ကလေး ၂၀ ကျော် သေဆုံးခဲ့တဲ့ ထိုင်းဘက်စ်ကား မီးလောင်မှု ဘာကြောင့်ဖြစ်ခဲ့လဲ အကြောင်းရင်း ထွက်ပေါ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကိုအဝင် ပထုံသာနီခရိုင်ထဲမှာ လေ့လာရေးခရီးထွက်တဲ့ကျောင်းကားတစ်စီး မီးလောင်ခဲ့တာကြောင့် ကလေးငယ် ၂၀ ဦးထက်မနည်း သေဆုံးတယ်လို့ ထိုင်းသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

ခူခေါ့ရဲစခန်းအပိုင် ဇီယာ ရန်စစ် စျေးဝယ်စင်တာအရှေ့မှာ ဒီနေ့မွန်းလွဲပိုင်းမှာ ကျောင်းကား မီးလောင်ခဲ့တာဖြစ်ပြီး လက်ရှိချိန်ထိ အသက်မဲ့နေတဲ့ ကလေးတွေရဲ့ ရုပ်ခန္ဓာပေါင်း ၂၀ ကျော်ပြင် ဆရာ ဆရာမ အလောင်း ၃ ခုကိုပါ တွေ့ထားပါပြီ။

အဲဒီဘတ်စ်ကားဟာ အူထိုင်သာနီခရိုင်ကနေ ခရီးထွက်လာတာဖြစ်ပြီး ကားပေါ်မှာ ဆရာနဲ့ ကျောင်းသား ၄၄ ဦး လိုက်ပါလာတယ်လို့ သိရပါတယ်။

အဲဒီဘတ်စ်ကားဟာ ဘန်ကောက်မြို့ထဲက လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့ကို လေ့လာရေးခရီးထွက်လာချိန်မှာ အခုဖြစ်ရပ်ကြုံရတာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ အပြောအရ ကားရှေ့တာယာ ကွဲထွက်သွားရာကနေ ဘန်ကောက်မြို့မြောက်ဘက် အဝေးပြေးလမ်းမကြီးကို ပိုင်းခြားထားသော ကွန်ကရစ်အတားအဆီးကို တိုက်မိပြီး မီးလောင် ပေါက်ကွဲခဲ့တာလို့ သိရတယ်။

ဗီဒီယိုမှာတော့ ကားတစ်စီးလုံး မီးတောက်လောင်မှုတွေကြားက အမဲရောင် မီးခိုးလုံးတွေဟာ ကောင်ကင်ထိ ထိုးထွက်လာခဲ့တာကို မြင်ကြရပါတယ်။ ဘက်စ်ကားဟာ သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်တာဖြစ်တာက မီးလောင်မှု အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တယ်လို့ ထိုင်းရဲအဖွဲ့က ဆိုပါတယ်။

ဒီဖြစ်ရပ်ကို CCTV တွေက တစ်ဆင့် စုံစမ်းမှု စတင်နေပြီဖြစ်ကာ ကားဒါရိုင်ဘာ လက်တလော ရှောင်တမ်းနေပေမယ့် မကြာခင် ခြေရာခံမိမယ်လို့ ထိုင်းရဲအဖွဲ့က ယုံကြည်နေပါတယ်။