သူတို့က အနိုင်ရဖို့ဆိုတာကလွဲလို့ အခြားသော အရာတွေအတွက် တိုက်ခိုက်သင့်တာလည်း မဟုတ်ပါဘူး။
ဖြစ်နိုင်သလောက် နိုင်ပွဲတွေကိုပဲ ဆက်လက် ရယူနိုင်ဖို့ ကြိုစားကြပါ။ အမှတ်ပေးဇယားက သူ့ဘာသာ ဖြစ်သွားပါလိမ့်မယ်။ ငါကတော့ ယူနိုက်တက်ဟာ ချယ်ဆီးတင်မကပဲ လက်စတာကိုပါ ကျော်ဖြတ်သွားဖို့ လုံလောက်တဲ့ အရည်အချင်း ရှိတယ်လို့ ယုံကြည်ထားပါတယ် ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္းၾကီး ရိြဳင္ကိန္းက ကလပ္အသင္းက ရာသီကုန္မွာ ထိပ္ဆံုးေလးသင္း ဝင္ခြင့္ ရႏုိင္မလားဆိုတဲ့ ေမးခြန္းေတြကို အေကာင္းဆံုး ေျဖဆိုမႈတစ္ခု ျပဳလုပ္သြားခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အဆင့္ ၅ ေနရာကေန အထက္က ခ်ယ္ဆီးအသင္းကို ဖိအားေပးေနတာပါ။ ဒါေပမယ့္ ကလပ္အသင္း လက္ရွိရေနတဲ့ ႏုိင္ပြဲေတြ ျပိဳင္ဘက္ေတြရဲ႕ ပြဲစဥ္ဇယားေတြကို ျခံဳငံုျပီး ရိြဳင္းကိန္က ခန္႔မွန္းရာမွာေတာ့ ရာသီကုန္မွာ ယူႏုိက္တက္ဟာ ထိပ္ဆံုး ေလးသင္းထဲ ဝင္ေရာက္ႏုိုင္မယ္လို႔ ျဖစ္ပါတယ္။
ရိြဳင္ကိန္းကေတာ့ ႏုိင္ပြဲေတြကိုပဲ အာရံုစိုက္ဖို႔ ယူႏုိက္တက္ ကစားသမားေတြကို တိုက္တြန္းလိုက္ျပီး ဒါဆိုရင္ အသင္းဟာ ထိပ္ဆံုး ၃ သင္းထိကို ဝင္ေရာက္ႏုိုင္မယ္လို႔ ဆိုလိုက္တာ ျဖစ္ပါတယ္။
ရိြဳင္ကိန္းကပဲ ” ဒီအသင္းေတြရဲက ထိပ္ဆံုးအဆင့္ ေနရာေတြနဲ႔ ပက္သက္ျပီး ဂရုတစိုက္ ေဖာ္ျပတာေတြကို ခင္ဗ်ားတို႔ေတြ ျမင္လိုၾကမွာပါ။ ဒါေပမယ့္ ဒီကစားသမားေတြက မန္ခ်က္စတာယူႏုိက္တက္အတြက္ ကစားေပးေနတာ ယူႏုိက္တက္အတြက္ ကစားေပးေနတယ္ဆိုတာကို သတိရဖို႔ လိုပါတယ္။
သူတို႔မွာ တာဝန္ယူရတာေတြ ေဘာလံုးကို အႏုိင္ရဖို႔ဆိုတဲ့ ဖိအားေတြ ရွိပါတယ္။ ပြဲစဥ္ဇယားေတြကို ၾကည့္မယ္ဆိုရင္ သူတို႔က အႏုိင္ရဖို႔ဆိုတာကလြဲလို႔ အျခားေသာ အရာေတြအတြက္ တိုက္ခိုက္သင့္တာလည္း မဟုတ္ပါဘူး။
ျဖစ္ႏုိင္သေလာက္ ႏုိုင္ပြဲေတြကိုပဲ ဆက္လက္ ရယူႏုိင္ဖို႔ ၾကိဳစားၾကပါ။ အမွတ္ေပးဇယားက သူ႔ဘာသာ ျဖစ္သြားပါလိမ့္မယ္။ ငါကေတာ့ ယူႏုိက္တက္ဟာ ခ်ယ္ဆီးတင္မကပဲ လက္စတာကိုပါ ေက်ာ္ျဖတ္သြားဖို႔ လံုေလာက္တဲ့ အရည္အခ်င္း ရွိတယ္လို႔ ယံုၾကည္ထားပါတယ္ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။