ပြိုင်ပွဲကြီးတွေ ရပ်နားနိုင်ခြင်း၊ ဆန်ချို၊ တော်မီနေး၊ ပရီးမီးယားလိဂ်မှာ ကူးစက်မှု သံသယနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲအဖြစ် LASK နဲ့ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်ကို အဝေးကွင်းလက်မှတ် ဝယ်ယူထားသူတွေကို ပေါင် ၃၅၀ ပြန်အမ်းပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ် တစ်သင်းမှာ ကိုရိုနာရှိသူ သုံးဦးထိရှိနေတယ်ဆိုတဲ့ သံသယကြောင့် ကလပ်အသင်းတွေအားလုံး ဆေးစစ်မှု ခံယူသွားရဖို့ ရှိနေပါတယ်။
ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ရပ်နားဖို့ ကိစ္စအကြောင်း အစည်းအဝေး ခေါ်ယူနေခဲ့ပါပြီ ဒါ့အပြင် ရာသီကုန်မှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း ရပ်နားသွားနိုင်ဖို့ပါတယ်။
မက် တော်မီးနေး က အသင်းဖော် ကွင်းလယ် ကစားသမား သစ် ဘရူနို ဖာနန်ဒက်စ် ဟာ အနိုင် ရလိုစိတ် အပြည့် နဲ့ မွေးဖွား ကြီးပြင်း လာသူ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးရင်း ပုံစံကောင်း တွေကို ပြန်လည် ပြသ လာနိုင် ခဲ့တဲ့ နီမန်ဂျာ မာတစ် ကိုလည်း ကြိုဆို ကြောင်း ထုတ်ဖော် ပြောကြား သွားပါတယ်။
ရှက်ဖီးယူနိုက်တက် နည်းပြ ခရစ်ဝိုက်ဒါက ၎င်းတို့အသင်းဟာ အငှားခေါ်ထားတဲ့ ယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန်ကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်း အတည်ပြု ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားက လူထုကျန်းမာရေးဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ အဆုံးသတ်လိုက်ရတာထက် ပို အရေးပါကြောင်း ပြောကြားလိုက်ပါတယ်။
ဒေါ့မွန်အသင်း စီအီးအိုက တိုက်စစ်သမား ဆန်ချိုက အသင်းကနေ ထွက်ခွာခွင့် တောင်းလာခဲ့ပါက တရားဝင် ဆွေးနွေးမှုတွေ လုပ်ခွင့်ပေးဖို့ တံခါးဖွင့်သွားမှာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။
ZAWGYI
ယူႏုိက္တက္ဟာ ယူရိုပါလိဂ္ပြဲအျဖစ္ LASK နဲ႔ ယွဥ္ျပိဳင္ကစားမယ့္ ပြဲစဥ္ကို အေဝးကြင္းလက္မွတ္ ဝယ္ယူထားသူေတြကို ေပါင္ ၃၅၀ ျပန္အမ္းေပးသြားမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ကလပ္ တစ္သင္းမွာ ကိုရိုနာရွိသူ သံုးဦးထိရွိေနတယ္ဆိုတဲ့ သံသယေၾကာင့္ ကလပ္အသင္းေတြအားလံုး ေဆးစစ္မႈ ခံယူသြားရဖို႔ ရွိေနပါတယ္။
ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္ ျပိဳင္ပြဲေတြကို ရပ္နားဖို႔ ကိစၥအေၾကာင္း အစည္းအေဝး ေခၚယူေနခဲ့ပါျပီ ဒါ့အျပင္ ရာသီကုန္မွာ က်င္းပမယ့္ ယူရို ၂၀၂၀ ျပိဳင္ပြဲကိုလည္း ရပ္နားသြားႏုိင္ဖို႔ပါတယ္။
မက္ ေတာ္မီးေနး က အသင္းေဖာ္ ကြင္းလယ္ ကစားသမား သစ္ ဘ႐ူႏို ဖာနန္ဒက္စ္ ဟာ အႏိုင္ ရလိုစိတ္ အျပည့္ နဲ႔ ေမြးဖြား ႀကီးျပင္း လာသူ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ခ်ီးက်ဴးရင္း ပုံစံေကာင္း ေတြကို ျပန္လည္ ျပသ လာႏိုင္ ခဲ့တဲ့ နီမန္ဂ်ာ မာတစ္ ကိုလည္း ႀကိဳဆို ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားပါတယ္။
ရွက္ဖီးယူနိုက္တက္ နည္းျပ ခရစ္၀ိုက္ဒါက ၄င္းတို႔အသင္းဟာ အငွားေခၚထားတဲ့ ယူနုိက္တက္ ဂိုးသမား ဒင္းဟန္ဒါဆန္ကို ဆက္လက္ ထိန္းသိမ္းသြားလိုေၾကာင္း အတည္ျပဳ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။
ကိုရိုနာဗိုင္းရပ္စ္ ျခိမ္းေျခာက္မႈ ျမင့္တက္လာတာေၾကာင့္ ယူနိုက္တက္ နည္းျပ ဆိုးရွားက လူထုက်န္းမာေရးဟာ ပရီးမီးယားလိဂ္ ျပိဳင္ပြဲ အဆံုးသတ္လိုက္ရတာထက္ ပို အေရးပါေၾကာင္း ေျပာၾကားလိုက္ပါတယ္။
ေဒါ့မြန္အသင္း စီအီးအိုက တိုက္စစ္သမား ဆန္ခ်ိဳက အသင္းကေန ထြက္ခြာခြင့္ ေတာင္းလာခဲ့ပါက တရားဝင္ ေဆြးေႏြးမႈေတြ လုပ္ခြင့္ေပးဖို႔ တံခါးဖြင့္သြားမွာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုပါတယ္။