တစ်ရုံးလုံးကို အသစ်ထွက် အိုင်းဖုန်း 16 Pro ၁ လုံးစီ လက်ဆောင်ပေးတဲ့ ကုမ္ပဏီ

တရုတ်မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Mediastorm ဟာ ရုံးမှာ ရှိသမျှ ဝန်ထမ်းတွေအကုန်ကို နောက်ဆုံးပေါ် iPhone 16 Pro တစ်လုံးစီ ဝယ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။

Mediastorm မှာ အမြဲတမ်းနဲ့ အလုပ်သင်ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိထားရပြီး အဆိုပါ ဝန်ထမ်းအားလုံးကို အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် တန်ကြေးရှိတဲ့ iPhone 16 Pro တစ်လုံးစီ ပေးသွားမှာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ CEO က သူ့ဝန်ထမ်းတွေကို iPhone သစ်တွေ ဝယ်ပေးမယ့်အကြောင်း လူမှုကွန်ယက်ကနေပါ ထုတ်ဖော် ရေးသားခဲ့တာပါ။

သူ့ရဲ့စာထဲမှာတော့ ” ရုံးက လူတိုင်းကို iPhone 16 Pro တစ်လုံးစီ ပေးပါမယ်။ ဝန်ထမ်းအသစ်ကော အလုပ်သင်ကော ဘယ်သူမဆိုပါ။ ကုမ္ပဏီမှာ ရှိနေတဲ့သူတိုင်း တစ်ယောက်တစ်လုံးစီ ရမှာပါ။ ” လို့ ရေးထားပါတယ်။

Mediastorm ရဲ့ စီအီးအိုဟာ ယခင်နှစ်နှစ်ဆက်တိုက်မှာလည်း အသစ်ထွက်ရှိတဲ့ အိုင်းဖုန်းတွေကို ဝန်ထမ်းတွေအတွက် လက်ဆောင်ပေးခဲ့ဖူးပါတယ်။ သူဟာ ဝန်ထမ်းတွေကို ဖုန်းလက်ဆောက်ပေးဖို့ ဒေါ်လာ ၁ သိန်း (မြန်မာငွေ သိန်း ၅၀၀၀ ကျော်) အသုံးပြုသွားမှာဖြစ်ပါတယ်။