LASK နဲ့ ပွဲ အတွက် သတိပေး ထောက်ပြမှုများ လုပ်ထားတဲ့ ဖာနန်ဒက်စ်

ယူနိုက်တက် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ LASK နဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး အသင်းဖော်များအား ပြိုင်ဘက်ရဲ့ သတိထားစရာ အချက်များအကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။ ဖာနန်ဒက်စ်က ဒီရာသီ အစောပိုင်းမှာ ယခင်ကလပ် စပို့တင်းလစ္စဘွန်းနဲ့ အတူ သြစတြီးယား ကလပ်ကို ရင်ဆိုင်ခဲ့ဖူးပါတယ်။

စပို့တင်းက သြစတြီးယားမြေမှာ ကန်တဲ့ အဝေးကွင်းပွဲမှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ကြာသပတေးနေ့ည ယူရိုပါလိဂ် ပကျော့ ပွဲစဉ်မှာ ယူနိုက်တက် အတူ ပါဝင်ကစားဖို့ ရှိနေပြီး သူ ရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက်အကြောင်း အသင်းဖော်တွေအား အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

” အမှန်အတိုင်း ပြောရရင် မဲခွဲရလဒ်သိရတော့ LASK နဲ့ ကျတယ်ဆိုတာ ဘရူနို အရင်က အဲဒီအသင်းနဲ့ ဆုံဖူးလို့ တော်တော် အကျိုးဖြစ်ပါတယ်။ သူက ဒီပွဲဟာ အလွန်ခက်ခဲနိုင်တယ်လို့ ပြောထားတယ်။ စပို့တင်းက LASK ကို အဝေးကွင်းမှာ ရှုံးခဲ့တယ် အိမ်ကွင်းမှာတော့ ၂-၁ နဲ့ ပြန်နိုင်တာပေါ့။

စပို့တင်း ရှုံးခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ဘရူနို ပါဝင် မကစားခဲ့ပါဘူး။ ဒါပေမယ့် သူက ရင်ဆိုင်ဖူးတဲ့ ပြိုင်ဘက်အကြောင်း ပြောပြတယ်။ ဒီပွဲက ခက်ခဲမယ်လို့လည်း သတိပေးထားပြီး ကစားသမားတွေက ဒါတွေကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေရမှာပါ။ ” လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ဆိုပါတယ်။

စပို့တင်းလစ္စဘွန်းဟာ LASK ကို အဝေးကွင်းမှာ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် ဒီည သွားရောက် ကစားရမယ့် အဝေးကွင်း ပွဲစဉ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်မှု အစီအစဉ်တွေ အရ ကွင်းပိတ် ကစားမှာ ဖြစ်လို့ အိမ်ကွင်းပရိသတ်ရဲ့ ဖိအားကနေတော့ ကင်းလွတ်သွားမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ လင်ဇာကွင်းက ပရိသတ် ၂၁၀၀၀ လောက် လာအားပေးလေ့ ရှိပြီး ဒီပွဲစဉ်မှာ ပရိသတ် မပါတာက သူ့ကစားသမားတွေ အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ ယူနိုက်တက် နည်းပြ ဆိုးရှားက ဆိုခဲ့ပါသေးတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ LASK နဲ႕ ရင္ဆိုင္ရမယ့္ ယူရိုပါလိဂ္ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး အသင္းေဖာ္မ်ားအား ျပိဳ္င္ဘက္ရဲ႕ သတိထားစရာ အခ်က္မ်ားအေၾကာင္း ေျပာဆိုထားတယ္လို႔ သိရပါတယ္။ ဖာနန္ဒက္စ္က ဒီရာသီ အေစာပိုင္းမွာ ယခင္ကလပ္ စပို႔တင္းလစၥဘြန္းနဲ႕ အတူ ၾသစၾတီးယား ကလပ္ကို ရင္ဆိိုင္ခဲ့ဖူးပါတယ္။

စပို႔တင္းက ၾသစၾတီးယားေျမမွာ ကန္တဲ့ အေ၀းကြင္းပြဲမွာေတာ့ ရွံဳးနိမ့္ခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ၾကာသပေတးေန႔ည ယူရိုပါလိဂ္ ပေက်ာ့ ပြဲစဥ္မွာ ယူနိုက္တက္ အတူ ပါ၀င္ကစားဖို႔ ရွိေနျပီး သူ ရင္ဆုိင္ဖူးတဲ့ ျပိဳင္ဘက္အေၾကာင္း အသင္းေဖာ္ေတြအား အသိေပးထားခဲ့တာ ျဖစ္ပါတယ္။

” အမွန္အတိုင္း ေျပာရရင္ မဲခြဲရလဒ္သိရေတာ့ LASK နဲ႕ က်တယ္ဆိုတာ ဘရူနို အရင္က အဲဒီအသင္းနဲ႕ ဆံုဖူးလို႔ ေတာ္ေတာ္ အက်ိဳးျဖစ္ပါတယ္။ သူက ဒီပြဲဟာ အလြန္ခက္ခဲနိုင္တယ္လို႔ ေျပာထားတယ္။ စပို႔တင္းက LASK ကို အေ၀းကြင္းမွာ ရွံဳးခဲ့တယ္ အိမ္ကြင္းမွာေတာ့ ၂-၁ နဲ႕ ျပန္နုိင္တာေပါ့။

စပို႔တင္း ရွံဳးခဲ့တဲ့ အေ၀းကြင္းပြဲစဥ္မွာ ဘရူနို ပါ၀င္ မကစားခဲ့ပါဘူး။ ဒါေပမယ့္ သူက ရင္ဆုိင္ဖူးတဲ့ ျပိဳင္ဘက္အေၾကာင္း ေျပာျပတယ္။ ဒီပြဲက ခက္ခဲမယ္လို႔လည္း သတိေပးထားျပီး ကစားသမားေတြက ဒါေတြကို ရင္ဆိုင္ဖို႔ အသင့္ ျဖစ္ေနရမွာပါ။ ” လုိ႔ ယူနိုက္တက္ နည္းျပ ဆိုးရွားက ဆိုပါတယ္။

စပို႔တင္းလစၥဘြန္းဟာ LASK ကို အေ၀းကြင္းမွာ ၃-၀ နဲ႕ ရွံဳးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ ဒီည သြားေရာက္ ကစားရမယ့္ အေ၀းကြင္း ပြဲစဥ္မွာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္မႈ အစီအစဥ္ေတြ အရ ကြင္းပိတ္ ကစားမွာ ျဖစ္လို႔ အိမ္ကြင္းပရိသတ္ရဲ႕ ဖိအားကေနေတာ့ ကင္းလြတ္သြားမွာ ျဖစ္ပါတယ္။

၄င္းတို႔ရဲ႕ လင္ဇာကြင္းက ပရိသတ္ ၂၁၀၀၀ ေလာက္ လာအားေပးေလ့ ရွိျပီး ဒီပြဲစဥ္မွာ ပရိသတ္ မပါတာက သူ႔ကစားသမားေတြ အေပၚ သက္ေရာက္မႈ ရွိမွာ မဟုတ္ဘူးလို႔ ယူနိုက္တက္ နည္းျပ ဆိုးရွားက ဆိုခဲ့ပါေသးတယ္။