ကိုရိုနာ ဗိုင်းရပ် ပြန့်ပွားနေမှုနဲ့ ပက်သက်ပြီး စီ ရိုနယ်ဒိုရဲ့ အသိပေးစကား
ပေါ်တူဂီ တိုက်စစ်မှုးကြီး ခရစ္စတီယာနို ရိုနယ်ဒို ကတော့ ပေါ်တူဂီက မာဒီရာ ကျွန်းမှာ ရှိတဲ့ သူ့ရဲ့ နေအိမ် ကနေ အပြင် ထွက်ခွင့် မရတော့ပဲ ကိုရိုနာ စောင့်ကြည့်လူနာအဖြစ် ကျန်းမာရေးဆိုင်ရာ ဂရုစိုက်မှုတွေကို ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်။
ရိုနယ်ဒိုရဲ့ အသင်းဖော် ဒန်နီရယ် ရူဂါနီမှာ ကိုရိုနာ ဗိုင်းရပ်စ် လက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် ဂျူဗင်တပ် အသင်းသားတွေကို သေချာ စောင့်ကြည့်ကြ တော့မှာ ဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ ပက်သက်ပြီး ရော်နယ်ဒိုက သတိပေး တိုက်တွန်းမှု ပြုလုပ်သွားပါတယ်။
ရိုနယ်ဒိုကပဲ “ ကျနေ်ာတို့ အားလုံးထံကနေ အထူး ဂရုစိုက်မှုနဲ့ တောင်းဆိုမှုများခြင်းတွေကို ရင်ဆိုင်နေရပြီး ကမ္ဘာကြီးအတွက်လည်း ခက်ခဲတဲ့ အချိန်ကာလတစ်ခုကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီကနေ့မှာ ဒီစကားကို ဘောလုံးသမားတစ်ယောက် အဖြစ်နဲ့ မဟုတ်ပဲ ကမ္ဘာကြီးကို သက်ရောက်လာနိုင်တဲ့ ကိစ္စအတွက် သားတစ်ဦး၊ ဖခင်တစ်ဦး၊ လူသားတစ်ဦးအနေဖြင့် စကားပြောနေတာပါ။
ကမ္ဘာကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း WHO ရဲ့ အကြံပေးချက်တွေအတိုင်း လိုက်နာဆောင်ရွယ်ဖို့က အရေးကြီးပါတယ်။ ဒီအခြေအနေတွေကို အစိုးရပိုင်းတွေက ဘယ်လို ကာကွယ်စောင့်ရှောက်မှုတွေ လုပ်နေသလဲဆိုတာကို လိုက်နာရပါမယ်။ အခြားသော ကိစ္စတွေထက် လူသားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။
ဗိုင်းရပ်နဲ့ ပက်သက်ပြီး ကြိုးစား တိုက်ခိုက်နေရသူတွေ၊ ရူဂါနီလို ကျနော်ရဲ့ အသင်းဖော်နဲ့ ရင်းနှီးတဲ့သူတွေကို ဆုံးရံှူးရမယ့် အနေအထားကို ရင်ဆိုင်နေရသူတွေကို အားပေးစကားတွေ ပြောလိုပါတယ်။ ကိုယ်အသက်အန္တရာယ် ရှိနေတယ်ဆိုတာကို သိပါလျက်နဲ့ အသက်တွေကို လောင်းကြေးထပ်ပြီး ကူညီ ကယ်တင်ကြဖို့ ကြိုးစားနေတဲ့ အံ့အားသင့်လောက်တဲ့ ပရော်ဖက်ရှင်နယ် ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကိုလည်း အားပေး ထောက်ခံနေပါကြောင်းကို ပြောလိုပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI