တဘဝလုံး စောင့်ခဲ့ရတဲ့ အိပ်မက်အတွက် ပေါက်ကွဲပြနေသူ အစ်ဟာလိုနဲ့ ပက်သက်ပြီး ဆိုးရှားရဲ့ အစီအစဉ်
အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်တဲ့ LASK နဲ့ ယူရိုပါလိဂ်ပွဲမှာ ယူနိုက်တက်တိုက်စစ်ကို ဝါရင့်တိုက်စစ်သမား အစ်ဟာလိုက ဦးဆောင်ခဲ့တာဖြစ်ပြီး သူဟာ အဖွင့်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။
တိုက်စစ်သမားဟာ ကိုယ်တိုင် ဂိုးသွင်းနိုင်ခဲ့သလို အသင်းဖော် ဒန်နီရယ်ဂျိမ်း ဂိုးရယူဖို့လည်း ဖန်တီးပေးနိုင်ခဲ့တယ်။ အစ်ဟာလိုက ပွဲစဉ်ရဲ့ အကောင်းဆုံး တိုက်စစ်သမား ဖြစ်ခဲ့သလို သူဟာ ယူနိုက်တက်အတွက် ၃ ပွဲ ပွဲထွက်ပေးရာမှာ ၄ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး အပြီးသတ် ခေါ်ယူမှုအတွက်ပါ စဉ်းစားစရာ ဖြစ်လာစေခဲ့ပါပြီ။
ဆိုးရှားကပဲ “ အစ်ဟာလိုက အသင်းကို ရောက်လာပြီးကတည်းက သူ့ဘာသာ ကျေနပ် ပျော်ရွှင်နေပြီး တကယ်ကို ကောင်းကောင်း လုပ်ထားသူပါ။ သူက ပိုပြီး တိုးတက်လာသလို ပိုပြီးလည်း ကောင်းလာနေတယ်။ သူ့ထံကနေ ကျနေ်ာတို့ မြင်ထားရတဲ့ အရည်အချင်းတွေအရ လာမယ့်ရာသီမှာလည်း သူ့ကို ဆက်လက်ပြီး လိုအပ်နေပါတယ်။ ဒီတော့ ဘာတွေ လုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်ပါ ” လို့ ဆိုခဲ့တယ်။
တရုတ်ကလပ်ကနေ ယူနိုက်တက်ကို ပြောင်းခွင့်ရချိန်မှာ ငယ်ဘဝအိပ်မက်အတွက် လုပ်ခလစာကိုတောင် လျော့ယူခဲ့ပေမယ့် အစ်ဟာလိုက သိပ်ပြီး အထင်ကြီးခံရသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကလပ်အသင်းအတွက် သူပြသနေတဲ့ ခြေစွမ်းတွေအရ လာမယ့်ရာသီအတွက် အပြီးသတ် ခေါ်ယူသင့်နေပြီဆိုတဲ့ မှတ်ချက်တွေကိုယ်တောင် ရလာနေခဲ့ပြီဖြစ်တယ်။
ဆိုးရှားဟာ ယူနိုက်တက်ရဲ့ ယာယီ နည်းပြ ဘဝမှာ ၁၁ ပွဲဆက် ရှုံးပွဲ မရှိ ဆိုတဲ့ ရလဒ်ကို အကောင်းဆုံး ရလဒ် တစ်ခုအဖြစ် ပိုင်ဆိုင် ထားခဲ့ဖူးပြီး အခုး အဆိုပါ မှတ်တမ်းကောင်းကို လိုက်မီခဲ့ပြီ ဖြစ်ပါတယ်။
ZAWGYI
အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္တဲ့ LASK နဲ႔ ယူရိုပါလိဂ္ပြဲမွာ ယူႏုိက္တက္တိုက္စစ္ကို ဝါရင့္တိုက္စစ္သမား အစ္ဟာလိုက ဦးေဆာင္ခဲ့တာျဖစ္ျပီး သူဟာ အဖြင့္ဂိုးကိုလည္း သြင္းယူေပးႏုိင္ခဲ့ပါတယ္။
တိုက္စစ္သမားဟာ ကိုယ္တိုင္ ဂိုးသြင္းႏုိင္ခ့ဲသလို အသင္းေဖာ္ ဒန္နီရယ္ဂ်ိမ္း ဂိုးရယူဖို႔လည္း ဖန္တီးေပးႏုိင္ခဲ့တယ္။ အစ္ဟာလိုက ပြဲစဥ္ရဲ႕ အေကာင္းဆံုး တိုက္စစ္သမား ျဖစ္ခဲ့သလို သူဟာ ယူႏုိက္တက္အတြက္ ၃ ပြဲ ပြဲထြက္ေပးရာမွာ ၄ ဂိုးထိ သြင္းယူႏုိင္ခဲ့ျပီး အျပီးသတ္ ေခၚယူမႈအတြက္ပါ စဥ္းစားစရာ ျဖစ္လာေစခဲ့ပါျပီ။
ဆိုးရွားကပဲ “ အစ္ဟာလိုက အသင္းကို ေရာက္လာျပီးကတည္းက သူ႔ဘာသာ ေက်နပ္ ေပ်ာ္ရႊင္ေနျပီး တကယ္ကို ေကာင္းေကာင္း လုပ္ထားသူပါ။ သူက ပိုျပီး တိုးတက္လာသလို ပိုျပီးလည္း ေကာင္းလာေနတယ္။ သူ႔ထံကေန က်ေန္ာတုိ႔ ျမင္ထားရတဲ့ အရည္အခ်င္းေတြအရ လာမယ့္ရာသီမွာလည္း သူ႔ကို ဆက္လက္ျပီး လိုအပ္ေနပါတယ္။ ဒီေတာ့ ဘာေတြ လုပ္ႏုိင္မလဲဆိုတာ ၾကည့္ရေအာင္ပါ ” လို႔ ဆိုခဲ့တယ္။
တရုတ္ကလပ္ကေန ယူႏုိက္တက္ကို ေျပာင္းခြင့္ရခ်ိန္မွာ ငယ္ဘဝအိပ္မက္အတြက္ လုပ္ခလစာကိုေတာင္ ေလ်ာ့ယူခဲ့ေပမယ့္ အစ္ဟာလိုက သိပ္ျပီး အထင္ၾကီးခံရသူေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကလပ္အသင္းအတြက္ သူျပသေနတဲ့ ေျခစြမ္းေတြအရ လာမယ့္ရာသီအတြက္ အျပီးသတ္ ေခၚယူသင့္ေနျပီဆိုတဲ့ မွတ္ခ်က္ေတြကိုယ္ေတာင္ ရလာေနခဲ့ျပီျဖစ္တယ္။
ဆိုးရွားဟာ ယူႏိုက္တက္ရဲ႕ ယာယီ နည္းျပ ဘဝမွာ ၁၁ ပြဲဆက္ ရႈံးပြဲ မရွိ ဆိုတဲ့ ရလဒ္ကို အေကာင္းဆုံး ရလဒ္ တစ္ခုအျဖစ္ ပိုင္ဆိုင္ ထားခဲ့ဖူးျပီး အခုး အဆိုပါ မွတ္တမ္းေကာင္းကို လိုက္မီခဲ့ၿပီ ျဖစ္ပါတယ္။