ဝါကျွတ်ရင်တောင် အိမ်ခြံမြေဈေးကွက် အလုပ်ဖြစ်ဖွယ် မရှိ
ယခုလတွင်ဖြစ်ပွါးခဲ့သည့် ရေဘေးကြောင့်မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ သိရသည်။
ရေကြီးရေလျှံမှုမဖြစ်ပွားခင်အထိ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုအခြေအနေတွင် ရပ်တန့်နေကြောင်း သိရသည်။
” အရင်တုန်းကတော့အရောင်းအဝယ်လေးတွေဖြစ်တယ်။ မဆိုးဘူးပေါ့။ သိန်း (၁၀၀၀) အောက်တွေ အရောင်းအဝယ်ဖြစ်တာများတယ်။ အကြီးတန်းတွေက အရောင်းအဝယ်ဖြစ်တာနည်းတယ်။
ဝါကျွတ်ကာလမှာ အရောင်းအဝယ်သွက်မယ်လို့ မှန်းထားတာ။ အခုတော့ ရေဘေးကြောင့် မျှော်လင့်ချက်က တစ်ဝက်လောက်မရှိတော့ဘူး ” ဟု မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) မှ ဥက္ကဋ္ဌ ဒေါ်မိုးမိုးအောင်က ပြောသည်။
ထို့ပြင် ရန်ကုန်တွင်လည်း သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ဒဂုံလေးမြို့နယ်အစရှိသည့် မြို့သစ်ရပ်ကွက်များတွင် အရောင်းအဝယ်ပိုဖြစ်၍ စက်မှုဇုန်ဘက်တွင်မူ ရင်းနှီးမြှုပ်နှံသူနည်းပါး၍ အရောင်းအဝယ်ပါးကြောင်း သိရသည်။