ယူနိုက်တက်ရဲ့ ထိပ်တန်းပစ်မှတ် ဆန်ချိုကိစ္စ လမ်းဖွင့်ပေးလိုက်တဲ့ ဒေါ့မွန်အသင်း စီအီးအို

ဒေါ့မွန်စီအီးအို Hans-Joachim Watzke က နွေမှာ တိုက်စစ်သမား ဆန်ချိုက အသင်းပြောင်းဖို့ ဆန္ဒရှိရင် ခွင့်ပြုသွားမှာဖြစ်ပြီး ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်သွားမှာပါလို့ ထုတ်ဖော် ပြောဆိုမှု လုပ်လာပါတယ်။

သူကပဲ ကလပ်အသင်းဟာ လုံလောက်တဲ့ ငွေကြေးတွေ ရှိထားကာ အသုံးစရိတ်အတွက် ဆန်ချိုကို ရောင်းထုတ်ဖို့ မလိုပေမယ့် ကစားသမားဘက်က အပြောင်းအရွှေ့ စာတင်လာခဲ့ရင်တော့ ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။ ဒေါ့မွန်ဟာ မနက်ကပဲ ပီအက်ဂျီကို အဝေးကွင်းမှာ အရေးနိမ့်ကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Watzke က “ ဂျော်ဒန်က သိပ်သိပ်ကို အရည်အချင်းရှိတဲ့ ကောင်လေးပါ။ လက်ရှိ ဥရောပမှာ ကစားနေတဲ့ အသက် ၂၁ နှစ်အောင် ကစားသမားတွေထဲမှာတော့ အရည်အချင်း အရှိဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

ကျနော်ရဲ့ အမြင်မှာတော့ သူက ကမ္ဘာပေါ်က အကောင်းဆုံး ကစားသမား နှစ်ဦး (သို့) သုံးဦး စာရင်းထဲကို ဝင်ရောက်လာမယ့်သူ ဖြစ်ပါတယ်။ တစ်ရက်မှာ သူက ကျနေ်ာတို့ကို အသင်းကနေ ထွက်ခွာလိုတယ်လို့ ပြောလာခဲ့မယ်ဆိုရင် ကျနေ်ာတို့ကလည်း ဆွေးနွေး စကားပြောပေးသွားမှာပါ ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်တယ်။

ညာတောင်ပံတိုက်စစ်မှာ ကစားသမားကောင်းတစ်ဦးကို ခေါ်ယူလိုတဲ့ ယူနိုက်တက်ဟာ ဆန်ချိုကို အဓိက ပစ်မှတ်အဖြစ် ချိန်ရွယ်ထားတာက သိသာတဲ့ သတင်းလည်း ဖြစ်နေခဲ့ပါပြီ။ အသက် ၁၉ နှစ်အရွယ် တိုက်စစ်သမားကို ပရီးမီးယားလိဂ်ကလပ် သုံးသင်းဖြစ်တဲ့ လီဗာပူး၊ ချယ်ဆီး၊ ယူနိုက်တက်တို့က စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူဖို့အတွက် ၂၀၁၆ ခုနှစ်က ပေါ့ဘာအတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးထက် ပိုပေးရမယ်လို့ သိထားရပြီး တိုက်စစ်သမားဟာ ဒီရာသီမှာ ကိုယ်တိုင် ၁၄ ဂိုး သွင်းယူကာ ဂိုးထောက်ပံ့မှု ၁၆ ကြိမ် ပြုလုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI

ေဒါ့မြန္စီအီးအို Hans-Joachim Watzke က ေႏြမွာ တိုက္စစ္သမား ဆန္ခ်ိဳက အသင္းေျပာင္းဖို႔ ဆႏၵရွိရင္ ခြင့္ျပဳသြားမွာျဖစ္ျပီး ေဆြးေႏြးမႈေတြကိုလည္း လုပ္ေဆာင္သြားမွာပါလို႔ ထုတ္ေဖာ္ ေျပာဆိုမႈ လုပ္လာပါတယ္။

သူကပဲ ကလပ္အသင္းဟာ လံုေလာက္တဲ့ ေငြေၾကးေတြ ရွိထားကာ အသံုးစရိတ္အတြက္ ဆန္ခ်ိဳကို ေရာင္းထုတ္ဖို႔ မလိုေပမယ့္ ကစားသမားဘက္က အေျပာင္းအေရႊ႔ စာတင္လာခဲ့ရင္ေတာ့ ေရာင္းထုတ္သြားမွာ ျဖစ္ပါတယ္။ ေဒါ့မြန္ဟာ မနက္ကပဲ ပီအက္ဂ်ီကို အေဝးကြင္းမွာ အေရးနိမ့္ကာ ခ်န္ပီယံလိဂ္ကေန ထြက္ခြာခဲ့ရျပီ ျဖစ္ပါတယ္။

Watzke က “ ေဂ်ာ္ဒန္က သိပ္သိပ္ကို အရည္အခ်င္းရွိတဲ့ ေကာင္ေလးပါ။ လက္ရွိ ဥေရာပမွာ ကစားေနတဲ့ အသက္ ၂၁ ႏွစ္ေအာင္ ကစားသမားေတြထဲမွာေတာ့ အရည္အခ်င္း အရွိဆံုး ကစားသမားလည္း ျဖစ္ပါတယ္။

က်ေနာ္ရဲ႕ အျမင္မွာေတာ့ သူက ကမၻာေပၚက အေကာင္းဆံုး ကစားသမား ႏွစ္ဦး (သို႔) သံုးဦး စာရင္းထဲကို ဝင္ေရာက္လာမယ့္သူ ျဖစ္ပါတယ္။ တစ္ရက္မွာ သူက က်ေန္ာတို႔ကို အသင္းကေန ထြက္ခြာလိုတယ္လို႔ ေျပာလာခဲ့မယ္ဆိုရင္ က်ေန္ာတို႔ကလည္း ေဆြးေႏြး စကားေျပာေပးသြားမွာပါ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္တယ္။

ညာေတာင္ပံတိုက္စစ္မွာ ကစားသမားေကာင္းတစ္ဦးကို ေခၚယူလိုတဲ့ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို အဓိက ပစ္မွတ္အျဖစ္ ခ်ိန္ရြယ္ထားတာက သိသာတဲ့ သတင္းလည္း ျဖစ္ေနခဲ့ပါျပီ။ အသက္ ၁၉ ႏွစ္အရြယ္ တိုက္စစ္သမားကို ပရီးမီးယားလိဂ္ကလပ္ သံုးသင္းျဖစ္တဲ့ လီဗာပူး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္တို႔က စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။

ယူႏုိက္တက္က ဆန္ခ်ိဳကို ေခၚယူဖို႔အတြက္ ၂၀၁၆ ခုႏွစ္က ေပါ့ဘာအတြက္ ေပးရတဲ့ ေျပာင္းေရႊ႔ေၾကးထက္ ပိုေပးရမယ္လို႔ သိထားရျပီး တိုက္စစ္သမားဟာ ဒီရာသီမွာ ကိုယ္တိုင္ ၁၄ ဂိုး သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၁၆ ၾကိမ္ ျပဳလုပ္ထားႏုိင္တာ ျဖစ္ပါတယ္။