ဂျာမနီမှာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရထား စတင်ပြေးဆွဲပါပြီ
September 29, 2024 | No Comments

Elon Musk ရဲ့ Tesla ကုမ္ပဏီက သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေတဲ့ လျှပ်စစ် ရထားသယ်ယူပို့ဆောင်ရေးကို ဂျာမနီမှာ ပြုလုပ်ပေးလိုက်ပါတယ်။
ကမ္ဘာ့ ပထမဆုံး “Giga Train” လျှပ်စစ် ရထားကို Erkner ဘူတာရုံကနေ Tesla ရဲ့ Berlin Gigafactory ကို ပြေးဆွဲပေးမှာ ဖြစ်ပြီး ခရီးသည် ၅၀၀ ကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
အဓိက အနေနဲ့ အဆိုင်း ၃ ဆိုင်း အလုပ်ဆင်းရတဲ့ Tesla ဝန်ထမ်း ၄,၅၀၀ ကို သယ်ယူပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။
Tesla ဝန်ထမ်းတွေအပြင် အများပြည်သူအတွက် အခမဲ့ သယ်ယူပို့ဆောင်ပေးမှာ ဖြစ်ပြီး ရထားမှာ လူ ၁၂၀ အတွက် ထိုင်ခုံနဲ့ စက်ဘီးအတွက် နေရာတွေ ထည့်သွင်းထားပါတယ်။
Tesla က လျှပ်စစ်ရထားကြောင့် နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု တန် ၅၀ သက်သာမယ်လို့ ခန့်မှန်းထားပါတယ်။ ကုမ္ပဏီက လျှပ်စစ်ရထားကို တစ်ကမ္ဘာလုံးမှာ တည်ထောင်ပေးဖို့ ရည်ရွယ်ထားပါတယ်။