ယူရိုပါလိဂ် ၅ ဂိုးပြတ် နိုင်ပွဲနဲ့ ကိုရိုနာပြဿနာ နောက်ဆက်တွဲ ယူနိုက်တက် နံနက်ခင်းသတင်းများ

မနက်က ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်က အစ်ဟာလို၊ ဒန်နီရယ်ဂျိမ်း၊ မာတာ၊ ဂရင်းဝုဒ်နဲ့ ပါရဲရားတို့က သွင်းဂိုးတွေ ရယူခဲ့ပြီး ၅-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဘိုင်လီဟာ ဒဏ်ရာက ပြန်သက်သာလာပြီးနောက်မှာ ၅ ပွဲကစားပြီး ၅ ပွဲလုံးကို အနိုင်ရထားကာ clean sheet ၅ ကြိမ် ရထားပါတယ်။

ဒန်နီယယ် ဂျိမ်းစ်က ဂိုးပေါက် ပြန်လည် ရှာဖွေ တွေ့ရှိ နိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် စိတ် သက်သာရာ ရရှိ ခဲ့ကြောင်း နဲ့ ဂိုးသွင်း နိုင်ရေး အတွက် ပထမပိုင်း အပြီး မှာ နည်းပြ ဆိုးလ်ရှား က သူ့ကို အကြံဉာဏ် တွေ ပေးဆောင် ခဲ့ကြောင်း ဝန်ခံ စကား ပြောဆိုပါတယ်။

ယူနိုက်တက်ပရိသတ်တွေက ဘရူနိုအတွက် သီချင်းတစ်ပုဒ် ရေးစပ် သီဆိုပေးခဲ့ပြီး အဆိုပါ သီချင်းကို ဘရူနို ကိုယ်တိုင်က သဘောကျ သီဆိုနေခဲ့ပါတယ်။

မန်စီးတီးကစားသမား မန်ဒီရဲ့ မိသားစုဝင် တစ်ဦးဟာ ကိုရိုနာ ကူးစက်ခံထားရလို့ နေအိမ်မှာ စောင့်ကြည့်ခံရမယ်လို့ သတင်းထွက်လာပါတယ်။ မန်ဒီကိုယ်တိုင်ဟာ မန်ချက်စတာဒါဘီအဖြစ် ယှဉ်ပြိုင်တဲ့ပွဲမှာ အိုထရတ်ဖိုဒ့်မှာ ရှိနေခဲ့တာပါ။

ဒီအပတ် ယှဉ်ပြိုင်ကစားမယ့် ပွဲတွေ အားလုံးကို ရပ်နားဖို့ ပရီးမီးယားလိဂ်က စီစဉ်နေပါတယ်။ ချယ်ဆီး၊ အာဆင်နယ်နဲ့ လက်စတာ အသင်းတွေမှာ ကိုရိုနာဖြစ်ပွားမှု လက္ခဏာတွေ စတင်တွေ့ရှိနေရပါပြီ။

ပေါ့ဘာဟာ ယူနိုက်တက်မှာ စာချုပ်အားဖြင့် နှစ်နှစ် ကျန်ရှိနေပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်နေသေးတာကြောင့် သူ့ကို လာမယ့်ရာသီမှာ အိုထရတ်ဖိုဒ့်မှာပဲ ဆက်ရှိနေတာမျိုး မျှော်လင့်ထားနိုင်တယ်လို့ မန်နေဂျာဆိုးရှားက အတည်ပြုပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ယူရိုပါလိဂ္ပြဲမွာ ယူႏုိက္တက္က အစ္ဟာလို၊ ဒန္နီရယ္ဂ်ိမ္း၊ မာတာ၊ ဂရင္းဝုဒ္နဲ႔ ပါရဲရားတို႔က သြင္းဂိုးေတြ ရယူခဲ့ျပီး ၅-၀ ဆိုတဲ့ ရလဒ္နဲ႔ အႏုိင္ရခဲ့ပါတယ္။

ဘိုင္လီဟာ ဒဏ္ရာက ျပန္သက္သာလာျပီးေနာက္မွာ ၅ ပြဲကစားျပီး ၅ ပြဲလံုးကို အႏုိင္ရထားကာ clean sheet ၅ ၾကိမ္ ရထားပါတယ္။

ဒန္နီယယ္ ဂ်ိမ္းစ္က ဂိုးေပါက္ ျပန္လည္ ရွာေဖြ ေတြ႕ရွိ ႏိုင္ခဲ့ၿပီ ျဖစ္တဲ့ အတြက္ စိတ္ သက္သာရာ ရရွိ ခဲ့ေၾကာင္း နဲ႔ ဂိုးသြင္း ႏိုင္ေရး အတြက္ ပထမပိုင္း အၿပီး မွာ နည္းျပ ဆိုးလ္ရွား က သူ႔ကို အႀကံဉာဏ္ ေတြ ေပးေဆာင္ ခဲ့ေၾကာင္း ဝန္ခံ စကား ေျပာဆိုပါတယ္။

ယူႏုိက္တက္ပရိသတ္ေတြက ဘရူႏိုအတြက္ သီခ်င္းတစ္ပုဒ္ ေရးစပ္ သီဆိုေပးခဲ့ျပီး အဆိုပါ သီခ်င္းကို ဘရူႏို ကိုယ္တုိင္က သေဘာက် သီဆိုေနခဲ့ပါတယ္။

မန္စီးတီးကစားသမား မန္ဒီရဲ႕ မိသားစုဝင္ တစ္ဦးဟာ ကိုရိုနာ ကူးစက္ခံထားရလို႔ ေနအိမ္မွာ ေစာင့္ၾကည့္ခံရမယ္လို႔ သတင္းထြက္လာပါတယ္။ မန္ဒီကိုယ္တုိင္ဟာ မန္ခ်က္စတာဒါဘီအျဖစ္ ယွဥ္ျပိဳင္တဲ့ပြဲမွာ အိုထရတ္ဖိုဒ့္မွာ ရွိေနခဲ့တာပါ။

ဒီအပတ္ ယွဥ္ျပိဳင္ကစားမယ့္ ပြဲေတြ အားလံုးကို ရပ္နားဖို႔ ပရီးမီးယားလိဂ္က စီစဥ္ေနပါတယ္။ ခ်ယ္ဆီး၊ အာဆင္နယ္နဲ႔ လက္စတာ အသင္းေတြမွာ ကိုရိုနာျဖစ္ပြားမႈ လကၡဏာေတြ စတင္ေတြ႔ရွိေနရပါျပီ။

ေပါ့ဘာဟာ ယူႏုိက္တက္မွာ စာခ်ဳပ္အားျဖင့္ ႏွစ္ႏွစ္ က်န္ရွိေနျပီး ေနာက္ထပ္ တစ္ႏွစ္ သက္တမ္းတိုးခြင့္လည္း ပါဝင္ေနေသးတာေၾကာင့္ သူ႔ကို လာမယ့္ရာသီမွာ အိုထရတ္ဖိုဒ့္မွာပဲ ဆက္ရွိေနတာမ်ိဳး ေမွ်ာ္လင့္ထားႏုိင္တယ္လို႔ မန္ေနဂ်ာဆိုးရွားက အတည္ျပဳပါတယ္။