မေဆန်ဂရင်းဝုဒ် မှတ်တမ်းကောင်း၊ ပရီးမီးယားလိဂ်နဲ့ ကိုရိုနာ ဂယက် အပါအဝင် ယူနိုက်တက် ညနေခင်းသတင်းများ
ပရီးမီးယားလိဂ် အပါအဝင် အင်္ဂလန်က အေဖ်အေဖလားပွဲ၊ အမှတ်ပေးလိဂ်ပြိုင်ပွဲ အားလုံးကို ဧပြီ ၃ ရက်နေ့ထိ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေငြာချက် ထွက်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ လာမယ့် ဆန်းဒေး ကန်မယ့် စပါးအသင်းနဲ့ ပွဲစဉ် ပျက်သွားခဲ့ပါပြီ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြင်းထန်လာတဲ့ အနေအထားတွေကြောင့် ယူနိုက်တက် တိုက်စစ်မှူး အစ်ဟာလိုက ဒီနေ့ အသင်းထရိန်နင် လာရောက်ရာမှာ Mask ဝတ်ဆင်လာခဲ့တာ တွေ့ရပါတယ်။
ယနေ့ ပြုလုပ်တဲ့ ပရီးမီးယားလိဂ် အရေးပေါ် အစည်းအဝေးမှာ လက်ရှိ ဘောလုံးရာသီကို ပယ်ဖျက်လိုတဲ့ ကလပ်အသင်း အချို့ ရှိခဲ့ပေမယ့် မဲ အနည်းအများအရ ရွှေ့ဆိုင်းဖို့သာ အတည်ပြုဖြစ်ခဲ့တာပါ။
ပရီးမီးယားလိဂ်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိသူ၊ သံသယရှိသူများ ရှိတာကြောင့် သီးခြား ခွဲနေထိုင် စောင့်ကြည့်မှုတွေ ပြုလုပ်နေရတဲ့ အသင်းပေါင် ၇ သင်းထိ ရှိသွားပြီ ဖြစ်ပါတယ်။ ထိုအသင်းတွေကတော့ အာဆင်နယ်၊ ချယ်ဆီး၊ မန်စီးတီး၊ အဲဗာတန်၊ ဘုန်းမောက်၊ လက်စတာ၊ ဝက်ဖို့ဒ် အသင်းတို့ ဖြစ်ပါတယ်။
ယူနိုက်တက်က LASK ကို ပထမအကျော့ အဝေးကွင်းမှာ ဂိုးပြတ် နိုင်ပွဲ ရခဲ့ပြီး ဒုတိယအကျော့နဲ့ နောက်တစ်ဆင့်တက်ဖို့ အလားအလာ ကောင်းတွေ ရှိနေပေမယ့် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် နောက်တစ်ပတ်ပွဲစဉ်များ အရင် ရွှေ့ဆိုင်းထားကာ အခြေအနေ စောင့်ကြည့်နေပါတယ်။
LASK နဲ့ ပွဲမှာ ဂိုးသွင်းခဲ့တဲ့ မေဆန်ဂရင်းဝုဒ်က ဒီရာသီမှာ ယူနိုက်တက် အတွက် ဥရောပ သွင်းဂိုး ၅ ဂိုး ရှိသွားပြီ ဖြစ်ပြီး ထိုသို့ တစ်ရာသီတည်း ဥရောပဂိုး ၅ဂိုးထိ သွင်းနိုင်တဲ့ ပထမဆုံး ယူနိုက်တက် ဆယ်ကျော်သက် ကစားသမားလည်း ဖြစ်လာပါတယ်။
Zawgyi – ပရီးမီးယားလိဂ္ အပါအ၀င္ အဂၤလန္က ေအဖ္ေအဖလားပြဲ၊ အမွတ္ေပးလိဂ္ျပိဳင္ပြဲ အားလံုးကို ဧျပီ ၃ ရက္ေန႔ထိ ရပ္နားလိုက္ျပီ ျဖစ္ေၾကာင္း အတည္ျပဳ ေၾကျငာခ်က္ ထြက္သြားျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယူနိုက္တက္ရဲ႕ လာမယ့္ ဆန္းေဒး ကန္မယ့္ စပါးအသင္းနဲ႕ ပြဲစဥ္ ပ်က္သြားခဲ့ပါျပီ။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျပင္းထန္လာတဲ့ အေနအထားေတြေၾကာင့္ ယူနုိက္တက္ တိုက္စစ္မွဴး အစ္ဟာလိုက ဒီေန႔ အသင္းထရိန္နင္ လာေရာက္ရာမွာ Mask ၀တ္ဆင္လာခဲ့တာ ေတြ႔ရပါတယ္။
ယေန႔ ျပဳလုပ္တဲ့ ပရီးမီးယားလိဂ္ အေရးေပၚ အစည္းအေ၀းမွာ လက္ရွိ ေဘာလံုးရာသီကို ပယ္ဖ်က္လိုတဲ့ ကလပ္အသင္း အခ်ိဳ႕ ရွိခဲ့ေပမယ့္ မဲ အနည္းအမ်ားအရ ေရႊ႕ဆိုင္းဖို႔သာ အတည္ျပဳျဖစ္ခဲ့တာပါ။
ပရီးမီးယားလိဂ္မွာ ကိုရိုနာဗိုင္းရပ္စ္ ရွိသူ၊ သံသယရွိသူမ်ား ရွိတာေၾကာင့္ သီးျခား ခြဲေနထိုင္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနရတဲ့ အသင္းေပါင္ ၇ သင္းထိ ရွိသြားျပီ ျဖစ္ပါတယ္။ ထိုအသင္းေတြကေတာ့ အာဆင္နယ္၊ ခ်ယ္ဆီး၊ မန္စီးတီး၊ အဲဗာတန္၊ ဘုန္းေမာက္၊ လက္စတာ၊ ၀က္ဖို႔ဒ္ အသင္းတို႔ ျဖစ္ပါတယ္။
ယူနိုက္တက္က LASK ကို ပထမအေက်ာ့ အေ၀းကြင္းမွာ ဂိုးျပတ္ နုိင္ပြဲ ရခဲ့ျပီး ဒုတိယအေက်ာ့နဲ႕ ေနာက္တစ္ဆင့္တက္ဖို႔ အလားအလာ ေကာင္းေတြ ရွိေနေပမယ့္ ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ ေနာက္တစ္ပတ္ပြဲစဥ္မ်ား အရင္ ေရႊ႕ဆိုင္းထားကာ အေျခအေန ေစာင့္ၾကည့္ေနပါတယ္။
LASK နဲ႕ ပြဲမွာ ဂိုးသြင္းခဲ့တဲ့ ေမဆန္ဂရင္း၀ုဒ္က ဒီရာသီမွာ ယူနိုက္တက္ အတြက္ ဥေရာပ သြင္းဂိုး ၅ ဂိုး ရွိသြားျပီ ျဖစ္ျပီး ထိုသို႔ တစ္ရာသီတည္း ဥေရာပဂိုး ၅ဂိုးထိ သြင္းနိုင္တဲ့ ပထမဆံုး ယူနုိက္တက္ ဆယ္ေက်ာ္သက္ ကစားသမားလည္း ျဖစ္လာပါတယ္။