ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံးပြိုင်ပွဲများ ရပ်နားတဲ့အပေါ် တုန့်ပြန်စကားဆိုခဲ့ကြတဲ့ ဝုဒ်ဝပ်နဲ့ ဆိုးရှား

မန်ချက်စတာယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် ရပ်နားလိုက်ပြီ ဖြစ်တဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ပွဲများ မကစားရတော့ဘဲ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအခြေအနေအပေါ် ယူနိုက်တက် အကြီးအကဲ အက် ဝုဒ်ဝပ်နဲ့ နည်းပြ ဆိုးရှားတို့က ငြိမ်သက်နေမှုကို ရပ်တန့်လိုက်ပြီ ဖြစ်ကာ မှတ်ချက်စကားများ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ပြိုင်ပွဲတွေ နားထားတာကြောင့် ယူနိုက်တက်ရဲ့ စပါး၊ နောဝစ်ချ်၊ LASK နဲ့ ပွဲအားလုံး ရွှေ့ဆိုင်းလိုက်ရာပြီ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ ဥရောပ ဘောလုံး အဖွဲ့အစည်း တာဝန်ရှိသူတွေက ကိုရိုနာ ကူးစက်မှုကို ရပ်တန့်တားဆီးနိုင်အောင် အခုလို ဘောလုံးပြိုင်ပွဲများ သီတင်းပတ် အနည်းငယ် ရပ်နားချင်းနဲ့ စတင် ကာကွယ်လိုက်တာပါ။

ပရီးမီးယား ကစားသမား အချို့က ဗိုင်းရပ်စ်ရှိကြောင်း တွေ့ထားသလို ဖျားနာနေမှုတွေ ရှိပြီး တချို့လည်း သီးခြား ခွဲနေထိုင်ရမှုတွေ ရှိပါတယ်။ မနေ့ကတော့ ယူနိုက်တက် ထရိန်နင်ကို အစ်ဟာလိုနဲ့ တော်မီနေးတို့ Mask ကိုယ်စီ ဝတ်ဆင်ကာလာရောက်ခဲ့သေးတာ တွေ့ရပါတယ်။

ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝပ်နဲ့ နည်းပြ ဆိုးရှားက အင်္ဂလန်နဲ့ ဥရောပပြိုင်ပွဲများ ရပ်နားလိုက်တဲ့အပေါ် ၎င်းတို့ အမြင်နဲ့ မှတ်ချက်များ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ဘောလုံးရာသီ ရပ်တန့်သွားတာကတော့ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို လျှော့ချဖို့က ပိုကြီးတဲ့ ကိစ္စ ဖြစ်တယ်။ ဒါကို လက်ခံရမှာပေါ့။” လို့ ဝုဒ်ဝပ်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ” ဒီရာသီ အခုချိန်ထိ ပရိသတ်တွေရဲ့ လှိုက်လှဲစွာ အားပေးခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေကို အမြန်ဆုံးနဲ့ အလုံခြုံဆုံး ပြန်ကြိုဆိုနိုင်ဖို့ ကျနော်တို့လည်း မျှော်လင့်နေပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပြိုင်ပွဲတွေ မရပ်နားခင် ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိဘဲ ပုံစံကောင်း ရရှိထားပြီး နောက်ဆုံး ကစားခဲ့တဲ့ LASK နဲ့ ယူရိုပါလိဂ် ပွဲမှာ အဝေးကွင်းမှာတင် ၅-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ ကိုရိုနာဗိုင္းရပ္စ္ ရိုက္ခတ္မႈေၾကာင့္ ရပ္နားလိုက္ျပီ ျဖစ္တဲ့ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႕ ယူရိုပါလိဂ္ပြဲမ်ား မကစားရေတာ့ဘဲ ရိွသြားျပီ ျဖစ္ပါတယ္။ ဒီအေျခအေနအေပၚ ယူနိုက္တက္ အၾကီးအကဲ အက္ ၀ုဒ္၀ပ္နဲ႕ နည္းျပ ဆိုးရွားတို႔က ျငိမ္သက္ေနမႈကို ရပ္တန္႔လိုက္ျပီ ျဖစ္ကာ မွတ္ခ်က္စကားမ်ား ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

ျပိဳင္ပြဲေတြ နားထားတာေၾကာင့္ ယူနိုက္တက္ရဲ႕ စပါး၊ ေနာ၀စ္ခ်္၊ LASK နဲ႕ ပြဲအားလံုး ေရႊ႕ဆိုင္းလုိက္ရာျပီ ျဖစ္ပါတယ္။ အဂၤလန္နဲ႕ ဥေရာပ ေဘာလံုး အဖြဲ႕အစည္း တာ၀န္ရွိသူေတြက ကိုရိုနာ ကူးစက္မႈကို ရပ္တန္႔တားဆီးနုိင္ေအာင္ အခုလို ေဘာလံုးျပိဳင္ပြဲမ်ား သီတင္းပတ္ အနည္းငယ္ ရပ္နားခ်င္းနဲ႕ စတင္ ကာကြယ္လိုက္တာပါ။

ပရီးမီးယား ကစားသမား အခ်ိဳ႕က ဗိုင္းရပ္္စ္ရွိေၾကာင္း ေတြ႔ထားသလို ဖ်ားနာေနမႈေတြ ရွိျပီး တခ်ိဳ႕လည္း သီးျခား ခြဲေနထိုင္ရမႈေတြ ရွိပါတယ္။ မေန႔ကေတာ့ ယူနိုက္တက္ ထရိန္နင္ကို အစ္ဟာလိုနဲ႕ ေတာ္မီေနးတို႔ Mask ကုိယ္စီ ၀တ္ဆင္ကာလာေရာက္ခဲ့ေသးတာ ေတြ႔ရပါတယ္။

ယူနိုက္တက္ အၾကီးအကဲ အက္၀ုဒ္၀ပ္နဲ႕ နည္းျပ ဆိုးရွားက အဂၤလန္နဲ႕ ဥေရာပျပိဳင္ပြဲမ်ား ရပ္နားလိုက္တဲ့အေပၚ ၄င္းတို႔ အျမင္နဲ႕ မွတ္ခ်က္မ်ား ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” ေဘာလံုးရာသီ ရပ္တန္႔သြားတာကေတာ့ စိတ္ပ်က္စရာပါ။ ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ေလွ်ာ့ခ်ဖို႔က ပိုၾကီးတဲ့ ကိစၥ ျဖစ္တယ္။ ဒါကို လက္ခံရမွာေပါ့။” လို႔ ၀ုဒ္၀ပ္က ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆုိးရွားကေတာ့ ” ဒီရာသီ အခုခ်ိန္ထိ ပရိသတ္ေတြရဲ႕ လိႈက္လွဲစြာ အားေပးခဲ့မႈအေပၚ ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။ အိုးထရက္ဖို႔ဒ္မွာ ပရိသတ္ေတြကို အျမန္ဆံုးနဲ႕ အလံုျခံဳဆံုး ျပန္ၾကိဳဆိုနိုင္ဖို႔ က်ေနာ္တုိ႔လည္း ေမွ်ာ္လင့္ေနပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ဟာ ျပိဳင္ပြဲေတြ မရပ္နားခင္ ျပိဳင္ပြဲစံု ၁၁ ပြဲ ဆက္ ရွံဳးပြဲ မရွိဘဲ ပံုစံေကာင္း ရရွိထားျပီး ေနာက္ဆံုး ကစားခဲ့တဲ့ LASK နဲ႕ ယူရိုပါလိဂ္ ပြဲမွာ အေ၀းကြင္းမွာတင္ ၅-၀ နဲ႕ ဂိုးျပတ္ အနုိင္ရရွိသြားပါတယ္။